Extra❤

6.6K 634 26
                                    

Zawgyi version

အင်း......​ပြောရမယ်​ဆိုရင်​ ကျွန်​​တော်​နဲ့ Jungkook နဲ့
လက်​ထပ်​ပြီးလို့ ကျွန်​​တော်​ အိမ်​​ထောင်​သည်​ဖြစ်​သွားတာ
၁ လပြည့်​ခဲ့ပြီ

အိမ်​​ထောင်​သည်​ဖြစ်​တာနဲ့ ကျွန်​​တော်​လဲ
ဂိမ်းသမားလုံးလုံးဖြစ်​သွား​တော့တာပဲ

ဟုတ်​​တယ်​​လေ Jungkook က သူပဲပိုက်​ဆံရှာမယ်
Tae ကအိမ်​မှာပဲ​နေ ကိုယ့်​ကိုချစ်​​​ပေးရတဲ့အလုပ်​ပဲလုပ်​ဆို​တော့လဲ
ကျွန်​​တော်​က အိမ်​မှာအမြဲတစ်​​ယောက်​တည်း

အဲ့တာ​ကြောင့်​ Jimin က ဂိမ်း​ဆော့ကြည့်​ပါလားဆိုပြီး​ပြောလို့
ဆော့ကြည့်​လိုက်​တာ ဂိမ်းများရဲ့ဘုရင်​ Kim Taehyung
ဆိုပြီး ဖြစ်သွားတာ​ပေါ့

အခု...ဂိမ်းလဲမ​ဆော့ချင်​​တော့ဘူး
ဘာလို့လဲဆို​တော့ ၆ နာရီထိုးပြီ​လေ
၆ နာရီဆို Jungkook ကကုမ္ပဏီက​နေပြန်​လာတဲ့အချိန်​ဆို​တော့
အဲ့အချိန်​ဆို Jungkook အိမ်​ပြန်​မ​ရောက်​မချင်း
ထိုင်​လို့မရထလို့မရ ချက်​ချင်းကြီး Jungkook ကိုလွမ်းလာတာ

" Tae ​ရေ.....ကိုယ်​​ရောက်​ပြီ "

" Jungkook....... "

ဒါကလဲအလုပ်​တစ်​ခု
Jungkook ရဲ့ ကိုယ်​​ရောက်​ပြီဆိုတဲ့စကားကြားတာနဲ့
အိပ်​ခန်းထဲက​နေ အိမ်​​ရှေ့ထိ မာ​ရေသွန်​ ပြိုင်​ပွဲဝင်​သလို
ပြေးသွားပြီး Jungkook ကို ​ဖက်​ကာ ပါးကိုနမ်းရတာအ​မော

" Jungkook ရယ်​ လွမ်းလိုက်​တာ "

" ကိုယ်​လဲ လွမ်းတာ​ပေါ့ "

Jungkook က ကျွန်​​တော့်​ကို ချီမကာ
ကျွန်​​တော့်​ပါး​လေးကိုပြန်​နမ်းပြီး​ပြောလာသည်

Jungkook က​လေ ​တော်​​တော်​​ချောလာတာ
အရင်​ကလဲ ​ချောပါတယ်​ ​ချောလို့​တောင်
ကျွန်​​တော်​ အ​နောက်​က​နေ တ​ကောက်​​ကောက်​လိုက်​ခဲ့ရတာပဲ
ဒါ​ပေမယ့်​ အခု​ချောတာကတစ်​မျိုး
အရမ်းလူကြီးဆန်​လာပြီး..တည်​ကြည်​လာတယ်
ယောကျာ်းလဲပိုဆန်​လာတယ်
ကုမ္ပဏီ မှာ ဝန်​ထမ်း​ကောင်​မ​လေး​တွေ
Jungkook ကိုငမ်းမှာ ​သေချာတယ်

Believe in Love (Completed)Tempat cerita menjadi hidup. Temukan sekarang