PART 2

1.2K 95 10
                                    

စတင်တွေ့ဆုံခဲ့တဲ့ အချိန်မှစ၍ ကျွန်တော့်နှလုံးသားတစ်စုံသည် သခင့်ခြေတော်ရင်း၌ ပြားပြားဝပ်ခစားခဲ့သည်။
●●●●●●●●●●●●

Yoongiလေး စီးလာသောကားလေးသည် ကြီးမားကျယ်ဝန်းလှသော ခြံဝန်းကြီးထဲသို့ တရွေ့ရွေ့နှင့် ဝင်လာခဲ့သည်။ခြံကြီး၏ ခမ်းနားတင့်တယ်မှုကြောင့် Yoongi ၁ယောက် အံဩတကြီး မျက်ဝန်းအပြူးသားနဲ့ ငေးကြည့်နေမိသည်။ကားပေါ်ကနေဆင်းပြီး အိမ်ထဲသို့ ဝင်တဲ့အခါမှာတော့ ပြူးနေတဲ့မျက်ဝန်းတွေ ပိုမိုပြူးသွားသယောင်။

"ဟေ့...... မင်းဘယ်သူလဲ
ဘာလို့ ငါ့အိမ်ထဲရောက်နေတာလဲ"

Yoongiလေး အိမ်ကိုငေးမောကြည့်နေတာ ဘယ်လောက်ကြာသွားသည်မသိ။ အသံတစ်ချို့ကြားမှ အိမ်မက်ယောင်သူပမာ လန့်သွားလေသည်။

"ဟေ့... မေးနေတယ်လေ နားမကြားဘူးလား
အိမ်တော်ထိန်းကြီး ဒီတစ်ယောက်ကဘယ်လိုအိမ်ထဲရောက်နေတာလဲ။အိမ်ထဲကိုသူတောင်းစား အဝင်မခံထားဘူးလေ။အခုချက်ချင်းခြံပြင်ကို ဆွဲထုတ်သွားလိုက်။"

အိမ်တော်ထိန်းကြီးလည်း တော်တော် စိတ်ညစ်သွားသည်။ထိုကလေးကို သူဌေးတို့ခေါ်လာတာ။ဒါ့ပြင် ကလေးက ရောက်လာကတည်းက ဖြူဖြူစင်စင်လေးနှင့် ချစ်ဖို့ကောင်းတဲ့ကြောင်ပေါက်လေးနဲ့တူသည်။ဒီလောက်ချမ်းအေးနေတဲ့ ဆောင်းရာသီကြီးမှာ သူဘယ်လိုအင်အားမျိုးနဲ့ ဒီကလေးကို ခြံပြင်ဆွဲထုတ်ရက်မလဲ။ဒါပေမယ့် တစ်ဖက်ကလည်း ဒီအိမ်ရဲ့သခင်လေး၊တစ်ဖက်ကလည်း သနားစရာကလေးငယ်ကို အခုလိုရာသီဥတုမျိုးတွင် ခြံပြင်ထုတ်ထားရင် အေးခဲပြီးသေသွားနိုင်သည်။ သူဘာလုပ်ရမလဲ မသိ ဒွိဟဖြစ်နေမိသည်။

"ပြောနေတယ်လေ
အိမ်တော်ထိန်းကြီး မကြားဘူးလား
အခုချက်ချင်း ဆွဲထုတ်သွားလိုက်လို့"

Yoongi ၁ယောက်သူ့ကို အော်နေသောသူကိုကျောပေးထားသောကြောင့်မမြင်ရသေး။ လှည့်လည်းမကြည့်ရဲသေး။သူကြောက်နေမိသည်။သူ့ကိုခေါ်လာခဲ့သော Omma နဲ့ Appaဆိုသူများကိုလည်းမတွေ့။တဖြည်းဖြည်းစိတ်အားငယ်လာသည်။ထို့ပြင် သူ့ကိုသူတောင်းစားဟုပြောနေသောကြောင့် ပိုပြီး ဝမ်းနည်းလာသည်။သူကအဲ့လောက်တောင်နုံချာနေလို့လား။သူများတွေလိုပိုက်ဆံမရှိလို့ အကျီမဝယ်နိုင်လို့ အင်္ကျီစုတ်စုတ်လေးဝတ်ထားမိရုံပါ။ဝမ်းနည်းစိတ်ကြောင့် Yoongi ၏မှေးကျဉ်းကျဉ်းမျက်ဝန်းလေးများ အရည်လဲ့လာခဲ့သည်။သူမငိုမိအောင် ပန်းနုရောင်နှုတ်ခမ်းသားသေးသေးလေးကို သွားဖြင့်ဖိကိုက်ထားမိသည်။

"Jimin ဘာတွေအော်နေတာလဲ။"

သူဌေးကတော်ဝင်လာမှဘဲ အိမ်တော်ထိန်းကြီးစိတ်သက်သာရာ ရသွားတော့သည်။မဟုတ်လျှင် သူတို့ သခင်လေးကို မည်သူမျှထိန်းနိုင်မည်မဟုတ်။ထိုကလေးကိုတကယ်ဆွဲထုတ်မည့်ပုံပေါ်သည်။

"Omma ဘယ်ကသူတောင်းစား အိမ်ထဲရောက်နေလဲမသိလို့ မောင်းထုတ်နေတာ။"

ထိုအခါသူဌေးကတော်က သက်ပြင်းတစ်ချက်ချကာ
Yoongiလေးရဲ့ လက်သေးသေးလေးကို ဆုပ်ကိုင်ကာသူ့သားရှိရာဘက်ကိုဆွဲလှည့်လိုက်ပြီး

"သူလေးကသူတောင်းစားမဟုတ်ပါဘူး သားလေးရယ် သားအဖော်ရအောင်လို့Ommaက ခေါ်လာပေးတာပါ သားရယ့်။သားဘဲOmmaကို ညီလေးမွေးပေးခိုင်းနေတာလေ အဲ့တော့ သားအဖော်ရအောင် Ommaက ဒီကလေးလေးကို မိဘမဲ့ဂေဟာကနေခေါ်ခဲ့ပေးတာပါ။"

ဟုပြောလေသည်။Yoongiလေးကတော့ အခုချိန်ထိထိုသခင်လေးဆိုမော့မကြည့်ရသေး။မော့မကြည့်ရဲတာဆိုပိုမှန်မည်။

"ဟာ......... Ommaကလည်းရှုပ်ရှုပ်ရှက်ရှက်တွေ။ကျွန်တော်က အဖော်မလိုပါဘူး။ကိုယ့်ဟာကိုယ်အေးဆေးနေတတ်တယ်။ဘာအဖော်မှလည်း မလိုချင်ဘူး။သူ့ကိုပြန်ပို့လိုက်"

Yoongiတော်တော်လေးထိတ်လန့်သွားသည်။သူမိဘမဲ့ဂေဟာကိုတော့ထပ်ပြီးမသွားချင်တော့ပါ။သူမည်သည့်အရာကိုမှ မမက်မောပါ။သူမိဘလိုချင်သည်။နွေးထွေးသည့်မိသားစုဘဝလေးလိုချင်သည်။ မိသားစုနှင့်အတူတူညစာထမင်းစားချင်သည်။ပျော်ပွဲစားအတူတူထွက်ချင်သည်။ပျော်ပျော်ရွှင်ရွှင်နေချင်သည်။သူသခင်လေးဆိုသူကိုထိတ်လန့်တကြားမော့ကြည့်လိုက်စဉ် ..........

သနားစရာYoongiလေး မိဘမဲ့ဂေဟာကိုပဲပြန်ရောက်သွားမလား
(ဒါမှမဟုတ်)
ဂျစ်ကန်ကန် Jiminလေးကဘဲ Yoongiလေးကို လက်ခံပါ့မလား




TBC....
Olivia🦊

REMORSEFUL PERSON ||Hiatus||Where stories live. Discover now