ပြာလွင်လွင်ကောင်းကင်အောက်မှာ အဖြူရောင်ပုဝါစ ပြန်ခင်းထားသည့်အလား လှပလွန်းသည့်ကမ်းခြေတစ်ခု ~~~ရေလှိုင်းဖွေးဖွေးများက ကမ်းခြေသို့ သူထက်ငါအလုအယက်ပြေးလာသည့်နှယ် တစ်လှည့်စီ ရောက်လာလိုက် ပြန်ဆုတ်ခွာသွားလိုက်နဲ့ မမောနိုင်မပန်းနိုင်ဆော့ကစားနေကျသည့်အလား ~~~
ကမ်းစပ်ဘေးရှိ ကျောက်စောင်များကို စနောက်နေသည့်အလား တဝုန်းဝုန်းရိုက်ခတ်ကာ လာရောက်ကြည်စယ်နေသည့် လှိုင်းလုံးများကြောင့်လဲ ထိုကမ်းခြေက ပို၍လှနေသည်ဟုပင်ပြောလို့ ရလောက်သည်...။
ငွေရောင်ဖွေးဖွေး သဲသောင်ပြင်ပေါ် အရိပ်တစ်ခု ~~
တရွေ့ရွေ့လျှောက်လှမ်းသွားရင်း မြင့်မားလှသောကျောက်စောင်တစ်ခုပေါ်အရောက် ရပ်တန့်သွားတော့ သိချင်စိတ်နှင့် လိုက်ကာကြည့်မိသည်..။
ဆောင်းတွင်းမို့လို့ လေအေးများက ပို၍တိုက်ခတ်ကာ မြူများအုံ့ဆိုင်းနေသည်မှာ ခြေဆယ်လှမ်းအကွာအဝေးလောက်အထိသာမြင်ရသည်..။
ကျောက်စောင်နားနီးလာလေ စောနက မပီမပြင်ဖြစ်နေသည့်အရိပ်က တဖြည်းဖြည်းနဲ့မှ သဲကွဲလာဟန် ~~
ခြေဖျားနားအထိရှည်ကျနေသည့် ဂါဝန်စအဖြူရောင်ကိုဝတ်ဆင်ထားသည့် အသက် ၃၅နှစ်ခန့်အမျိုးသမီးတစ်ဦး..။
အညိုရောင်မကျတကျ ဆံနွယ်များက ပြေလျော့ကာ ပုခုံးနား အထိဝဲကာကျနေသည်...။
ခပ်ကြမ်းကြမ်းလေတစ်ချက်အတိုက် ရှုပ်ထွေးသွားသော ဆံနွယ်များအား သပ်တင်ကာ တဖြည်းဖြည်းအနောက်သို့လှည့်လာရင်း ပြုံးပြသည်..။
သူမအပြုံးသည် လုံးဝနှစ်လိုဖွယ်အတိ ..။
ထို့နောက် .. ကျတော်ရှိရာဆီသို့ လက်ယက်ကာလှမ်းခေါ်နေသည်..။ခေါင်းကိုတွင်တွင်ခါရင်းငြင်းဆန်လိုက်တော့ စောနကနှင့်မတူဖဲ ထိုအမျိုးသမီး၏မျက်လုံးအိမ်တွင် မျက်ရည်စများခိုတွယ်လာရင်း မျက်ရည်မိုးများပြိုကျလာတော့သည်..။