PART 4

750 89 2
                                    

သခင့်နှုတ်က ထွက်သော စကားလုံးမှန်သမျှသည် ကျွန်တော့် အတွက်တော့ ပျားရည်သုတ်ထားသော အဆိပ်မြား ပမာ ချိုမြိန်စွာ နာကျင်ရသည်။
●●●●●●●●
Yoongi သူယူခဲ့တဲ့ အင်္ကျီလေးတွေကို ဘီဒိုထဲထည့်နေသည်။ထိုစဉ် တံခါးဖွင့်သံ ကြားတာကြောင့် နောက်လှည့်ကြည့်လိုက်တော့ အခန်းထဲ ဝင်လာတဲ့ အိမ်တော်ထိန်းကြီးကို တွေ့လိုက်ရသည်။သူအိမ်တော်ထိန်းကြီးကို အရိုအသေပေးပြီး အိမ်တော်ထိန်းကြီးပြောလာမည့် စကားတွေကိုသာစောင့်နေမိသည်။အိမ်တော်ထိန်းကြီးလို့သာပြောတည အသက်ကအခုမှ ၃၀ကျော်လောက်သာရှိဦးမည် ထင်သည်။

"သက်သောင့်သက်သာ နေပါ ကောင်လေးရယ်
ကျွန်တော့်ကို အရိုအသေပေးစရာမလိုပါဘူး
ကျွန်တော်အခုလာတာက သခင်လေးထုတ်ထား စည်းကမ်းလေးတွေကိုလာအသိပေးတာပါ"

အပြုံးလေးနဲ့ပြောလာသော အိမ်တော်ထိန်းကြောင့် သူစိတ်နည်းနည်း သက်သာသွားသည်။သူလည်း

"ဟုတ်ကဲ့ပါ အိမ်တော်ထိန်းကြီး"

ဟုသာပြန်ဖြေလိုက်ပြီး ပြုံးပြလိုက်သည်။
ထို့နောက်အိမ်တော်ထိန်းပြောပြသော သခင်လေးကြိုက်တဲ့အချက်တွေနဲ့ မကြိုက်တဲ့ အချက်တွေကို သေချာလိုက်မှတ်နေလိုက်သည်။
အားလုံးပြီးသွားတော့

"Yoongi ကျွန်တော့ကို အိမ်တော်ထိန်းကြီးလို့ ခေါ်စရာမလိုပါဘူး ဒီအတိုင်းပေါ့ပေါ့ပါးပါး  Jung Min Hyung ဒါမှမဟုတ်ရင် Hyung လို့ဘဲခေါ်ပါ။ မဟုတ်ရင် အရမ်းစိမ်းနေသလိုဘဲ"

"ဟုတ်ပါပြီ Hyung ရယ် ကျွန်တော် Hyung လို့ဘဲခေါ်မယ် ရတယ်မလား"

"သိပ်ရတာပေါ့ ကောင်လေးရယ်"

ဒီလိုနဲ့ Jung Min Hyungနဲ့ရယ်မောကာ စကားပြောရင်း နှစ်ယောက်သား တဖြည်းဖြည်းရင်းနှီးလာသည်။

"ဒေါက် ဒေါက်"

Hyung နဲ့စကားပြောနေတာ ဘယ်လောက်ကြာသွားသည် မသိ။တံခါးခေါက်သံ ကြားမှဘဲ စကားပြောရပ်သွားတော့သည်။

"Hyung ခဏနော် တံခါးခေါက်နေလို့ ဖွင့်ကြည့်လိုက်ဦးမယ်"

"အေအေ ဖွင့်ကြည့်လိုက် Hyung လဲသွားတော့မယ်"

"ဟုတ် Hyung
ကျွန်တော်လိုက်ပို့ပေးမယ်"

ဟုပြောကာပြုံးပြလိုက်တော့ Hyung က ချစ်ဖို့ကောင်းသည် ဆိုကာ ခေါင်းကိုပုတ်သွားသေးသည်။
တံခါးဖွင့်လိုက်တော့ အခန်းရှေ့မှာရပ်နေသော ကောင်မလေး။ဝတ်စုံနှင့်ဆိုတော့ ဒီအိမ်က maidဖြစ်မယ်ထင်သည်။

"သခင်လေးက သူ့အခန်းကို
ခေါ်ခိုင်းလိုက်လို့ လာခေါ်တာ"

"အာ ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါ့မယ်"

သွားသာသွားရမှာ။
သခင်လေးကိုတော့ ခပ်လန့်လန့်ရယ်။
သခင်လေးရဲ့အခန်းရှေ့ရောက်နေတာကြာပြီ ဖြစ်သော်လည်း တော်တော်နဲ့ မဝင်ရဲသေး။
တံခါးခေါက် ရမလး မခေါက်ရဘူးလား ချီတုံချတုံ ဖြစ်နေသည်။

""ဘာပဲဖြစ်ဖြစ်အခုမဝင်လဲ နောက်ဝင်ရမှာဘဲဟာ
    Fighting Yoongi.....Fighting""

ကိုယ့်ကိုယ်ကို အားပေးပြီးကာ အခန်းတံခေါက်လိုက်တော့
၁ကြိမ် ၂ကြိမ် ၃ကြိမ် ခေါက်လိုက်သော်လည်း ဘာတုံ့ပြန်မှု မှမလာခဲ့။ထို့ကြောင့် သူအခန်းထဲကို ဝင် လိုက်စဉ်.................




Yoongi ၁ယောက်တော့ အခန်းထဲ ဝင်သွားပြီ။
အခန်းထဲမှာ Jiminနဲ့ ဘာတွေဆက်ဖြစ်မလဲ ဆိုတာတော့..




TBC....
Olivia🦊








REMORSEFUL PERSON ||Hiatus||Where stories live. Discover now