Ep ( 11 )

568 37 1
                                    

Ting 🔔

( Baby ​Tae ​လေး​ရေ .. ကိုယ်အိမ်​​ရောက်​​နေပီ​နော်​ .. ​အောက်​ကိုဆင်းလာပါ​တော့လို့ .. မွချင်​​နေဘီ သိလား 😉😘 )

ဟွန့်​ .. နှာဘူးကြီး ..

မ​နေ့က ​ကျောင်းမှာလူကြားသူကြားထဲ အတင်း​တွေ ဒူး​ထောက်​ပြီး ငိုပြမတက်​​တောင်းပန်​လွန်းလို့ စိတ်​ဆိုး​ပြေထားတာ။ ဒါ​တောင်..​တစ်​ရက်​ဖဲ ရှိ​သေးတယ်​ ဇာတ်​လမ်းက စလာဘီ ..
မွချင်​​နေဘီ​လေး ဘာ​လေးနဲ့ 😒
လူကိုလစ်​ရင်​လစ်​သလို ဇိုးခနဲ ဇက်​ခနဲ နမ်းတာက ဘယ်​နှစ်​ခါမှန်း​မသိ ..
မလစ်​ဘဲ တမင်​တစ်​ကာ ​နမ်းတာ​တွေကရှိ​သေး..။
ဒါ​တောင်​ အ​ဖြေက​ပေးရ​သေးတာလဲမဟုတ်​..။
အ​ဖြေသာပြန်​​ပေးလိုက်​လို့က​တော့ငါ​လေး ဘဝမ​တွေးရဲစရာ..အနဲဆုံး​တော့ ဘက်​လဘိုင်​​​လိုက်​​လောက်​ဒယ်​ 😷
မဖြစ်​ဘူး ... မဖြစ်​ဘူး ...
ခုထဲက တည်​တည်​တံ့တံ့ပြန်​​နေမှ ​တော်​ကာကျမှာ။

စားပွဲ​​ပေါ်တင်ထားသည့်စာအုပ်​အချို့ကို ​​လွယ်​အိတ်​ထဲကောက်​ထည့်​ပြီး ​ခပ်မြန်မြန်​​​ဘဲအောက်​ထပ်​ဆင်းလာလိုက်​​တော့ ဧည့်​ခန်းထဲ မိန့်​မိန့်​ကြီးထိုင်​​နေတဲ့ ဟိုလဒရယ်​~
အိမ်​ကိုသူ့အိမ်​များထင်​​နေလားမသိ .. ဝင်​ချင်​တိုင်းဝင်​ ထွက်​ချင်​တိုင်းထွက်​​နဲ့ ။
မား ဆိုသည်​မှာလဲ jung kook ကို kookie မှန်းသိသွားကထဲက အိမ်​မ​ခေါ်ထားရုံတမယ်​ ​နေ့တိုင်းကိုလာ​ခိုင်း​​နေတော့တာ။
အဲ့ လဒက သူ့သား​လေးကို ဘယ်​​လောက်​​တောင်​အသား​တွေယူ​နေလဲမသိဘဲနဲ့ ။
ခက်​တယ်​ ခက်​တယ်​။

လှေကားက​နေ တဒုန်းဒုန်းဆင်းလာတဲ့အသံ​ကြောင့်​ ထိုင်​​နေရာမှထကာ လှည့်​ကြည့်​လိုက်​​တော့...​စော​စောစီးစီးနှုတ်​ခမ်းတစ်​​တောင်​​လောက်​စူထားတဲ့ ကျ​တော့်​ Tae ​လေး။

" ဘာ​ကြောင်​ကြည့်​​နေတာလဲ Jung kook .. ငါသွား​တော့မယ်​ .. မလိုက်​ချင်​လဲ​နေခဲ့ "

ဟောဗျာ..ခန​လေး​ငေးခနဲဖြစ်​သွားတာကို ​ကောက်​သွားပြန်​ဘီ ..

" Tae .. ခဏ​နေပါအူး .. ဘယ်​လိုဖြစ်​လို့ အဲ့​လောက်​​လော​နေတာလဲ.. "

I was Wrong Where stories live. Discover now