19

6K 548 60
                                    

Zawgyi>>>

"ငယ်...."

မယုံကြည်နိုင်စွာ ပြန်ကြည့်လာတဲ့ Mr.Byun...
သူ့ကိုအံအားသင့်စွာ ခေါ်လာတဲ့ Mr.Byun နှုတ်ခမ်းပါးတို့ကလဲ တဆတ်ဆတ်တုန်ရီနေပါသည်...

မယုံကြည်နိုင်လွန်းလို့ပေလား...

"ငယ်...ငယ်တကယ် ပြောနေတာလားဟင်?"

Chan ခေါင်းသာငြိမ့်ပြလိုက်တော့ Mr.Byun မျက်ဝန်းတစ်ဖက်မှ မျက်ရည်တစ်စစီးကျလို့လာတယ်...

"ဘာလို့ငိုတာလဲ Mr.Byun..."

"ပျော်လို့...ကိုယ်ပျော်လွန်းလို့ပါငယ်"

ဒီလိုမျိုးပျော်ရွှင်ခွင့်မရတာ နှစ်အတော်ကြာရှိခဲ့ပေပြီ...
အထူးသဖြင့်တော့ ငယ်ပေးတဲ့ပျော်ရွှင်မှု...

ဒီအချိန်အခိုက်တန့်လေးကို ရူးမတတ် တန်ဖိုးထားမိပါ၏....

သိရဲ့လားငယ်...
ငယ့်ရဲ့ဥပေက္ခာတွေကို ရင်ဆိုင်ရပြီးနောက်ပိုင်း ကိုယ်ဟာသေလူတစ်ယောက်လို ရှင်သန်ခဲ့ရတာ...

မျှော်လင့်ချက်မဲ့ နာကျင်မှုအပြည့်နဲ့ ငယ့်အနားမှာ ရှိနေရင်းပေါ့...

"ငယ်..."

Mr.Byun ရဲ့လင်းလက်တောက်ပနေတဲ့ မျက်ဝန်းအစုံက Chan ရဲ့နှလုံးသားကို တုန်လှုပ်စေပါသည်...

ဒီအပြုအမူ...
ဒီလိုပျော်ရွှင်နေတဲ့ Mr.Byun ရဲ့ပုံရိပ်...
မမြင်ခဲ့ရတာ အတန်ကြာခဲ့ပြီ...

သူတို့လက်ထပ်ခဲ့တဲ့အချိန်ကစလို့ အခုထိ Mr.Byun ရဲ့အပြုံးကို တွေ့ရဖို့အလွန်အမင်းခဲယဉ်းခဲ့သည်မှာအမှန်...

ရေခဲရိုက်မျက်နှာထား...
အေးတိအေးစက်အပြုအမူ...
တင်းတင်းစိထားတဲ့နှုတ်ခမ်းပါးတို့ကလဲ ခပ်ယဲ့ယဲ့ပင်ပြုံးမပြခဲ့...

Chan ကို လိုလေသေးမရှိဂရုစိုက်ခဲ့သည်မှာမှန်သော်လဲ
လိုတာထက်ပိုပြီး စကားသိပ်မပြောတော့ချေ...

တကယ်တော့ Chan ရဲ့ ခါးခါးသီးသီးငြင်းဆန်မှုတွေကို သူရင်မဆိုင်ရဲခဲ့လို့ပါလေ...

သူပါးပြင်ကို ခပ်ဖွဖွအုပ်မိုးကိုင်လာသည့် Mr.Byun ရဲ့ အသားမာတက်နေသော ခပ်ကြမ်းကြမ်းလက်အစုံကို အရင်လိုပုတ်မထုတ်ဖြစ်တော့ပါ...

Mr.Byun...Where stories live. Discover now