Ep ( 6 ) 💛

450 46 4
                                    

" ဒီအတိုင်းဘဲ ရပ်​​နေ​တော့မလို့လား "

Jung kook ရဲ့ အ​ပြော​ကြောင့်​ စိတ်​နဲ့ကိုယ်​နဲ့ကင်းကွာ​နေသလိုဖြစ်​ရာမှ ​ဘေးပတ်​ဝန်းကျင်​ဆီကိုအကြည့်​​ရောက်​မိ​သည်​။

လူက နဂိုထဲကမှ သူ့​ကြောင့်​ ​ကြောင်​​တောင်​​တောင်​ဖြစ်​ချင်​​နေတာ။ အခုသတိထားမိ​လို့ကြည့်လိုက်​​တော့မှ အမ​လေး​လေးးး အိမ်​​ရှေ့​တောင်​​ရောက်​​နေပါ​ကောလားးး ။

" ဘာလဲ ကိုယ်​အရင်​ဝင်​ရမှာလား "

" ကျစ်..​​"

စိတ်​ပျက်​တယ်​။ တစ်​ကယ်​ကို စိတ်​ပျက်​တယ်​ ။
ပြော​နေတဲ့ ပုံကိုက မုန်းချင်​စရာကြီး ။
အိမ်​ကို သူ့​ယောက္ခမအိမ်​များမှတ်​​နေလားမသိဘူး အဲ​​လေယောင်​လို့... သူ့ကြီး​တော်​လင်​အိမ်​များမှတ်​​နေလားမသိဘူး ပိုင်​စိုးပိုင်​နင်းနဲ့ ။

" မား​ရေ သားပြန်​​ရောက်​ပီ "

အိမ်​ထဲဝင်​လိုက်​တာနဲ့ မီးဖိုးခန်းဆီသို့သာ တန်းဝင်​လာလိုက်​သည်​။

ထုံးစံအတိုင်း ​မီးဖို​ပေါ်ဟင်းအိုးတစ်​လုံးနဲ့အလုပ်​ရှုပ်​​နေတဲ့ Mom ..။

" မား​ရေ..လို့ "

" ​ပြော Tae Tae..မား ဒီမှာအလုပ်​ရှုပ်​​နေတာ မမြင်​ဘူးလား? ကပ်​ချွဲမ​နေစမ်းနဲ့  "

" အဟမ်း "

အ​ရှေ့ကသားအမိ ၂ ​ယောက်​​ပြော​နေဆို​နေတာကို မ​နှောက်​ယှက်​ချင်​​သော်​ငြားလည်း ကိုယ်​လဲရှိ​နေတယ်​မှန်းသိ​အောင်​ ​ချောင်းဟန့်​လိုက်​မိသည်​။

" အယ်​...ဧည့်​သည်​လဲ ပါလာတာကိုး "

Tae အ​မေက အံသြသလိုလှည့်​ကြည့်​၍​ပြောသ​လောက် ​ဟိုဂြိုလ်​သား​ကောင်း​လေးက​တော့ အိမ်​ရှင်​နဲ့​တောင်​မတူ ကိုယ့်​မသိသလို ဘာသိဘာသာ​နေ​နေ​လေရဲ့ ။

Hak~ ဟုတ်​​တော့လဲ ဟုတ်​တာဖဲ အိမ်​ရှင်​ဖြစ်​သူက လိုလိုလားလား အလည်​​ခေါ်လို့​ရောက်​လာခဲ့တာမှ မဟုတ်​ဖဲရယ်​ ။

" ဧည့်​သည့်​ပါလာတာကို ဧည့်​မခံဘဲ ဘာလုပ်​​နေတာလဲ Tae Tae "

I was Wrong Where stories live. Discover now