ep 23

3K 175 20
                                    

"ရေသွားချိုးမလား ကလေး''

"ချိုးရမှာလား''

"အွန်းလေ.....အုအု....ချိုးသင့်တာပေါ့''

"စားဘဲစားမှာကို အွန်းပါ....သွားချိုးလိုက်အုံးမယ်နော် ဦး''

ရေချိုးခန်းထဲဝင်လိုက်ပြီး ရေချိုးဇလုံထဲဝင်က စောစောကအဖြစ်အပျက်ကိုပြန်တွေးနေမိသည်။

အဟိ.....အဟိ....

ဦးလေ ကျောင်းကိုလာပြီး.......ဟီးဟီး။

ရန်ဖြစ်နေကျနော်တို့နှစ်ယောက်ရှေ့ကိုဦးရောက်လာသည်။ ကျနော်လုံးဝမေ့နေတာ ကျောင်းနောက်ဆုံးနေ့ဦးနဲ့ဟော်တယ်သွားမယ်ဆိုတာကို။

"ကလေး......''

"ဟင်......ဦး~~~''

အနက်ရောင်ကားအကောင်းစားကြီးကိုနောက်ခံထားပြီး ရပ်နေတဲ့ဦးကသိပ်ကိုပါဖက်ဖြစ်လွန်းသည်။

ဦးကိုငေးလို့ကောင်းနေတာ ဘယ်ကနေပေါ်လာမှန်းမသိ အမည်းရောင်ဝတ်စုံတွေဝတ်ထားတဲ့လူတွေ။

ဦးအရှေ့ကိုရပ်ကာကျနော့်ကိုကျောပေးရပ်လိုက်ကြသည်။

ကျောနောက်မှာအဖြူရောင်စာလုံးများဖြင့်အဓိပ္ပါယ်တစ်ခုကိုဖော်ဆောင်ထားကြသည်။

Baby You Can Marry Me ❤❤❤

Oh God!!! ကျနော်အသံပင်ထွက်သွားရသည်အထိအံ့သြသွားရသည်။ ဘေးနားကပင်ကွင်းကောင်ကတော့ ပါးစပ်ကြီးဟောင်းလောင်းနဲ့ ငေးကြည့်နေလေရဲ့။

ကျောင်းသူတချို့ကဆို အော်ဟစ်နေကြတာပြောမနေပါနဲ့ ကျောင်းသားတစ်ချို့ကြတော့လဲ သူ့တို့အလှည့်ကြဘယ်လိုရိုရမလဲ စူးစမ်းနေပုံရသည်။ တချို့တလေကြတော့လဲ Faဖြစ်နေကြတော့ မနာလိုဖြစ်နေမှာပေါ့ ကြည့်မနေနဲ့ အခုကျနော်တို့အကြောင်းကိုဖတ်နေတဲ့ရီဒါလေးတွေကိုပြောနေတာ။ အာသာပေါက်စလဲပါတယ်ရီမနေနဲ့။

အဲ့လူ၁၆ယောက်ကြားထဲကနေဦးကဗန်းကြီးကိုင်ပြီးကျနော့်အနားတစ်လှမ်းချင်းစီ showအပြည့်လျှောက်လာလေသည်။

ဦးရဲ့ဘေးနားက အလင်းရောင်တွေဖြာထွက်နေသလိုဘဲဟီးဟီး။

ဦးကကျနော့်ရှေ့လဲရောက်ရော.......ကိုင်ထားတဲ့ဗန်းကြီးကို ကျနော့်ရှေ့မြှောက်ကာ ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သည်။

U & Kalay (Complete)Waar verhalen tot leven komen. Ontdek het nu