Way to the stars - ကြယ်တွေဆီသို့
အချိန်တွေက ဒဏ်ရာတွေကို ကုစားပေးတာ
မဟုတ်ဖူး ငါတို့ကို ဒီဒဏ်ရာတွေနဲ့ ဘယ်လို
ဆက်ပြီးရှင်သန်ရမလဲ ဆိုတာ သင်ကြားပေးယုံပဲ( Unknown )
.
.အဲဒီနေ့က အပြာရောင်ကောင်းကင်ကြီးမှာ တိမ်ဖြူဖြူတွေ ဆော့ကစားနေခဲ့သည်။
" ဒန်နီရယ် "
ကြားနေကျ ခေါ်သံတစ်ခုကြောင့်ကောင်းကင်ပြာနဲ့တိမ်တွေကြားထဲ လွင့်မျောနေပုံရတဲ့ ဒန်နီရယ်က သူ့ဘက်ကိုလှည့်ကြည့်သည်။
ဆွတ်ရိန်သည် ဒန်နီရယ့် အတွက်အထူးတလည် ပြင်ဆင်ထားတဲ့ မနက်စာ ကြွေလင်ပန်းကို သယ်ကာ ဒန်နီရယ်ရှိရာကိုလျှောက်လာနေသည်။
မနက်ခင်း အလုပ်လာတိုင်း မီးဖိုခန်းထဲ အရင်ဆုံးဝင်အန်တီဆွေ အဆင်သင့် ပြင်ဆင်ထားတဲ့ မနက်စာကိုဝင်ယူပြီးမှ ဒန်နီရယ့်အခန်းဆီကိုလာနေကျဖြစ်သည်
" ဒီနေ့လည်း သကြားမပါတဲ့ထောပတ်သီးဖျော်ရည်နဲ့ကြက်ဥပြုတ် အရွက်သုပ် ပဲလား "
" စကားမများနဲ့ စားမှာသာစား "
ဒန်နီရယ်သည် ကျွန်တော့်စကားကို မတုံ့ပြန်ခဲ့သလိုသူ့အတွက် ပြင်ဆင်လာသောမနက်စာကိုလည်းစားမနေခဲ့ပါ။ပြတင်းပေါက်ကိုမှီကာ ကောင်းကင်ပြာကိုသာ ငေးမောနေခဲ့ပါသည်
တကယ်တော့ကင်ဆာသမားတွေရဲ့ဘဝကိုကျွန်တော် စာနာပါသည်။ ထမင်းမစားရ၊ ဂျူံမစားရ၊ အချိုမစားရ ၊ Ready Made Food တွေမစားရ စသဖြင့် ကန့်သတ်ချက်တွေ များလွန်းတာမို့ ကျွန်တော်သာဆိုလည်း စိတ်ညစ်မိမှာပဲ ဖြစ်သည်။
" တိမ်တွေကပေါ့ပါးတယ်နော် "
ကျွန်တော် ဒန်နီရယ့်ဘေးမှာဝင်ထိုင်လိုက်ရင်း
ပြတင်းပေါက်ကနေ ကောင်းကင်ကိုအတူမော့ကြည့်လိုက်သည်။ မနက်ခင်းစောစောဖြစ်သောကြောင့် မျက်နှာကိုတိုက်ရိုက်ထိလာသော်လည်း နေရောင်ခြည်သည်နွေးနေ၏" ငါသေသွားရင်လည်း တိမ်လေး ဖြစ်ခွင့်ရရင်ကောင်းမယ် အဲဒါမှ လွင့်ချင်ရာ လွင့်လို့ရမှာ "
YOU ARE READING
Way to the stars [Completed] Z+U
Romanceဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်ကိုပြေးပြေး ကျွန်တော့်ရင်ပြင်ကျယ်ကြီးထဲကနေ မလွတ်မြောက်နိုင်မှာလေ 🌻