Part - 5 ( Zawgyi)

6.1K 755 20
                                    


Way to the stars - ကြယ်တွေဆီသို့

"မင်းအလင်းရောင်မှာ ဒီကမ္ဘာကြီးလင်းတယ် မင်းစကားသံဟာ ဒီကမ္ဘာရဲ့ သီချင်းပဲ မင်းဆေးရောင်နဲ့ကမ္ဘာတစ်ခွင်လုံး ဆေးခြယ် မင်းအတွက် ကဗျာတွေ ကမ္ဘာနဲ့ရင်းရေးဖွဲ့ "

Ar-T ရဲ့ ချစ်နေဖို့ဆိုတဲ့ သီချင်းလေး ခပ်တိုးတိုး ညည်းရင်း ကျွန်တော် အလုပ်သွားဖို့ ပြင်ဆင်နေမိသည်။

ဒီသီချင်းကို ဘာကြောင့် ဆိုနေမိမှန်းတော့မသိ။ သေချာသည်ကတော့ ဒီနေ့ ကျွန်တော်ပျော်နေခြင်းပင်

ရာသီဥတုကပဲ သာယာနေခြင်းကြောင့်လား။ ဒါမှမဟုတ် ဒန်နီရယ်နဲ့ ဘောလုံးပွဲအတူကြည့်ရမှာမို့ အတွက် ကြိုပြီး စိတ်လှုပ်ရှားနေခြင်းကြောင့်လား

ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်နေသည် ကတော့ သေချာသည်လေ။

" ဆွတ်ရိန်... ဖုန်းလာနေတယ် သား အလုပ်ဆင်းနေတဲ့ အိမ်ကတဲ့ "

ဒန်နီရယ့် နဲ့အတူကြည့်ဖို့ ကြိုဝယ်ထားခဲ့သောဘောလုံးပွဲ လက်မှတ်နှစ်စောင်ကို အိတ်ထဲထည့်နေစဉ်မှာပင် အခန်းအပြင်ဘက်က အမေ့ဆီမှ အော်သံကြားရသည်။

ဟုတ်သားပဲ... မနက်က အိမ်ရှေ့မှာ ဖုန်းအားသွင်းမိခဲ့တာကို သူမေ့နေတာ။

သူ အပြင်ထွက်မလို့ ပြင်စဉ်မှာပင် အမေက အခန်းပေါက်ဝကို သူ့ဖုန်းနဲ့အတူ ရောက်လာသည်။

အမေ့လက်ထဲကဖုန်းကိုယူပြီး Contact ကိုကြည့်မိတော့ ဒန်နီရယ့်အမေ အန်တီဒေါ်မာလာခင် ဆီကပင်

" ဟုတ်ကဲ့ အမိန့်ရှိပါ အန်တီ "

" သားရေ အခုမှ ဖုန်းဆက်လိုက်မိတာ ဆောရီးပါကွယ် သား ဒီနေ့ကစပြီး တစ်ပတ်တိတိ အလုပ်ဆင်းစရာ မလိုသေးဖူးနော် မနက်ဖန် ဒင်နီရယ့်ကို ခေါ်ပြီး အန်တီတို့ စင်ကာပူ မှာ ဆေးခန်းပြဖို့ သွားရမှာလေဆရာဝန်ပေးထားတဲ့ ရက်ချိန်းပြည့်ပြီမို့လို့ အဲဒါ သားတစ်ပတ်လောက် အိမ်မှာ အေးအေးဆေးဆေးနားလို့ရတယ်လို့ အန်တီ လှမ်းအကြောင်းကြားတာပါ "

 Way to the stars [Completed] Z+UWhere stories live. Discover now