10

6.9K 629 77
                                    

Zawgyi>>>

အပြင်ကပြန်ရောက်ကတည်းက ငယ်ကျွန်တော့်ကိုစကားမပြောတော့တာ နှစ်ရက်တိတိရှိပြီ...

ကျွန်တော်ပြင်ပေးထားတဲ့ ထမင်းဝိုင်းကိုလဲ ယောင်လို့တောင်မတို့ထိပဲ အိပ်ယာထဲမှာသာ ငြိမ်သက်လို့နေတယ်...

နှစ်ရက်လုံးလုံးဘာမှ မစားတဲ့ကလေးငယ်ရဲ့ နှုတ်ခမ်းပါးတွေဟာ သွေးမရှိသလိုဖြူစုတ်နေပြီလေ...

ဒီလိုနဲ့ အားပျက်တော့မှာပဲ ငယ်ရယ်...

ဒီလိုအချိန်မျိုးဆို ကိုယ့်ရင်တွေနာတယ် ငယ်...

ကိုယ်ကလေ... မင်းရဲ့အပြုံးလေးတွေကိုပဲ ဖန်တီးတဲ့သူဖြစ်ချင်ခဲ့တာ...

မင်းရဲ့မျက်ရည်ကျတာ ကိုယ့်ကြောင့်ဆိုတဲ့အသိက ကိုယ့်ကိုသတ်နေသလိုပဲကလေးငယ်ရယ်...

စိတ်ရှိတိုင်းသာဆို မင်းကို ကြိုးတုပ်ပြီးဖြစ်ဖြစ် ထမင်းဝင်အောင်ကျွေးရင်း မငိုဖို့ခြိမ်းခြောက်ပစ်လိုက်ချင်တာ

ကိုယ့်ရဲ့ဒီလို ကြမ်းတမ်းတဲ့အပြုအမူတွေကို နှလုံးသားကခွင့်မပြုနိုင်ပြန်ဘူးလေ...

ဒီတစ်ညတော့ငိုပါငယ်...
ကိုယ်ရင်နာခံပြီး မသိဟန်ဆောင်ပေးလိုက်မယ်...

မင်းရင်ထဲပေါ့ပါးသွားမယ်ဆိုရင်ပေါ့...

ဒါပြီးရင် ငိုခွင့်မပေးတော့ဘူးနော်...

ကိုယ့်ကိုစိတ်မဆိုးဘူးမဟုတ်လားငယ်?

အာ..မဟုတ်ဘူး...

ကိုယ့်ကိုစိတ်ဆိုးလိုက်ပါငယ်...

မင်းစိတ်ဆိုးတာကို ကိုယ်ကခံမယ်...
မင်းကတော့ ကိုယ့်ကိုစိတ်ဆိုးရင်း စိတ်ညစ်မှုတွေကို ဖျောက်ပစ်ရမယ်လေ...

အခုတော့ ကိုယ်သိသွားပြီငယ်...

ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ဝယ်ယူလို့မရနိုင်တဲ့ အဖိုးတန်ဆုံးအရာက ငယ့်ရဲ့အပြုံးဆိုတာကို...

ဒီလူနှလုံးသားတစ်ခုလုံးနဲ့ ပေးဆပ်ထားတာမို့ တစ်ခါလောက်ဖြစ်ဖြစ် ပြုံးစမ်းပါလား ငယ်ရယ်...

"Mr.Byun..."

တစ်ဖက်သို့လှည့်အိပ်နေတဲ့ ငယ်က သူ့အနားမှာထိုင်နေမိတဲ့ကျွန်တော့်ကို ပြန်ကြည့်လာတယ်..

Mr.Byun...Where stories live. Discover now