2

8.9K 890 35
                                    

Zawgyi her

" Jimin ဖြစ်​ပါ့မလား "

စိတ်​ညစ်​ပါတယ်​ ​လူ​တွေကလဲ ​သောက်​စား ​နေလိုက်​ကြတာ
မူး​နေတဲ့လူကမူး ​ကောင်​မ​လေး​တွေကလဲ ပွတ်​သီးပွတ်​သပ်နဲ့ တကယ်​မ​နေချင်​​တော့ဘူး ဒီ​နေရာမှာ

" Jimin ငါပြန်​ချင်​​နေပြီ "

" ​နေစမ်း....မင်း Jungkook ကိုချစ်​လား "

အမ်​...ဘာမှလဲမဆိုင်​ဘူး

" ချစ်​...ချစ်​တာ​ပေါ့ "

သီချင်းသံ​တွေဆူညံ​နေရသည့်​အထဲမှာ ချစ်​တာ​ပေါ့ဆိုတဲ့စကား​လေးကို ရှက်​ရွံစွာ တိုးတိုး​လေးပြန်​​ဖြေမိသည်

" ဘာ...ဘာ​ပြောတယ်​ "

ကျွတ်​စ်​ သပ်​လိုက်​ပြီး ​ခေါင်းငြိမ့်​ပြလိုက်​သည်​ ရှက်​ပါတယ်​ဆိုမှကို ကိုယ့်ဘာသာ ရှက်​ရမ်းရမ်းပြီး စားပွဲ​ပေါ်မှာရှိတဲ့ cocktail တစ်​ခွက်​ကို​ယောင်​ပြီး​သောက်​မိသည်​ ​သောက်​ပြီးမှသတိရသည်

Ummm မဆိုးဘူး အရသာ​လေးက Jimin ကိုလက်​မ​ထောင်​ပြကာ ​နောက်​တစ်​ခွက်​မှာလိုက်​သည်​ အဲ့တာ​ကြောင့်​ လူတိုင်းက​သောက်​​နေကြတာကို

" ​ဟေ့​ကောင်​ ​ဟေ့​ကောင်​ ​ကောင်းတယ်​ဆိုပြီး အရမ်း​သောက်​မ​နေနဲ့ မင်းအ​ကောင်​လာပြီ "

Jimin လက်​ညိုးထိုးပြ​တဲ့​နေရာ​​လေးကိုကြည့်​လိုက်​​တော့
အား.....အရမ်း​ချောတာပဲ အမဲ​ရောင်​ဂျာကင်​​လေးနဲ့ဂျင်းအပြဲ​လေးနဲ့ ​ကျောင်းမှာလဲ ​ကျောင်းဝတ်​စုံနဲ့မို့လို့ ​အခုလဲ အပြင်​သွားအင်္ကျီ​လေးနဲ့ မိုက်​ချင်​တိုင်းကိုမိုက်​​နေ​တော့တာပဲ

" ဒီမှာ....ငါ​ပြောတာ​သေချာ​နား​ထောင်​ "

မေး​ထောက်​ပြီးသူ့ကိုပယ်​ပယ်​နယ်​နယ်​ငမ်း​နေတဲ့ကျွန်​​တော့်​ကို ပုခုံးက​နေဆွဲလှည့်​ကာ မျက်​နှာချင်းဆိုင်​လိုက်​ပြီး

" သူမင်းကိုသတိထားမိ​အောင်​ ​နေရမယ်​ "

" ဘယ်​လို "

" လာငါတို့သူတို့​စားပွဲအ​ရှေ့ကစားပွဲမှာ​ပြောင်းထိုင်​မယ်​ ပြီးတာနဲ့ မင်းသူသတိထားမိ​အောင်​​နေ အို​ခေ "

Believe in Love (Completed)Where stories live. Discover now