PART 3

855 104 1
                                    

သခင့်စူးရှရှ မျက်ဝန်းတစ်စုံ ၏အကြည့်များသည် ကျွန်တော့် ကိုသတ်နေသောအသံတိတ်လက်နက်များသာ။
●●●●●●●●●●

သူသခင်လေးဆိုသူကို မော့ကြည့်လိုက်စဉ် အရင်ဆုံးမြင်လိုက်ရတာကသူ့အား ပေါက်ထွက်မတတ်ကြည့်နေသော စူးရှရှမျက်ဝန်းတစ်စုံ။ထိုမျက်ဝန်းတစ်စုံရဲ့ အကြည့်အား သူရင်မဆိုင်ရဲစွာ ခေါင်းကိုချက်ချင်းငုံ့လိုက်သည်။Yoongi ၁ယောက် ကြောက်လွန်းသောကြောင့် တုန်ယင်နေသော ခန္ဓာငယ်နှင့် ကျလုဆဲဆဲ မျက်ရည်တို့ကို ထိန်းကာ

"သခင်လေး ဘာခိုင်းခိုင်း လုပ်ပါ့မယ်
ကျွန်တော့်ကို မိဘမဲ့ဂေဟာတော့ ပြန်မပို့ပါနဲ့ ကျွန်တော် တောင်းပန်ပါတယ်"

ထိုစကားကို အားတင်းပြီး ပြောလိုက်ပေမယ့်
ပြန်ရလိုက်တာက လှောင်ရယ်သံ တစ်ခု။

"အဟက်.......အဟားဟား ဟား
အခု ဘာပြောလိုက်တယ် ငါဘာခိုင်းခိုင်းလုပ်မယ်ဟုတ်လား"

"ဟုတ် .....ဟုတ်ပါတယ်
သ..သခင်လေး...."

"တိတ်စမ်း။မလိုချင်ဘူး။အခုချက်ချင်း ငါ့အိမ်ကနေ ထွက်သွားမလား၊ ဒါမှမဟုတ် တခြားလူတစ်ယောက်ကို ဆွဲထုတ်ခိုင်းလိုက်ရမလား"

စကားအဆုံးတွင်တော့ Yoongi မျက်ရည်လည်းမထိန်းနိုင်တော့။ ချက်ချင်းဆိုသလိုဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကို မီးပွင့်မတတ် ပွတ်ကာ သူ့အား မိဘမဲ့ဂေဟာကို ပြန်မပို့ရန်သာ တစ်တွတ်တွတ်တောင်းပန်နေလေရဲ့။

ယခုသူတို့မြင်နေရသည့် မြင်ကွင်းမှ တော်တော် ဆိုးဝါးလှသည်။ သက်တူရွယ်တူကောင်လေး အချင်းချင်းကို ၁ယောက်ကမျက်ရည် လည်ရွဲနှင့် ဒူးထောက်တောင်းပန်နေသည်ကို အခြား၁ယောက်က ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ အေးအေးလူလူ မဲ့ပြုံးပြုံးကာကြည့်နေလေရဲ့။

သူဌေးကတော်လည်း သူ့သားကို မထိန်းချုပ်နိုင်။
Jiminက သူ့အဖေက လွဲရင် မည်သူ့ကိုမှမကြောက်။ဆုံးဖြတ်ချက်၁ခုကိုလည်းတော်တော်နဲ့ ပြန်မပြင်တတ်။ငယ်ငယ်ကတည်းက လိုချင်တာကို မရရအောင်ယူတတ်ပြီး ဘယ်လောက်မှားမှား နောင်တမရတတ်သည့်လူစားမျိုးဖြစ်သည်။ ဆုံးဖြတ်ချက်လည်း သူ့အဖေ နားဝင်အောင် ဖျောင်းဖျမှသာပြင်တတ်သည်။ဖြစ်နိုင်ရင် သူတို့ကို အိမ်ရှေ့မှာ ချပြီး LA ကို အရေးပေါ်ခရီးထွက်သွားသော သူ့ခင်ပွန်းကိုသာအမြန်ခေါ်လို့ရရင် ခေါ်လိုက်ချင်တော့သည်။အခုတော့သူမလည်း ထိုကောင်လေးကို အတွက်ဘာမှ မလုပ်ပေးနိုင်ပေ။

REMORSEFUL PERSON ||Hiatus||Where stories live. Discover now