8

6.5K 920 49
                                    

"စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ဒင်းဒေါင် ဒင်းဒေါင်''

'ဒီဇင်ဘာ စုပေါင်းလမ်းလျှောက်ပွဲ'ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျောင်းပိတ်ရက်ပေမယ့်လို့ အမိကျောင်းတော်ကြီးဟာ လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်နေတယ်။
မနက်၅နာရီဖြစ်ပေမယ့်လို့ နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းအချိန်အခါမှာ ကျောင်းဝန်းထဲမှာလည်း လျှပ်စစ်မီးအကူအညီနဲ့သာ လင်းနေရတယ်။
တခြားအချိန်ဆို ကျောင်းပိတ်ရက်ဖြစ်ပါက နေဖင်ထိုးအောင်အိပ်နေကြ ကျောင်းသားများကလည်း တက်ကြွလို့။မတက်ကြွနေရိုးလား လမ်းသလားပွဲကြီးကိုး။

အကုန်လုံး ပြုံးပျော်တက်ကြွပြီး ဟေးလားဝါးလားနဲ့ဆူညံနေပေမယ့် Park Chanyeol မှာတော့ မပျော်နိုင်သေး။
ကျောင်းပေါက်ဝကို တမျှော်မျှော်နဲ့ ကြက်ကြီးလည်လိမ်ထားသလိုရုပ်နဲ့မလို့ ဘေးက Kim Jongin မှာ မြင်ပြင်းကပ်လာပုံရသည်။

"မင်းက မင်းကြီးဒေါ် လင်နောက်လိုက်သွားတဲ့ရုပ်နဲ့ ဘာဖြစ်နေတာတုန်း''

"မင်းမှ မချစ်ဖူးပဲနဲ့၊ ငါ့ကိုဘယ်နားလည်မှာလဲ။ ငါ့မှာ ဒီပွဲကို ဘယ်လောက်အားခဲထားရလဲ"

"လာမှာ မင်းရဲ့အကောင်လေးက လာကိုလာမှာလို့ ငါပြောနေတယ်လေ။မလာလည်း ငါ့အူဝဲလေးကို ပဲနို့တစ်ကတ်လာဘ်ထိုးပြီး မပါပါအောင်ဝင်ခေါ်ခဲ့ဖို့ မှာထားပြီးပါပြီဆို''

"ဘာပဲဖြစ်ဖြစ်ကွာ''

"မင်းဟာက မချစ်ဖူး မူးမြစ်ထင်ဆိုသလို ဖြစ်နေပြီ"

ကိုယ့်ဘာသာကို ကိုယ့်ရဲ့ချစ်ရသူလေးမလာသေးလို့မှ စိတ်ညစ်နေရတဲ့အထဲ စကားပုံအမှားကြီးတွေနဲ့ တော်ကီပွားဆရာကြီးလုပ်နေတဲ့ Kim Jongin ကြောင့် အတော်စိတ်လေသွားတယ်။
Tsk! သူငယ်ချင်းအစုတ်အပြတ်လေးတွေပဲရှိတော့ ဖီးလ်တာတောင် ကောင်းကောင်းမဖီးလ်ရတဲ့ Chanyeol လေး ဘဝ သနားစရာမကောင်းဘူးလား :''(

"ဘာလို့ ဇွတ်ဆွဲခေါ်နေတာလဲ ဖြည်းဖြည်းလျှောက် မင်းခြေထောက်အရှည်ကြီးတွေကိုအမှီလိုက်ရတာ ငါမောတယ်''

အသံပိစိလေးကြောင့် ဘူနေတဲ့ Chanyeol စိတ်တွေ ဖလန်းဖလန်းဖြစ်သွားပြီး အသံကြားရာကိုလှမ်းကြည့်လိုက်တော့ တစ်မိုးအောက်က Crush လေး Baekhyunne။
Sehun ဆွဲခေါ်ရာနောက်လိုက်လာရတဲ့ ဆူပုပ်ပုပ်နဲ့ အကောင်ပေါက်လေးဟာ အအေးဓာတ်ကြောင့် နှာခေါင်းထိပ်လေးတောင်ရဲလို့။
အသည်းယားပြီး နှာခေါင်းထိပ်လေးကို လက်ညှိုးလေးနဲ့ ပြေးတို့ချင်မိတဲ့စိတ်ကို မနည်းလျှော့ချလိုက်ရသည်။ အေးလေ ရည်းစားတွေဖြစ်မှပဲတွေ့မယ်လို့ တေးထားလိုက်တယ်။

Annoy But I LoveWhere stories live. Discover now