ep 10

3.1K 208 63
                                    

မနက်မိုးလင်းတော့ မနက်စာအမြန်စားပြီး ကျောင်းကိုသာထွက်လာခဲ့လိုက်သည်။

"ဟျောင့် နောက်ကျလှချည်လား''

ဘေးနားကခုံကိုဆွဲယူကာ ဖယိုဖရဲဝတ်ထားသောကျောင်းအင်္ကျီကို လက်နဲ့ပွတ်သပ်ပြီး ထိုင်လိုက်သော မျက်ပြူးကောင်။

မျက်နှာကြီးကလဲ ကျီးအာသီးလိုရဲတွတ်နေတာဘဲ။ဘာတွေဖြစ်လာမှန်းမသိ နှုတ်ခမ်းထူထူကြီးကလဲပေါက်ပြီးသွေးသေးသေးလေးထွက်နေသလားလို့။

ကျနော့်အမေးစကားတောင်ပြန်မဖြေခေါင်းကြီးအတင်းငုံ့နေတာကြောင့် ပေါ်နေသော လုံးတုံးတုံးအမွှေးငုံစိတို့ထိုးထောင်နေတဲ့ ခေါင်းကြီးကိုအူယားလာပြီး ရိုက်ချပလိုက်တော့သည်။

"ဖက်''ဆိုပြီးအသံထွက်လာပြီးနောက်
"ဘုန်း'' ဆိုပြီးအသံကျယ်ကြီးထွက်လာသည်။ ဒိုင်းခနဲ မျက်ပြူးရဲ့ကြောက်စရာကောင်းသော မျက်စောင်းကြီးအားကျနော်လက်ခံရရှိခဲ့လိုက်လေသည်။

ဟားဟား နှဖူးကအာလူးသီးနဲ့ မျက်ပြူးရဲ့မျက်စောင်း မရတော့ပု byun SeSeတို့ဂေါ်နေပြီ။

"မင်းမေလင်မို့လားဟ''

"ဟားဟား အူယားလို့ပါကွာ ''

"လေးဘဲအူယားဟျောင့်''

"အဲ့ဟာကျိက ယားလို့မှမရတာ မင်းကလဲ ဘာဖြစ်လာတာလဲမင်းအမေမျောက်ဖင်နီကြီးရဲ့ဖင်ထက်တောင်ရဲနေသေးတယ်မင်းအခွက်က''

"မင်းပထွေးလုပ်လိုက်လို့ရှက်နေတာလေ လေးလိုမှအေးဆေးမရှက်ရဘူး ငါ**လေး''

"မရိုင်းသင့်ဘာနော် ''

"မင်းဦးနဲ့မင်းပျက်ရင်လဲ မင်းဘာ့သာမင်းအေးဆေးနေ ငါ့လာမရစ်နဲ့''

"အမ် ဘယ်လိုဘယ်လို သွားမင်းအဲ့အပေါက်ကို နွားနို့နဲ့ဆေးပြီး သပြေရွက်နဲ့သုတ်ပြီးမှငါ့ကိုစကားလာပြော ဖွဟဲ့လွဲပါစေဖယ်ပါစေ မင်းဘဲမင်းအကောင်နဲ့ပျက် ''

"လေးဘဲနော်သား မင်းအဖေကိုမနေ့ကငါဦးနဲ့ပျက်ပါပြီလို့ပြောတာ ဘယ်ကငါ့သားလဲဟ''

"Arrr အဲ့ဟာကလေ ဦးပေါ့ကွာ ငါမှပြန်မခေါ်ရင် သေပါတော့မယ်တွေဘာတွေပြောပြီး အိမ်ကိုရောက်ချလာတာလေ သိတယ်မလားငါ့ကိုဦးကသိပ်သိပ်ချစ်တာ သူများတွေလို ပေါက်ပြဲတဲ့အထိ မရက်စက်ဘူး''

U & Kalay (Complete)Where stories live. Discover now