Part - 18 (Unicode)

4.1K 553 19
                                    

ကြယ်တွေဆီသို့

"ဆွတ်ရိန်.... ငါတို့ ဇာတ်လမ်းကို ဒီမှာပဲ
အဆုံးသတ် လိုက်ရအောင်..... "

ဆွတ်ရိန်က နောက်သို့ယိမ်းယိုင်သွားသော ခန္ဓာကိုယ်ကို လက်နှင့်ပြန်ထောက်လိုက်ကာ ဒန်နီရယ့်အား နားမလည််နိုင်သလိုအကြည့်မျိူးဖြင့် ဆွေးမြေ့စွာကြည့်လိုက်သည်။

"ငါ့ကို အဲလိုမနောက်နဲ့ ဒန်နီရယ် ငါမကြိုက်ဖူး "

ဆွတ်ရိန်၏အသံသည်ခြောက်သွေ့ပြီး အနဲငယ် အက်ကွဲနေသည်။ နောက်တော့ ဒန်နီရယ့်မျက်၀န်းတွေကို ငေးစိုက်ကြည့်ရင်း တစ်ချက်ခန့် ပြုံးသည်။

ထိုအပြုံးသည် သေချာပေါက်ရင်ဆိုင်ရတော့မည့် အရာတစ်ခုကိုမြင်နေရသည့်တိုင် မသိချင်ယောင်ဆောင်သော ရူးချင်ယောင်ဆောင်သည့် အပြုံးမျိူးဖြစ်သည်။

"ဆွတ်ရိန် မင်းသွားတော့ကွာ မနက်ဖန်ကစပြီး မင်းအလုပ်ဆင်းစရာမလိုတော့ဖူး မာမီကို ငါပြောလိုက်မယ် မင်းအတွက်ဘာမှမနစ်နာစေရဖူး နောက်ထပ်အလုပ်တစ်ခုရဖို့အတွက်လည်း မာမီစီစဉ်ပေးလိမ့်မယ် "

"ဒန်နီရယ် မင်းရူးနေပြီလားငါနစ်နာတယ် မနစ်နာဖူးဆိုတာ မင်းဘယ်လိုဆုံးဖြတ်လဲ အခုအချိန် ငါလိုချင်တာ မင်းအနားမှာ နေခွင့်ရဖို့တစ်ခုတည်းပဲ ငါ့ကိုစွန့်ပစ်ဖို့မကြိုးစားနဲ့ ဒန်နီရယ် ငါ တကယ် သေလိမ့်မယ် ပြောစမ်းပါ..... မင်းရော ငါ့ကို လိုအပ်နေသေးတယ် မဟုတ်လား "

မျက်ရည်ကြည်တစ်ချိူ့သည် ဆွတ်ရိန်၏မျက်ခမ်း စပ်တစ်ဝိုက် ဝှေ့သီလာသည်။ဒန်နီရယ့်အား မည်သည့် အကြောင်းကြောင်းမှ သူမစွန့်လွှတ်နိုင်။

သူ့အပေါ်ကို အသက်မပါသလို အေးစက်စက်နှင့် စိမ်းကားစွာ ကြည့်နေသော ဒန်နီရယ့်၏ မျက်၀န်းတွေကိုလည်း သူ ရင်မဆိုင်ရဲပါ။

ထိုမျက်၀န်းတွေသည် စကားမပြောတတ်သည့်တိုင် သူ့အားလိုလားသည့်ဟန်မပြတာကို သူရိပ်မိသည်ပဲ ။

အဲလို မျက်၀န်းမျိူးတွေနဲ့ ငါ့ကိုအဝေးဆုံးကိုတွန်းမပို့ပါနဲ့ဒန်နီရယ်။မင်းအနားကနေ ငါ့ကို အလွယ်တကူ ထွက်သွားခွင့် မပေးလိုက်ပါနဲ့....။

 Way to the stars [Completed] Z+UWhere stories live. Discover now