PART 5{1}

850 89 19
                                    

သခင်သာ လိပ်ပြာလေးတစ်ကောင် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ကသခင့်အတွက် ပန်းပွင့်ဖြစ်ပေးပါ့မယ်
သခင်ဝတ်ရည်စုပ်ယူဖို့အတွက်အစွမ်းကုန်ပွင့်လန်းပေးပါ့မယ်။ပန်းဝတ်ရည်ကုန်သွားလို့ ညိုးကျကြွေလွင့်သွားခဲ့ရင် သခင်ပျော်ရာကို လွတ်လပ်စွာ ပျံသန်းသွားလိုက်ပါ။ကျွန်တော် နာကျင်စွာ ကြွေကျခဲ့ရင်တောင် ကျေနပ်ပါတယ်။
●●●●●●●●●●

Yoongi အခန်းထဲ ဝင်သွားတော့ ရေချိုးခန်းထဲက ထွက်လာသော Jimin နဲ့တန်းတိုးသည်။အခုမှရေချိုးပြီးထွက်လာလို့လားမသိ။မျက်နှာလေးကပြောင်ရှင်းနေပြီး အသားအရေကလည်း ကြည်လင်နေသည်။တပတ်သာပတ်ထားသောကြောင့် သခင်လေးရဲ့ ရေစက်တွေတွဲလွဲခိုနေသော absများကို ထင်ထင်ရှားရှားမြင်နေရသည်။Yoongi ကြည့်ရင်းနဲ့ ရေဆာသလို အာခေါင်ခြောက်သလိုတွေဖြစ်လာသည်။

"ဟေ့ ဒီနေ့ကြည့်လို့ရောပြီးဦးမှာလား"

သခင်လေးအော်လိုက်မှ အသိဝင်လာကာ မျက်နှာကိုမြန်မြန်လွဲလိုက်သည်။သေချာတာကတော့ ကျွန်တော့မျက်နှာတစ်ခုလုံး စတော်ဘယ်ရီသီးလို နီရဲနေမည်ဆိုတာပင်။

"တောင်း....တောင်းပန်ပါတယ် သခင်လေး
ဘာများခိုင်းစရာ ရှိ...ရှိလို့လဲမသိဘူး"

Jiminသူအော်လိုက်မှအယောင်ယောင် အမှားမှားနဲ့ အနောက်လှည့်သွားတဲ့ ကောင်လေးကို အထူးအဆန်းလိုကြည့်နေမိသည်။

""နေပါဦး ဒီကောင်လေးနားတွေ နီနေသလားလို့
ယောကျာ်းလေးအဝတ်မပါတာမမြင်ဖူးဘူးလားမသိဘူး။အတူတူဘဲဟာကို ဘာတွေရှက်နေလဲ မသိဘူး""

အတွေးများနဲ့သူ ထိုအရှက်သည်းနေသောကောင်လေးကိုစချင်လာသည်။တဖြည်းဖြည်းနဲ့ သူထိုကောင်လေးနားကို တိုးသွားလိုက်သည်။ပြီးနောက် အရပ် အနည်းငယ်ပုနေသော ထိုကောင်လေးနား နားကို ကပ်ကာ

"ငါမင်းကိုဘာကြောင့်ခေါ်တယ်လို့ ထင်သလဲ။
ဟမ်....."

Yoongi သူ့နား နားတွင် ကပ်ကာ လေသံလေးနဲ့ပြောလာသောသခင်လေးကြောင့် ခန္ဓာကိုယ် ထဲမှာရှိတဲ့ သွေးတွေပြောင်းပြန်စီးသွားသလိုခံစားလိုက်ရသည်။သူအလန့်တကြားသခင်လေးဘက်ကိုလှည့်လိုက်တော့ အလွန်နီးကပ်နေသော မျက်နှာနှစ်ခုကြောင့် သူနောက်ကို ခြေတစ်လှမ်းဆုတ်ကာ ခေါင်းငုံ့ထားလိုက်သည်။

"သခင်လေးတစ်ခုခု ခိုင်းစရာရှိမယ် ထင်လို့ပါ"

REMORSEFUL PERSON ||Hiatus||Donde viven las historias. Descúbrelo ahora