Final (Zawji)

2.9K 289 29
                                    

ဒ်ီရက်ပိုင်းတွေမှာ Chanyeol က Baekhyun အိမ်ကို တရားဝင် ဝင်ထွက်ခွင့်ရလာတယ်။ ဆေးရုံကို အ​ပြေးရောက်လာတဲ့ကိစ္စအတွက် မေမေ့မှာ Chanyeolကို ခုထိကျေးဇူးတင်မဆုံးဖြစ်နေရှာတာ။ သူငယ်ချင်းအားငယ်နေချိန် အပြေးရောက်လာတယ်ဘာညာပေါ့။
အရင်က ညနေလောက်မှသာ အိမ်ရှေ့ယောင်လည်ယောင်လည်လောက်ပဲလုပ်ခွင့်ရတဲ့ဘဝကနေ ခုဆို မနက် ၉နာရီဆိုတာနဲ့ အိမ်ရောက်လာပြီ။
ညနေပိုင်း အခမဲ့စာသင်ဝိုင်းတွေလည်း ပြီးသွားပြီဆိုတော့ ညနေထိ အိမ်မှာပဲ လာသောင်တင်နေတတ်တယ်။
Gahyun ကို ကျူရှင်လိုက်ပို့ပေးတယ်၊ မေမေ ဈေးဝယ်ထွက်ရင်လည်း အဖော်လိုက်ပေးတတ်ပြီး အမှိုက်အိတ်တွေ ကူပစ်ပေးတာမျိုးပါရှိတော့ မေမေ့မှာ သဘောကျမဆုံး။
Baekhyun လည်း လုပ်တာတော့လုပ်ပေးပေမယ့် ဂိမ်းသရဲဆိုတော့ ဂိမ်းဆော့နေချိန်ဆို ခိုင်းမရပြုမရလေ။
မေမေ့အချစ်တော်နေရာ ရမှန်းမသိရလာတဲ့ စောင်လောရှည်ကောင် >< ဒီရက်ပိုင်း Chanyeol ရောက်​ရောက်လာတတ်ပြီး အိမ်က ဆူဆူညံညံနဲ့ ခုမှ အသက်ဝင်လာသလိုဖြစ်​နေ​တော့ မေမေလည်း စိတ်ပျော်နေပုံရတယ်။ Gahyun က သွက်ပေမယ့် သင်တန်းတွေပတ်တက်နေတာနဲ့ အိမ်မှာမကပ်တာများတယ်။ Baekhyun ကျ စကားသိပ်မပြောဘဲ အခန်းထဲ စာလုပ်ရင်လုပ်နေ မလုပ်ရင် ဂိမ်းဆော့နေတတ်တာမျိုးဆိုတော့လေ။
ခုလည်း Chanyeol လာနေကျအချိန်ရောက်မလာ၍ မေမေ့မှာ တမျှော်မျှော်နဲ့။

"သား Chanyeollie လေး နေများမကောင်းဘူးလား''

"ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးပါမေမေရာ၊ ဖျားလည်းမသေပါဘူး''

"ရော် ဒီကလေးနှယ် ကိုယ့်သူငယ်ချင်းကို''

"သား သူငယ်ချင်းမဟုတ်ဘူး''

"သား သူငယ်ချင်းမဟုတ်ဘူးဆို အိမ်ကိုဘာလာလာလုပ်တာလဲ ကဲ ပြော! "

အဲလိုကျလည်း Baekhyun မှာ ဖြေစရာမရှိ။
သားကို လာပိုးနေတာလို့ပြောလို့လည်းမရဘူးလေ။
မေမေ သူ့ဘာသူရိပ်မိရအောင်ကလည်း အဲကောင်က ကျောင်းမှာ တစ်ကျောင်းလုံးရိပ်မိမတတ် မထိခလုတ်ထိခလုတ်တွေလုပ်ဖူးတာ သူမဟုတ်သည့်အတိုင်း မေမေ့ရှေ့မှာကျ ပုံမှန်ပဲ။ မဟုတ်ဘူး မေမေ့ရှေ့မှမဟုတ်ဘူး ဒီရက်ပိုင်းကိုပုံမှန်ဖြစ်နေသလိုပဲ အိမ်သာလာလာနေတယ် ရောက်လာရင် မီးဖိုထဲဝင်ကူလိုက်၊ Gahyun ကို ကျူရှင်လိုက်ပို့ပေးလိုက်နဲ့ Baekhyun နဲ့ စကားတောင်ပြောချိန်သိပ်မရှိ။

Annoy But I LoveWhere stories live. Discover now