1

20.5K 1K 37
                                    

" Taehyung မင်းဒီလိုပဲ​နေ​တော့မှာလား "

Jimin က စာကြည့်​တိုက်​ကစားပွဲ​ပေါ်မှာ
ခေါင်း​မှောက်​ရင်း ပျင်းတိပျင်းတွဲပုံစံဖြင့်​​မေး​နေသည်

" ငါကဒီလိုမ​နေလို့ ဘယ်​လို​နေရမှာလဲ "

သူ​ပြောချင်​တဲ့ အဓိပ္ပါယ်​ကို သိ​သော်​လဲ
အမြဲဒီစကားပဲ​ပြော​နေ​တော့
စိတ်​​ပေါက်​​ပေါက်​နဲ့ မသိချင်​​ယောင်​​ဆောင်​ပြီး
ပြန်​​ဖြေလိုက်​သည်

" မဟုတ်​ဘူး​လေ မင်းအခုလို ဖွင့်မ​ပြောဘဲ ​နေ​နေတာကို​ပြော​နေတာ "

Jimin ​​ကြောင့်​ ကျွန်​​တော်​ သက်​ပြင်းချလိုက်​ကာ

" ​ဖြစ်​မှမဖြစ်​နိုင်​တာ..... ငါ့ရုပ်​ကို မိန်းကေ​လး​တွေ​တောင်​မကြိုက်​တာ ပြီး​တော့ သူက​ယောကျာ်​​လေး ​လေ "

" အဲ့တာနဲ့ အခုလိုမျိုးတစ်​သက်​လုံး အ​ဝေးကပဲ​နေ​တော့မယ်​​ပေါ့ "

" အင်း​ပေါ့ ဒါပဲရှိတာပဲ "

Jimin က​တော့ မ​ပြော​တော့ဘူး ဆိုတဲ့
မျက်​နှာထားလုပ်​ပြပြီး ​ခေါင်း​မှောက်​ပြီးအိပ်​​နေသည်

ကျွန်​​တော်​လဲ အကြည့်​များကို
နှလုံးသားရဲ့ရှင်​သခင်​ဆီကိုပြန်​ပို့လိုက်​သည်

သူ......
စာအုပ်​စင်​ကိုမှီရင်းစာဖတ်​​နေသည်
နေ​ရောင်​​လေးကသူ့အ​ပေါ်ကိုပဲကွက်​ပြီး ထိုး​နေသလား​အောင်​​မေ့ရတယ်
ပြတင်း​ပေါက်​ဖွင့်​ထားတာ​ကြောင့်​ သူ့ဆံပင်​ အနက်​​ရောင်​​လေးဟာ
လွှင့်​​နေပုံ​လေး အရမ်းကို ဆွဲ​ဆောင်​မှုရှိတယ်
နှုတ်​ခမ်းပါး​လေးက စာအုပ်​ထဲကစာ​တွေကိုလိုက်​ဖတ်​​နေပုံရသည်
ပါးစပ်​​လေးကလှုပ်​တုပ်​လှုပ်​တုပ်​နဲ့ အသည်းယားဖို့​ကောင်းတယ်

" Jungkook!!!! "

ခေါ်သံ​ကြောင့်​ အ​တွေးစပြတ်​ပြီး
ယောင်​ရမ်းကာ စာအုပ်​တစ်​အုပ်​ကိုကိုင်​ကာ
မျက်​နှာကိုအုပ်​လိုက်​ပြီး မျက်​လုံး​လေးပဲ​ဖော်​ကာ ​ချောင်းကြည့်​လိုက်​သည်

ကောင်​​မ​လေး တစ်​​ယောက်​ ချစ်​စရာလေး
သူနဲ့အရမ်းလိုက်​ဖက်​လွန်းတယ်​ ​နေနဲ့မြ ​​ရွှေနဲ့လ လိုပဲ
သူများ​တွေ​ပြောကြ​တာ​တော့ နှစ်​​ယောက်​ကတွဲ​နေကြပြီတဲ့

Believe in Love (Completed)Where stories live. Discover now