ယောက်ျားပျက် (၂)

4.9K 190 3
                                    


လရောင် စကားကြောင့် ကောင်း ဘာလုပ်ရမှန်းမသိပဲ ကြောင်စီစီနဲ့ ရပ်နေလိုက် မိပါတယ်။ တကယ်ဆို ကောင်းသိထားတာက အနှိုပ်ခံတဲ့ သူကသာ အဝတ် အစားတွေ ချွတ်ရတာမျိုး အခုဟာက ကောင်းကို ချွတ်ခိုင်းနေတာ။
"ဟိုလေ အနှိုပ်ခံတဲ့ သူကပဲ အဝတ်အစားတွေ ချွတ်ရတာ မဟုတ်ဘူးလား ဟင် အကို"
"အမလေး ဟုတ်ပါတယ် အဖေရယ် အခုက ကျုပ်က ခများကို နှိုပ်ပေးမလို့ပါ ခများက အနှိုပ်ခံပြီး ဘယ်လို နှိုပ်တယ် ဆိုတာကို လိုက်မှတ်ရမှာပါ ဟုတ်ပြီလား ကဲ ကြာတယ် အမြန်လုပ်"
"အော် ဟုတ် ဟုတ်"
ကောင်း အင်ကျီနဲ့ ဘောင်းဘီကို ချွတ်ခါ အောက်ခံ ဘောင်းဘီလေးသာ ကျန်တော့မှ လရောင်က
"ကဲ ဒီပေါ်တက်ပြီး မှောက်"
ဘောင်းဘီတိုလေးနဲ့မို့ ကောင်းလန့်သွားခါ လက်နှစ်ဖက်ကို နောက်ကို ပစ်လိုက်ပြီး ကာထားလိုက်ရင်း
"ထိုင်နှိုပ်လို့ မရဘူးလားဗျာ"
"မရဘူးဟေးးးးးမရဘူး အကြောကရှည်သလား မမေးနဲ့ တက်ကြာတယ် နင့်ကို ဘာမှမလုပ်ဘူး"
"ဟုတ် ဟုတ်ကဲ့"
ကောင်း ကုတင်လေးပေါ် တက်ခါ မှောက်လိုက် ပေမယ့် သူ့တင်ပါးကိုတော့ လက်လေး နှစ်ဖက်နဲ့ အုပ်ခါ ထားဆဲ။ လရောင် တစ်ချက်ပြုံးလိုက်ပြီး ကောင်လေး ရဲ့ခြေထောက်ကို တစ်ရှုးနဲ့ သုတ်ရင်းက
"ကောင်းကို အကိုက ဒီနေ့အောက်ပိုင်း နှိုပ်တာ သင် ပေးမယ် ပြီးရင် မြတ်သူက service ပိုင်းနဲ့ ပက်သက် တာကို သင်ပေးလိမ့်မယ် ဟုတ်ပြီလား"
"အ့ အား အဟ့ ဟုတ် ဟုတ် အား"
"ဟဲ့ ဘာဖြစ်နေတာတုန်း တွန့်လိမ်ပြီးတော့"
"ယား ယားလို့ဗျ မနေနိုင်တော့ဘူး"
လရောင် ရီလိုက်မိပြီးတော့မှ
"မရလဲ ငြိမ်ငြိမ်နေ အောင့်ထား သေချာလိုက်မှတ်"
"ဟုတ်ကဲ့ပါဗျာ"
ကောင်းအတွက် အတော်လေး ခံရခက်လှတယ်။ ခြေဖဝါးကို ကိုင်တာ တအားယားတယ်လေ ပြီးတော့ သူ့ လုပ်ပုံကိုင်ပုံတွေကိုလဲ လိုက်မှတ်ရသေးတယ် မဟုတ်လား။
လရောင်က ခြေဖဝါးကနေ ပေါင်ရင်းအထိ နှိုပ်နယ်ပုံ များကို တဖြေးဖြေးချင်း လုပ်ပြသွားတာမို့ မှတ်ရတာ တော့လွယ်ပါတယ်။ နေ့လည်ပိုင်း ရောက်တော့ မြတ်သူဆိုတဲ့ Senior အကိုတစ်ယောက်က ဧည့်သည်ကို ဘယ်လိုပုံစံနဲ့ ဆက်ဆံရမယ် ဆိုတာတွေ အခနိးပြင်ဆင်ပုံတွေ နှိုပ်ပြီးရင် ပြန်သိမ်းပုံတွေ တစ်ခုပြီးတစ်ခု သင်ပေးပါတယ်။ ကောင်းလဲ အတက်နိုင်ဆုံး စိတ်ဝင် တစားနဲ့ လိုက်မှတ်ပါတယ်။ အိပ်ယာခင်း ခင်းနေရင်း မြတ်သူက
"ကောင်း မင်းက ငယ်ငယ်ချောချောလေး ဆိုတော့ ဧည့်သည်ကျမှာ သေချာတယ် ဒါပေမယ့် တစ်ခုရှိတာက ဧည့်သည်က အသက်မေးရင် ၁၈ လို့ပဲ ပြောရမယ် နောက်ပြီး နာမည်ကိုလဲ မေးရင် အမှန်မဖြေနဲ့ တစ်ခုခုကို ကို့ဖာသာ သတ်မှတ်ထား တစ်ချို့ဧည့်သည် တွေက သာယာရုံတင်မကဘူး ကျေနပ်ချင်ကြတာ အဲဒိအခါ ကြရင် မင်းကို သူတို့ ဈေးညှိုလာလိမ့်မယ်"
"ဘာလုပ်ဖို့လဲ အကို"
"အပြင်မှာချိန်းပြီး မင်းနဲ့ပျော်ပါးဖို့ပေါ့"
"ဟာ ကျနော် အဲဒါမျိုးတွေ ဝါသနာ မပါဘူးအကို"
"အေး မပါလဲ မင်းဖက်က အတက်နိုင်ဆုံး အလိမ္မာနည်းနဲ့ ရှောင်ပါ ပြသနာ မတက်စေနဲ့ ကိုယ်ထိလက် ရောက် လွန်ကျူးလာရင်လဲ ပြသနာမတက်အောင် ရှောင်ရမှာ မင်းတာဝန်ပဲ"
"ဗျာ"
မြတ်သူက စောင်အလည်မှာ အလှခင်းထားတဲ့ ပုဝါ လေူကို နေရာတည့်အောင် ချရင်းက
"ဟုတ်တယ် ကောင်းရေ ဒီလိုလုပ်မှတော့ ဒါတွေနဲ့ မကင်းဘူးလေကွာ မင်းလဲတွေ့ရမှာ မပူနဲ့ ဟားးးး"
"သူတို့ ညှိုရဲတယ်ဆိုထဲက အ့တာမျိုး လုပ်တဲ့သူတွေ ရှိလို့ပေါ့နော် အကို"
မြတ်သူ မျက်နှာ တစ်ချက်ကွက်ခနဲ ပျက်သွားခါ
"အေးပေါ့ကွာ လုပ်တဲ့သူတွေလဲ လုပ်ကြမှာပေါ့ ရော့ ဒီပုဝါကြီးကို ဖြန့်လိုက် လိုက်တဲ့ ပုံစံ အကို ပြပေးမယ်"
"ဟုတ်ကဲ့ အကို"
ဒီလိုနဲ့ ကောင်းကို ဒုတိယနေ့မှာ လရောင်က ခန္ဓာကိုယ် အပေါ်ပိုင်း နှိုပ်တဲ့ပုံစံတွေ သင်ပေးပြီး မြတ်သူကလဲ လိုအပ်တာတွေ ထက်သက်ပေးပါတယ်။ ဆီစပ်ပုံ ဖယောင်းတိုင်ကို အမွှေးဆီနဲ့ ထွန်းပုံ အစုံပါပဲ။
တတိယမြောက်နေ့မှာတော့ လရောင်ကော မြတ်သူ ကပါ သူတို့သင်ထားသမျှတွေ တက်မတက် ပြန်စစ် ဆေးပါတယ်။
စတုတ္ထမြောက်နေ့မှာတော့ ကောင်းထက်ကျော်ဟာ ဒီ SPA ရဲ့ ဝတ်ထမ်းအသစ်လေး အဖြစ်စတင်ပြီး ပါဝင်ခွင့် ရခဲ့ကါတော့တယ်။
ဧည့်သည်လာမယ့်အချိန်ကို ရင်မောစွာ စောင့်ရသလို လာပြန်တော့လဲ ကို့ကိုမှ ခေါ်ပါ့မလားလို့ တွေးပြီးရင်ခုန်ရပါသေးတယ်။ နားနေခုံမှာ ထိုင်ရင်း ကောင်းက မြတ်သူကို
"အကို အကိုတို့ ဧည့်သည်မလာကို ဘာလို့မမျှော်တာလဲ ပြီးတော့ ကို့ကိုမခေါ်မှာကော မစိုးရိမ်ဘူးလား"
"ဟား ဟား ဟား မေးတက်တယ် ကောင်းရာ အလုပ်လုပ်ဖို့လာတာ ဘယ်သူမဆို လုပ်ချင်တာပေါ့ ဒါပေမယ့် ကို့ကိုခေါ်မှ ကိုကနှိုပ်ပေးရတာလေကွာ အဲဒိတော့ စိတ်အပင်ပန်း မခံနေတော့ဘူး မေ့မေ့ပြောက်ပြောက်ပဲ နေလိုက်တယ် ခေါ်မှပဲ ထသွား လိုက်တာ နားအေးရော"
"တနေကုန် မနှိုပ်ရတာကော ရှိလား"
"ရှိတာပေါ့ ကောင်းရ ဒါက ကို့ကံနဲလဲ ဆိုင်တယ် ရုပ်ရည်နဲ့လဲ ဆိုင်တယ် တခါတစ်လေ ထမင်းစားချိန်မှ ရောက်လာလို့ မစားပဲနှိုပ်ပေးရတာတွေရှိတယ် အဲဒါ တောင်မှ လူက ဆက်သွားရင် မတကိစာကို ငတ်ရော ဟား ဟား ဟား"
တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်မို့ ရင်ခုန်နေတာတော့ အမှန်ပဲ။ အဲဒိ့ချိန်မှာပဲ လရောင်အသံကို ကြား လိုက်ရတာမို့ ကောင်း အရမ်းပျော်သွားရပါတယ်။
"ကောင်းရေ ဧည့်သည် ဝင်မယ် VIP(3) ကိုပြင်"
"ဟုတ်ကဲ့ အကို"
"သွားသွား င့ကောင်တော့ ဈေးဦးပေါက်ပီ ဟားးးးး"
အခန်းကို ပြင်ဆင်ပြီး ချိန်မှာတော့ ဧည့်ခန်းကို သွားခါ ဧည့်သည်ကို
"အကို အခန်းထဲ ဝင်လို့ ရပါပီ ခမျာ့"
ဧည့်သည်က ကောင်းမျက်နှာကို တစ်ချက်ကြည့်ခါ ကျေနပ်သလို ပြုံးလိုက်တာ တွေ့ရပါတယ်။ အခန်းထဲ ရောက်တော့ ဧည့်သည်က သူ့ဖာသာသူပဲ အဝတ်အစားတွေ ချွတ်နေတာမို့ ကောင်းက ယူခါ ချိတ်နဲ့ ချိတ်ပေး လိုက်ပါတယ်။ ပြီးတာနဲ့ ဧည့်သည်က အနှိုပ်ကုတင်ပေါ် တက်ပြီး မှောက်ချလိုက်တာမို့ နှိုပ်နေကျ ဖြစ်ပုံပေါ်ပါတယ်။
ကောင်းဧည့်သည်ရဲ့ ခြေထောက်တွေကို တစ်ရှုးနဲ့ သုတ်ပေးလိုက်ပြီး သေချာစပြီး နှိုပ်နယ်ပေး လိုက်ပါတယ်။ နှိုပ်နေရင်းက
"အဆင်ပြေရဲ့လား အကို ကျနော် အားထက်စိုက် ပေးရမလားဗျ"
"ရတယ် ရတယ် ညီလေး အဆင်ပြေတယ်"
"ဟုတ္ကဲ့ခမ်"
အခြားသူတစ်ယောက်ရဲ့ ခြေထောက်ကို ယုယစွာဂကိုင်တွယ်ပြီး နှိုပ်ပေးရတဲ့ အတွက်တော့ ကောင်း ဘာမှ မခံစားရပါ။ အဓိကကတော့ ထိုက်တန်တဲ့ တန်ကြေး တစ်ခုကို လိုချင်လို့ ထိုက်တန်စွာ ပြန်ပေးရ ခြင်းလို့ပဲ မှတ်ယူထားပါတယ်။
ကောင်းဧည့်သည်ရဲ့ တင်ပါးပေါ် တက်ထိုင်ခါ ကျောတွေကို သေချာ နှိုပ်နယ်ပေးပါတယ်။ ပြီးတော့မှ ခန္ဓာကိုယ်အနှုံ့ ဆီနဲ့နယ်ခါ အကျောပြေအောင် တွန်းပွန်ခါ နှိုပ်နယ်ပေး လိုက်ပါတယ်။ Air Con ဖွင့်ထားတဲ့ အခန်းထဲမှာ ကောင်း ခြွေးတွေစို့ရုံမျှမက စီးလို့ပင်ကျလာ ပါတယ်။ အားနဲ့စိုက်ပြီး နှိုပ်ရတာ မဟုတ်လား။ အောက်ပိုင်းနဲ့ ကျောပိုင်းပြီးတော့ ကုတင်ရဲ့ ခေါင်းရင်းဖက်မှာ ရပ်ခါ ကောင်းက ဧည့်သည်ရဲ့ ပုခုံးတွေကို နှိုပ်နယ်ပေးနေတုန်း ဧည့်သည်ရဲ့လက် တွေက ကောင်းရဲ့ ပေါင်ကို လာကိုင် လိုက်ပြီး ညှုစ် လိုက်ပါတယ်။
"အကိုနာလို့ လားဗျ"
"ရတယ် အကျောတွေက တင်းနေလို့ နှိုပ် နှိုပ်"
အောက်က ယူနီဖောင်းသဘောမျိုး ပေးထားတဲ့ ရှမ်းဘောင်းဘီလေး ဝတ်ထား တာမို့ ကိုင်ပါစေ ဆိုပြီး ဘာမှ မပြောပဲ နေနေလိုက်ပါတယ်။ ဒါပေမယ့် သတိ တော့ထားနေရတယ်လေ။ နှိုပ်နေရင်းကပဲ ကောင်း ရဲ့ ပေါင်ကနေ တဆင့် ဧည်သည်ရဲ့လက်က ရွေ့လျား သွားတာနဲ့ တစ်ပြိုင်နက်ထဲ ကောင်း နောက်ကို ဆတ်ခနဲ ဆုတ်လိုက်ခါ ဧည့်သည်ရဲ့ လက်ကို အသာလေး တွန်းလွှတ် လိုက်ပါတယ်။ ဧည့်သည်က
"ဘာလို့လဲ ညီလေးရာ ခနလေးပါ အကိုမုန့်ဖိုးပိုပေး ပါ့မယ် နော်"
"မလုပ်ပါနဲ့ဗျာ ကျနော် အဲဒါမျိုးတွေ ဝါသနာမပါလို့ပါ"
"အဲဒါဆို အပြင်မှာဆိုရင်ကော မင်းလိုချင်တာလဲ ကို ဝယ်ပေးမယ်လေ"
"စိတ်မရှိပါနဲ့ အကို ကျနော် မတွေ့နိုငိပါဘူးဗျ"
"ဘာလဲကွာ မင်းကလဲ ဒီအလုပ်လုပ်နေပြီး ဒါလေးမှ အထိမခံ ဖြစ်နေရင် တခြားဟာ ပြောင်းလုပ်လေကွာ မင်းတို့က သူများကို ဖီးတက်အောင် နှိုပ်ပေးပြီး ကိုကကျတော့ အထိမခံတော့ ငါတို့က သောက်ရူးတွေ လားကွ ဟမ်"
နှိုပ်ခံနေရာကနေ ထထိုင်ခါ ခပ်မာမာ ပြောလာတဲ့ စကားတွေကြောင့် ကောင်း ဘာမှပြန်မပြောပဲ ကြုံ့၂ လေး ခေါင်းသာငုံ့ထား လိုက်မိပါတယ်။ တကယ်ဆို အခုဟာက နှိုပ်တာပါ သူ့ကိုသာယာအောင် နှိုးဆွပေး နေတာမှ မဟုတ်တာ။ သူ့ဖာသူ တဏှာစိတ်က ငယ်ထိပ်ရောက် နေတာ ကောင်းလဲ မတက်နိုင်တော့။
"ဘယ်လိုလဲ ညီလေး မင်းဘာလုပ်မှာလဲ"
"ဟိုလေ ကျနော် ဆက်ပြီး နှိုပ်ပေးပါ့မယ် အကို"
"ငါပြောတာတော့ တစ်ခုမှ သဘောမတူနိုင်ဘူးပေါ့"
"စိတ်မဆိုးပါနဲ့ အကိုရယ် ကျနော်အခုမှ အလုပ်စဝင်တာမို့ပါ နောက်ပြီး အဲဒါမျိုးတွေလဲ မလုပ်တက်လို့ပါအကိုရယ် ကျနော် တောင်းပန်ပါတယ်နော်"
"အိုခေ ရပြီ တော်ပြီ ငါရေချိုးတော့မယ်"
"စိတ် စိတ်မဆိုးပါနဲ့နော် အကိုနော်"
"ရတယ် ထားလိုက်"
ကောင်းအတင်းတောင်းပန်နေပေမယိ့ ဟိုလူကမရပေ။ ရေမိုးချိုး အင်ကျီတွေ ဝတ်ပြီး အလန်းပြင်ပြန်ထွက် သွားပါတော့တယ်။ ကောင်တာမှာ ထိုင်နေတဲ့ ကိုလရောင်စီမှာ ပိုက်ဆံရှင်းနေရင်းက လရောင်က
"အဆင်ပြေရဲ့လား အကို"
"အမြဲတမ်းလာတာ အဆင်ပြေတယ် ဒီတစ်ခါ လုံးဝ မပြေဘူး နှိုပ်တာလဲ ဘာမှအသုံးမကျဘူး ဆက်ဆံ ရေးကလဲ အရမ်းညံ့တယ်"
"ဟာ ဟုတ်လား သူက ဒီနေ့မှ စဝင်တာမို့ပါ အကိုရာ ညီတောင်းပန်ပါတယ်နော် နောက်တစ်ခါ ဆိုဒါမျိုး မဖြစ်စေရဘူး စိတ်ချပါအကိုနော်"
ကောင်းက ဘေးလေးမှာ အံ့သြမှင်သတ်စွာ ရပ်ပြီးသာ ကြည့်နေမိပါတယ်။
"ကောင်း ဧည့်သည်ကို တောင်းပန်လိုက် နောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူးလို့"
"ဗျာ"
"တောင်းပန်လိုက်ဆိုနေ"
တကယ်ဆို လုံးဝမတောငိးပန်ချင်ပေမယ့်လည်း
"ကျနော် တောင်းပန်ပါတယ် အကို နောက်တစ်ခါဆို မဖြစ်စေရပါဘူး"
ဘာအပြစ်မှ မရှိပဲတောင်းပန်လိုက်ရတာ ရင်ထဲမကောင်းတော့။ စို့နငိ့လို့လာရတယ်။ ပြန်ပြီး ငြင်းလိုက် ချင်ပေမယ့် အလုပ်မျက်နှာလေးနဲ့ သည်းခံလိုက်ရ ပါတော့တယ်။ ဧည်းသည်ပြန်သွားတော့မှ လရောင်က ကောင်းကို သူ့နားကိုခေါ်ခါ ပုခုံးကို ပုတ်လိုက်ပြီး
"ဘာမှစိတ်ထဲမထားနဲ့ ကောင်း အဓိကက ကို့အလုပ် ကိုကိုယ့်ဖာသာ အကောင်းဆုံးဖြစ်အောင်လုပ် ဒါပဲ"
သူ့ကို မဆူပဲ အပေးနေတဲ့ လရောင်ရဲ့မျက်နှာကို သူ အံ့သြစွာ ကြည့်လိုက်မိရင်း
"ခုဏကလေ ကျနော်.,"
လရောင်က ဆက်မပြောရန် ပြုံး၍ ခေါင်းငြိမ့်ပြပြီးမှ
"အကိုတို့က ဒါမျိုးဧည့်သည်တွေ ကြုံရတာ ရိုးနေပြီ ကောင်းရှင်းပြစရာ မလိုဘူး နားလည်တယ် ဟုတ်ပြီလား"
"ဟုတ်ကဲ့ အကို ကျေးဇူးပါဗျာ"
အဲဒိ့နေ့က ၂ ဦးကို ကောင်းနှိုပ်ပေး ခဲ့ရပေမယ့် ဒုတိယ လူကတော့ အဆင်ပြေခဲ့ရုံမျှမက မုန့်ဖိုး ၅၀၀၀ ပင်ပေးခဲ့ သေးတာမို့ အသက်ရှု ချောင်ခဲ့ရပါတယ်။
နောက်တစ်နေ့လဲ ကောင်းပထမတစ်ဦးကို နှိုပ်ပေးပြီး နားမလို့ လူပ်နေတုန်းမှာပဲ
"ကဲ ကောင်းတဲ့ဟေ့ ဧည့်သည်ခေါ်ပြန်ပြီ VIP(2) ကို ပြင်ပေတော့ ဝင်ကောဝင်နိုင်ရဲ့လား နားဦးမလား"
"ရတယ်အကို ဝင်နိုင်တယ် ကျနော် အခုပြင်လိုက်မယ်နော် ခနလေး"
"အင်း ကောင်းတို့တော့ စမ်းပွင့်ချက် တစ်အားပဲ"
ကောင်း အခန်းကိုပြင်ပြီး ပြန်ထွက်လာတော့ အနှိုပ်သမားထဲမှ senior တစ်ယောက်ဖြစ်တဲ့ ကိုဥက္ကာက
"ကောင်း သူ့ကို သတိထားနော် ရှော့ရှိတယ်"
"ဗျာ ဟုတ်ကဲ့ ဘယ်လို သတိထားရမလဲ ကိုဥက္ကာ"
"ကောင်းရေ အဆင်သင့်ဖြစ်ရင် လာတော့ဟေ့"
အရှေ့ကလဲ ကိုလရောင်က အော်ခေါ်နေတာမို့
"သတိသာထားပါ သွား သွား နောက်ကျလို့ ကောနေမယ်"
ကောင်းအခန်းရှေ့ကို ပြေးထွက်လိုက်ရင်း နှဖူးကခြွေးစ တစ်ချို့ကို လက်ဖမိုးနဲ့ သုတ်လိုက် မိပါတော့တယ်။ စိတ်ထဲကနေပြီးတော့လဲ ဟူးးးး မလွယ်ပါလား လို့ တွေးရင်း ခေါင်းကိုသာ ခါလိုက်မိပါတော့ရဲ့။
ဧည့်ခန်းရောက်တော့ သူနဲ့အရွယ်ချင်း မတိမ်းမယိမ်း ခပ်နွဲ့နွဲ့ ကောင်လေးတစ်ယောက်။ နွဲ့ရုံတင်မကသေး ပြင်ထားတာကလဲ အတော်သိသိသာသာ။ အဝတ်အစားသာ ဘောင်းဘီနဲ့ ယောက်ျားဝတ် တီရှပ် ဝတ်ထား အတော်လေး မိန်းမဆန်ပုံရတယ်။
"အဆင်သင့်ဖြစ်ပါပြီဗျ ဝင်လို့ရပါပြီ"
"ဟရ် ချစ်စရာလေး မိုက်ပြီ"
သူနောက်ကနေ လိုက်လာရင်းက အခန်းထဲလဲ ရောက်ရော အဲဒိကောင်လေးက သူ့အဝတ်အစားတွေ ကို အကုန်ချွတ်ခါ အတွင်းခံဘောင်းဘီ ကိုပါ ချွတ်ဖို့ ပြင်နေတာမို့
"ဟာ အတွင်းခံ မချွတ်နဲ့လေ မလိုဘူးခမျ"
"ချွတ်ချင်လို့"
"ဟာ မချွတ်နဲ့ ချွတ်ရင် ကျနော် နှိုပ်ပေးဖို့ အဆင်မပြေဘူး"
"အမလေး ဖြစ်နေလိုက်တာ ဟင်း ဟင်း ရုပ်ကလေး ချောလွန်းလို့ သည်းခံလိုက်တယ်မှတ်"
မဲ့ရွဲ့ခါ ပြောလိုက်ပြီး ကုတင်ပေါ်တက်ခါ မှောက်လိုက်ပါတော့တယ်။ မှောက်တာကလဲ ကြည့်ဦး။ တင်ပါးကြီးက သိသိသာသာ တမင်ကြွထားသလို အပေါ်ကို မောက်တက်နေတာမို့ ကောင်းမျက်မှောင်ကျုတ်ခါ သာမန်ဆို ပုဝါအသေးနဲ့ တငိပါးကို အုပ်ပေမယ့် သူ့ကိုတော့ ပုဝါအကြီးကြီးနဲ့ အုပ်ပေးခါ တင်ပါးကို လက်နဲ့ ဖိချ လိုကိပါတယ်။ ဖိချတဲ့အချိန်ကျသွားပြီး လွှတ်လိုက်တာနဲ့ ပြန်ကုန်းတက်လာပါတယ်။
စိတ်ပျက်မိတာတော့ ပြောမနေနဲ့။ ဘယ်လိုတွေမှန်း မသိဘူး စိတ်ရှိလက်ရှိ ထိုးထည့်လိုက်ရရင်တော့ နာတော့မယ်။ ထွက်လာတဲ့ ဒေါသက ပါးစပ်ကနေ အလိုလို တောက်ခ်ခေါက်မိရက်သား ဖြစ်သွားရပြန် ပါရဲ့။
"တောက်"
"ဟင် နင်က ငါ့ကို တောက်ခေါက်တယ် ဟုတ်လား customer ကို စော်ကားတာ လူပါးဝတာ တွေ့မယ်"

ယောက်ျားပျက်။Where stories live. Discover now