" Hyung ကျတော်တို့စကားပြောကျရအောင် "
မျက်နှာမကြည့်မိအောင် ထိန်းထားသည့်ကြားမှ မြင်ဖြစ်အောင်မြင်လိုက်ရတဲ့ ကလေးရဲ့မျက်နှာညိုးညိုးလေး ..။
ပိန်သွားလိုက်တာ ကလေးရယ်..။
အရင်လို ဖောင်းဖောင်းအိအိပါးလေးတွေက မျက်နှာပြင်ပေါ်မရှိတော့သလို ~
ပြည့်ပြည့်လုံးလုံး ခန္ဓာကိုယ်မှာလဲ အတော်ပင် ပိန်ကျသွားသည်..။ပြုံးရယ်လိုက်တိုင်း ပျောက်သွားတတ်တဲ့ မျက်လုံးလေး အောက်မှာ ..
အခုတော့ ညိုညိုလေး ..။
အရင် .. ချယ်ရီသီးရောင် နှုတ်ခမ်းဖူးဖူးမှာလဲ ဖျော့လျော့နေရုံသာမက....မျက်နှာတစ်ခုလုံးပါ သွေးမရှိတဲ့အလား ဖြူစုတ်နေသည်..။
ဟင် .. ကလေး နေမကောင်းဘူးလား ..။
" Hyung..ဘာလို့ ကျတော့်ကိုရှောင်နေတာလဲ ဟင် .. ကျ..တော် ဘာအမှားလုပ်မိလို့လဲ "
မျက်ရည်အဝဲသားနဲ့ ကလေးက ကျတော့်ကိုကြည့်ကာမေးသည်..။
တစ်ချက်မျက်တောင် ခတ်လိုက်တာမို့ မျက်ရည်စက ပေါက်ခနဲ ကလေးရဲ့ မျက်ဝန်းအိမ်ကတဆင့် ပါးပြင်ပေါ်ကို လိမ့်ဆင်းသွားတာမြင်တော့ ကျတော့်ရင်ထဲ ဆစ်ခနဲ ..။
မငိုပါနဲ့ ကလေးရယ် ..။
မင်းမျက်ရည်စတွေမြင်ရတိုင်း ကိုယ့်ရင်ကိုမီးစနဲ့ထိုးနေသလို .. နာကျင်ရလွန်းလို့ပါ ..။ငိုနေဆဲ ကလေးရဲ့ ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ခပ်တင်းတင်းလေးဖက်ထားလိုက်တော့ မငြင်းဆန်ဖဲ အလိုက်သင့်လေးပါလာသည်။
ကိုယ်တောင်းပန်ပါတယ် ..
ကိုယ် ကလေး အပေါ် အရမ်း ပစ်ထားခဲ့မိဘီ ..ရင်ခွင်ထဲမှာ တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ ကလေးရဲ့ကိုယ်လေးကို အသာဆွဲထုတ်ပြီး
နဖူးပေါ် ငြင်သာစွာအနမ်းတစ်ပွင့်ပေးလိုက်တော့ ချက်ချင်းဆိုသလို တွန်းဖယ်ပြီး ..
![](https://img.wattpad.com/cover/151544604-288-k411565.jpg)