3

6.9K 989 24
                                    

"Baekhyun ကျောင်းဆင်းရင် ဟိုဘက်ကျောင်းက ကောင်မလေးတွေကို သွားငမ်းရအောင်''

Sehun က မျက်နှာငယ်လေးနဲ့ ညှိလာသည်။
သူတို့ကျောင်းပြောင်းနှစ်ယောက်က သီးသန့်သဘောမျိုးဖြစ်နေတာမလို့ တခြားကောင်တွေ ဖွန်သွားကြောင်ရင်တောင် Sehun က မလိုက်။ မခေါ်တာမဟုတ် သူကိုက မလိုက်တာ
လိုက်သွားပြီးရော ခုတော့ Baekhyun ကိုပဲ လာလာညှိနေရော။ဒီတစ်ခေါက်ပါ ထပ်ငြင်းရင် Baekhyun ကို Sehun စိတ်ကောက်တော့မှာ ကျိန်းသေနေပြီ။

Baekhyun တို့ကျောင်းမှာ ယောက်ျားလေးသီးသန့်ကျောင်းမလို့ ကြောင်စရာ မိန်းကလေးတစ်ကောင်တစ်မြီးမှမရှိ။ ယုတ်စွအဆုံး ဆရာမတောင်မရှိ ဆရာတွေဆိုတာလည်း ဂေါ်မစွံတဲ့ ဆရာ Wu တို့လို လူပျိုကြီးတွေသာရှိသည်။
ဒါ့ကြောင့်မလို့ သူတို့ကျောင်းနဲ့ မှတ်တိုင်တစ်တိုင်စာလောက်အကွာမှာရှိတဲ့ Baekhyunရဲ့ညီမလေးတက်သည့် မိန်းကလေးကျောင်းသွားသွားပြီး ပိုးပန်းရသည်လေ။

"အေး လိုက်ခဲ့မယ် ခဏပဲနော်''

"ဟီး အေးပါ မင်းညီမလေးဖို့ရော မုန့်တွေဝယ်သွားဦးမလား ယောက်ဖ, ငါ ဝယ်ကျွေးမှာပါ''

"သေချင်လို့လား''

မောင်နှမနှစ်ယောက်တည်းရှိတာမလို့ ညီမလေးကို အူအရမ်းတိုသည်။ ပါးစပ်နဲ့စရင်တောင် မကြိုက်။ပြောင်စပ်စပ်မျက်နှာပေးနဲ့ ရယ်နေသော Sehun ကို ခပ်တိုးတိုးလှမ်းဆဲလိုက်ပြီး လက်သီးထောင်ပြလိုက်တယ်။

ဒီနေ့မှ အတန်းတက်ရတာ ပျော်စရာကောင်းတယ်။ Baekhyun အတွက် ငြိမ်းချမ်းသာယာနေသည်။ဘာလို့ဆို သူ့ကို အနှောင့်အယှက်ပေးမယ့် Chanyeol ကျောင်းမလာခြင်းကြောင့်။ သူတို့ကောင် ကျောင်းမလာတော့ Jongin တို့်လည်း ငြိမ်နေသည်။ ကျောင်းအပြီးပြောင်းသွားပါစေလို့ Baekhyun ကျိတ်ဆုတောင်းလိုက်တယ်။

......................

မိန်းကလေးကျောင်းရှေ့မှာ ပွဲဈေးတန်းကြီးလိုပဲ စည်ကားလို့။ အတန်းထဲက ပေစုတ်စုတ်ကောင်တွေတောင် ရှိုးစမိုးတွေနဲ့ ပဲတွေဂိုက်တွေနဲ့။
အကြောင်းသိနေတဲ့သူမလို့ Baekhyun တိုးတိုးလေးကျိတ်ရယ်လိုက်သည်။ဟုတ်လည်း ဟုတ်တဲ့ကောင်တွေ။

Annoy But I LoveWhere stories live. Discover now