24

6.1K 535 24
                                    

Zawgyi>>>

Mr.Byun ရဲ့ ရင်ခွင်ထဲ၌ Chan ငြိမ်သက်စွာနေရင်း သူ့ဆံနွယ်လေးတွေကို လက်ဖြင့်တယုတယုသပ်တင်ပေးနေသည့် Mr.Byun ကိုမော့ကြည့်မိ၏...

Mr.Byun အမူအရာတွေက အေးစက်လွန်းတယ်...
ပြီးတော့ မျက်နှာသေနဲ့ အရယ်အပြုံးလဲမတွေ့ရဘူး...

ဒါပေမဲ့ Chan အပေါ်ထားတဲ့ သူ့အပြုအမူတွေကတော့ သိပ်ကိုနူးညံ့ပြီး အသေးစိတ်ကအစ ဂရုစိုက်လွန်းတယ်လေ...

"ငယ့်မွေးနေ့... လိုချင်တာရှိလား?"

Mr.Byun အမေးကြောင့် Chan တွေးမိတယ် ဟုတ်သားပဲ သူ့မွေးနေ့နီးနေတာ ကိုယ်တိုင်ပင်သတိမထားမိ....

ဒီလိုမေးတာမျိုးက Chan အတွက် အထူးအဆန်းတော့မဟုတ်...
Mr.Byun က ဘာလိုချင်လဲ သူဘာလိုအပ်သလဲဆိုတာကအစ အမြဲအရိပ်တကြည့်ကြည့်မေးတတ်တဲ့လူ...

အဲ့တုန်းကတော့ Mr.Byun ကိုမုန်းနေခဲ့တာမို့ သူဘာပေးပေး ဘာမှမယူသလို Mr.Byun ကို အမြဲအကန်တွေသာပြောခဲ့မိ၏...

အခုကျ အခြေအနေကမတူတော့ပြီမို့ Chan အနည်းငယ် စဉ်းစားရခက်ဟန်ပြုတယ်...

ထို့နောက် Chan တစ်ခုခုကို သတိရသွားတာမို့ Mr.Byun ကို စနောက်ချင်လာသယောင်...

"ကျွန်တော် လိုချင်တာ ခင်ဗျားကပေးနိုင်ပါ့မလား Mr.Byun..."

"အင်း...ငယ်လိုချင်ရင် ဘာဖြစ်ဖြစ်...ရတယ်"

Mr.Byun အဖြေက တိုတောင်းပြတ်သားသည်...
သို့သော် သူ့ပူံစံကတော့ Chan က အသက်ကိုတောင်းရင်တောင် တကယ်ပေးမည့်ဟန်...

Mr.Byun ပေါ်သို့ Chan ကရုတ်တရက် အပေါ်မှနေရာယူကာ ဖိထားလိုက်သည်မို့
အံ့သြသော မျက်ဝန်းအစုံတို့ဖြင့် စိုက်ကြည့်လာလေရဲ့...

"ငယ်..."

"အဲ့တာဆိုရင်ရော Mr.Byun? ကျွန်တော်လိုချင်တာက...ခင်ဗျားကိုဆိုရင်ရော?"

Chan ပြောသောအခါ Mr.Byun က အံ့သြသွားသည့်ဟန်ပေါ်သော်လဲ မည်သို့မျှ တုန့်ပြန်မလာခဲ့...

တကယ်တော့ Chan သိတယ်
အခုချိန် Mr.Byun သာ စိတ်ကူးရှိမယ်ဆို သူ့ကိုချက်ချင်းပင်တွန်းဖယ်လို့ ရနိုင်ပါသည်...

Mr.Byun ရဲ့ လက်က သိပ်သန်မာတာလေ...

အကယ်၍ သူ့ကိုတွန်းဖယ်မည်ထင်တာကြောင့် အနည်းငယ်စိုးရိမ်ပါ၏...

Mr.Byun...Where stories live. Discover now