ယောက်ျားပျက် (၁၀)

2.7K 170 2
                                    

ကောင်း သဘောကျစွာ ရီလိုက်မိရင်းက
"အဲဒါကတော့ အကို့သဘောပါဗျာ ကျနော်တို့ အလုပ်က ည ၁၁ နာရီထိ လုပ်ရတာ အခုမှ ၄ နာရီပဲ ရှိသေးတယ်"
"အင်း အိုခေလေ အဲဒါဆို ကိုအပြင်ထွက်တော့မယ်"
"ဟုတ်ကဲ့ပါ ကိုမင်းသန့် အခုလို လာအားပေးတာ ကျေးဇူးပါဗျ နောက်လဲ လာအားပေးပါဦး"
"အင်း အမြဲမလာနိုင်ပေမယ့် မင်းရှိနေသရွေ့တော့ မကြာမကြာ ရောက်ဖြစ်နေဦးမယ်နဲ့ တူတယ်"
ကောင်း ပြုံးပြရင်း ခေါင်းသာ ငြိမ့်ပြ လိုက်ပါတော့ရဲ့။ တကယ်လဲ မင်းသန့်မောင်က ဆိုင်ရဲ့ မျက်စောင်းထိုး က ကွမ်းယာဆိုင်လေးမှာ အေးအေးဆေးတေး ထိုင်ခါ စောင့်နေတာ ကောင်းတွေ့ရပါတယ်။ အပေါ်ထပ် ကနေချောင်းကြည့်တာမို့ မင်းသန့်ကတော့ မသိပေ။
အစကတော့ ကောင်းကို မာနကြီးလို့ ဆိုပြီး ကြည့်မရ ခဲ့တဲ့ မင်းသန့် အခုတော့ ကောင်းနဲ့ ခင်မင်ဖို့ ထိုင်စောင့်နေတာတဲ့။ ကောင်း ကျေနပ်စွာ ပြုံးမိတယ်။ အနိုင်အရှုံးတွက် မဟုတ်ပါဘူး နားလည်ပေး နိုင်တဲ့သူ တစ်ယောက်ပေါ်လာလို့ပါ။ ကောင်း ခနနားပြီး ဧည်သည် စောင့်နေလိုက်ပါတယ်။ အတော်နဲ့ အခန်းမဝင်ရ ပဲ ထမင်းစားခါနီး ည ၆ ခွဲလောက်မှာ အခန်းပြန်ဝင်ရ တာမို့ ၈ နာရီလောက်မှ ပြီးပါတော့တယ်။ ပြီးတာနဲ့ သတိတရ မင်းသန့်ကို သွားချောင်းတော့ ရှိနေသေး တာမို့ ကောင်း အံ့သြလို့ သွားရပါတော့တယ်။
"ကောင်း နေ့လည်က ဧည့်သည်နဲ့ ဘာတွေ ဖြစ်ခဲ့ ကြသေးလဲ သူအရှေ့မှာ ခုထိ မပြန်သေးဘူး"
အနားကိုရောက်လာတဲ့ ကိုမြတ်သူ အမေးကြောင့်
"ဘာမှမဖြစ်ဘူး ကိုမြတ် သူက ကောင်းနဲ့ တစ်ကျောင်းထဲပါ အခုလဲ ကောင်းနဲ့ စကားပြောချင်လို့ ဆိုပြီး စောင့်နေတာ"
"ဟ့ ဇွဲကောင်း လှချည်လား ဒါမရိုးသားဘူးနော် ဟဲဟဲ"
"ဟာဗျာ ကိုမြတ်ကလဲ ယောက်ျားချင်းကြီးကို မဟုတ်က ဟုတ်ကတွေ"
ကိုမြတ်က ပြုံးခါ ခေါင်းငြိမ့်လိုက်ပြီး
"ဒါက ဓမ္မတာ မဟုတ်ပေမယ့် သာယာလာရင်လဲ အပင်ပန်းခံပြီး နှလုံးသားကို မလိမ်ညာပါနဲ့ ရိုးသားစွာ လက်ခံလိုက်ပါ"
ကိုမြတ်စကားတွေက အဆန်းတွေမို့
"သိပ်နားမလည်ပေမယ့် တစ်ခုခုကို သိလိုက်သလိုပဲ"
"ဟုတ်တယ် ကောင်းရဲ့ လူဦးရေ အရမ်းတိုးတက်နေ တဲ့ခေတ်ကြီးထဲမှာ လူဖြစ်အောင် လုပ်နိုင်မှ လူပီသ တယ်လို့ ကိုတော့မထင်ဘူး လူသားဆန်တဲ့ နှလုံးသား ရှိနေဖို့ပဲ လိုအပ်တာပါ သဘာဝကျတယ် မကျဘူးဆိုတာ ဝဋ်ကြွေးပါလာရင် ကျေအောင်ဆပ်ရမှာ ထုံးစံပဲလေ"
ှူကိုမြတ်ပြောတာတွေ ကောင်းသိပ်နားမလည်ပေမယ့် မှတ်သားထား ခေါင်းထဲမှာတော့ လိုက်ပါတယ်။ ပြီးမှ
"ဟုတ်ကဲ့ ညီ ရေချိုးလိုက်ဦးမယ် ကိုမြတ် ဗိုက်လဲစာ နေပြီမို့လို့"
"အေးပါ အောက်မှာ စောင့်နေတာလဲ ပါတယ်တော့ လုပ်လိုက် ဟားဟား"
"ဟာဗျာ အကိုကလဲ"
ကောင်းရေအမြန်ချိုးကာ ကိုလရောင်ကို ထမင်းသွား စားဖို့ ခွင့်တောင်းပြီး ဆိုင်အပြင်ကို ထွက်လာလိုက် ပါတော့တယ်။ ဆိုင်ရှေ့ရောက်တာနဲ့ ကောင်းနားကို မငိးသန့် ရောက်လာခါ မျက်နှာကလဲ ရှုံ့မဲ့နေတာမို့
"ဘာဖြစ်တာလဲ အကို မျက်နှာကလဲ ရှုံ့မဲ့နေတာပဲ"
"ဗိုက်စာလို့ ကောင်းရေ အူတွေတောင် လိမ်နေပြီ လားမသိဘူး နေ့လည်စာကို မစားရသေးတာ"
နာရီကြည့်လိုက်တော့ ၈ နာရီခွဲနေပြီမို့
"ဟာဗျာ နောက်တောင်ကြနေပြီ ဘာလို့ ဒုက္ခခံပြီး စောင့် နေတာလဲ တစ်ခုခုသွားစားတာ မဟုတ်ဘူး"
အဲဒိတော့မှ မင်းသန့်က
"အင်း ကောင်း ထမင်းစားထွက်လာမှ အတူစားမယ် ဆိုပြီး စောင့်နေတာ လာ အမြန်သွားကြမယ်"
ကောင်း ကျေနပ်စွာ ပြုံးမိပြန်ပါတယ်။
"ခများ လူလည်ကြီးနော် ဟားဟား"
တကယ်ပဲ အဲဒိညမှာတင် သူတို့က အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ရပါတယ်။ မင်းသန့်ကလဲ ကောင်းကို အရမ်းဂရုစိုက်ခါ အရမ်းလဲ ခင်ရှာပါတယ်။ ကောင်းအတွက်ကတော့ ဘာပဲဖြစ်ဖြစ် နွယ်တစ်ပင် မြင်တစ်ပင် အားကိုးခင်မင်စရာ အကိုတစ်ယောက်ပမာ သဘောထားခဲ့ ရတာပါ။
ကောင်း ဒုတိယနှစ် တက်တော့ မင်းသန့်က နောက်ဆုံးနှစ်တက် နေပါပြီ။ ကျောင်းမှာလဲ အမြဲတမ်းတွေ့ ဖြစ်ကြတယ်။ တက္ကသိုလ်မှာ ကောင်းရဲ့ တစ်ဦးတည်းသော သူငယ်ချင်းက မင်းသန့်မောင်ပါပဲ။
ဒီနေ့ စာမေးပွဲတွေ ဖြေပြီးတာနဲ့ ကောင်းကော မင်းသန့်ပါ အတူပြီးတာမို့ နှစ်ယောက်သား မုန့်စားဖို့ Hot Pot ဆိုင်တစ်ဆိုင်ကို ရောက်လာခဲ့ကြပါတယ်။ ဆိုင်ရောက်တော့ မင်းသန့်ကပဲ ကောင်းကို အစစအရာရာ စားဖို့သောက်ဖို့ ပြင်ဆင်ပေးပြီးတော့ စားနေရင်းက
"ကို အောင်စာရင်းထွက်ပြီး တာနဲ့ ကို့အကိုဝမ်းကွဲ ရှိတဲ့ စင်္ကာပူကို အလုပ်သွားလုပ်ရင်း ကျောင်းထက် တက်မလို့ စီစဉ်ထားတယ် ကောင်း"
ပါးစပ်ဝနားရောက်နေတဲ့ မုံညှုင်းရွက်လေးပင် တံ့သွား ရပါတယ်။ ရင်ထဲမှာလဲ ဟာခနဲ။ ဒါပေမယ့် ကိုကဘာ မှ ပြောပိုင်ခွင့်မရှိဘူး မဟုတ်လား။
"ကောင်းပါတယ် ကိုမင်းသန့်ရ မိုက်တာပေါ့ ညီတော့ အမေက တစ်ယောက်ထဲမို့ နိုင်ငံခြားသွားဖို့ မစဉ်းစား တော့ဘူး"
"နိုင်ငံခြားသွားဖို့ မစဉ်းစားရင်တောင် ဒီအလုပ်ကို ပြောင်းလုပ်ဖို့တော့ ကို တောင်းဆိုပါရစေ ကောင်း"
ကောင်း ပြုံးလိုက်ပြီး
"လူအထင်သေးခံ အပင်ပန်းခံပြီး ဘယ်သူက လုပ်ချင် မှာလဲ ကိုမင်းသန့်ရယ် လက်ရှိအနေ အထားအရ ကို့အတွက် အဆင်ပြေနေလို့ သာလုပ်နေကြတာပါ"
"အင်း အဲဒါပဲ ပြောမလို့ ကို ဟိုရောက်သွားရင် ကောင်းအတွက် လတိုင်းငွေပို့ပေးမယ် ကို့ အိမ်က တပြားမှ ပို့စရာ မလိုဘူးလေ ပိုက်ဆံရတာနဲလဲ တခြားအလုပ်ကို ပြောင်းလုပ်ပါလား"
ကောင်း တူလေးကို ကြွေပန်းကန်ပြားလေးပေါ် ပြန်ချ လိုက်ရင်းက ခေါင်းကို ဖြေးညှုင်းစွာ ခါယမ်းပြီး
"ကျနော် လက်မခံဘူး ကိုမင်းသန့် ဒိတိုင်းတောင် လူတွေက အမျိုးမျိုး ကဲ့ရဲ့ရှုံ့ချ အပစ်တင်နေကြတာ အဲဒိလိုသာ လက်ခံလိုက်ရင် ပိုဆိုးကုန်မှာပေါ့"
"ဘယ်သူက သိမှာမို့လဲ ကောင်းရယ်"
"ကျနော်သိတယ်လေ အကိုလဲသိမှာပဲလေ ထားပါဗျာ ကိုမင်းသန့် စေတနာကို ကျနော် နားလည်ပြီး အသိအမှတ်ပြုပါတယ် တစ်ခုတော့ ကျနော်ပြောပြ နိုင်ပါတယ် အဲဒါက ကျနော် ဒီဆိုင်မှာ လုပ်တာ ကျနော်ဘွဲ့ရတဲ့ အချိန်ထိ နောက်ဆုံးပဲ ဆိုတာပါပဲ"
"ကောင်းရယ် ဘာမဟုတ်တာလေးတွေနဲ့ ဘာလို့အဲ့ လောက်ထိ မာနတွေ ကြီးနေရတာလဲ သူစိမ်းတွေလား ကိုတို့က"
"ခင်မင်ကြတယ် ဆိုပေမယ့် တအူတုံဆင်း မဟုတ်ရင် အားလုံးက အရင်းနှီးဆုံးသူစိမ်း တွေပါပဲ ကဲပါ စားမှာ သာစား ကိုမင်းသန့် သွားရင် ကျနော်ကိုယ်တိုင် လိုက် ပို့မယ် ဟုတ်ပြီလား"
"ကောင်းရာ မင်းက တစ်ခါတစ်လေ ကြတော့ မမိုက်ဘူး ကို့ကို အခုထိ မနွေးထွေးသလိုပဲ"
"ဟားဟား ဖြစ်ရမယ် ကိုမင်းသန့်ကတော့ ကလေး ကျနေတာပဲ ကျနော် တခြားဘယ်သူနဲ့ ဒီလို စိတ်လွတ်ကိုယ်လွတ် ရီရီမောမော ပြောဆိုနေတာ မြင်ဖူးလို့လဲ ကျနော့် အမေပြီးရင် ကိုမင်းသန့်က ပထမဆုံးပဲ"
"အေးပါကွာ ထားလိုက်ပါတော့ စားရော့"
"အကိုလဲ စား ဟီးဟီး"
မင်းသန့်က ကောင်းကို ပုဇွန်ထုပ်ကြီး ထည့်ပေးပေမယ့် ကောင်းက ပြောင်းဖူးကို ထည့်ပေးလိုက်ပြီး ပြောင်စပ်စပ် လုပ်ပြလိုက်တော့မှ
"ဟင်း စေတနာတွေ တော်တော် ကောင်းနေ"
"ဟားဟားဟား"
တကယ်တမ်း မင်းသန့် စင်္ကာပူ သွားမယ်ဆိုတာ သိရတော့ ကောင်း ရင်ထဲမှာ စိတ်မကောင်း ဝမ်းနည်း ဖြစ်မိတာ အမှန်ပါ။ ဒါပေမယ့် မင်းသန့် စိတ်ညစ်မှာ စိုးလို့ ကောင်း ပြောင်ပြ ရီပြနေ လိုက်ပေမယ့် ရင်ထဲမှာ စို့နင့်ခါ ကြေကွဲနေ ရပါတယ်။ ကောင်း အတွက် ဘယ်တော့ များမှ အဖော်ကောင်း ဆိုတာ ရှိလာမှာလဲ။ ခုလဲ မင်းသန့်နှင့် ရင်းနှီးခါ ပျော်ရွှင်ရမယ် ပဲရှိသေးတယ် ခွဲရပြန်ဦးမယ်။ ကောင်း အရင်ဘဝက ဘာမကောင်းမှုတွေ လုပ်ခဲ့လို့ ဒိလောက်ထိ ကံဆိုးရတာလဲ။
အောင်စာရင်းတွေ ထွက်ပြီးချိန်မှာတော့ မင်းသန့် တစ်ကယ်ပဲ စင်္ကာပူကို သွားဖို့ လာနှုတ်ဆက်ပါတော့တယ်။ ကောင်းစီလာရင်းက ကောင်းကို အခန်းဝင်ဖို့ မင်းသန့်က ပြောလာတာမို့ ကောင်း လက်ခံလိုက်ပါ တယ်။ အခန်းထဲရောက်တော့ နှိုပ်ပေးနေရင်းက ကောင်း အားအင်တွေ ယုတ်လျော့ လာသလို လက်တွေကလဲ အရင်ကထက် ပင်ပန်းကြီးစွာ အားစိုက်နေရပါတယ်။
မင်းသန့် မှောက်ခါ အနှိုပ်ခံနေရင်းက ပြောမယ့် စကားတွေ ရင်ဘတ်ထဲက မထွက်တော့ပေ။ ကောင်း ကို ဒီအလုပ်ကို မလုပ်စေချင်တော့ဘူး။ ဒီလောက် ချောပြီး ချစ်ဖို့ကောင်းတဲ့ ကောင်းက ဒီလိုအလုပ်မျိုး လုပ်နေရတာ မင်းသန့် ရင်ထဲမှာ မချိလှပေ။
နှုးညံ့တဲ့ သူ့လက်လေးတွေနဲ့ နှိုပ်ပေး နေရင်းက ကျောပေါ်ကို သူ့ခြွေးစက်လေး တစ်စက် ကျလာချိန် မှာတော့
"တော်ပါတော့ ကောင်းရယ်"
မင်းသန့် လှဲနေရာမှ ထထိုင်ခါ ကောင်းမျက်နှာကို ကြည့်လိုက်တော့
"ဟင် ကောင်း မင်းငိုနေတာလား မငိုပါနဲ့ ကောင်းရာ မငိုပါနဲ့ကွာ"
မင်းသန့် ကောင်းကို တင်းနေအောင် ဖက်ထားလိုက် တော့ ကောင်းက ပိုပြီး ရှိုက်ကြီး တငင်ငိုချလိုက် ပါ တော့တယ်။
"တော်လောက်ပြီ ကောင်းရယ် မင်းတအား ပင်ပန်းနေမယ် နော် တိတ်တော့"
"ဟင့် ကျနော်နှိုပ်ခဲ့တဲ့ သူတွေထဲမှာ ကျနော့်ကို ပထမဆုံး နားလည်ပေး ခဲ့တာ အကိုပါ လူတွေကို ကြောက်တဲ့ ကြားက ပထမဆုံး ကျနော်စပြီး အကိုပါဗျာ အစ် အခု အကိုကလဲ ကျနော့်ကို ထားခဲ့ အင့် ထားခဲ့ ပြန်ဦးမယ်ဗျာ အီးဟီးဟီး ကျနော့် ဘဝက အရမ်းကို အထီးကျန် ဆန်လွန်းတယ် အကိုရာ ကျနော်ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ ဗျာ အီးဟင့်"
မင်းသန့် တကယ်ပဲ မျက်ရည်ကျမိ ပါတယ်။ ကောင်း ရယ် အရွယ်နဲ့ မမျှတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မင်းကို အကို သနားလိုက်တာ။
"အကို့ကို တကယ်ခင်ရင် မင်းဘဝကို အကောင်းဆုံး ဖြစ်အောင် ကျိုးစားပါနော် ညီလေး"
"ဟုတ်ကဲ့ အကို ကျနော် ကတိပေးပါတယ် ကျနော့် အပေါ်မှာ တကယ် စေတနာရင်းနဲ့ ခင်ပေးခဲ့တဲ့ အတွက်လဲ ကျေးဇူး အရမ်းတင် ပါတယ်ဗျာ ကျနော် ကျနော် အကို့ကို အရမ်း ချစ်တယ် အီး ဟီးဟီး"
မင်းသန့် ငိုနေတဲ့ ကောင်းရဲ့ ခေါင်းလေးကို ပုခုံးကြား ထဲ ဆွဲသွင်းခါ ခေါင်းခြင်း ပွတ်ရင်းက မျက်ရည် တို့ ကျနေရပြန်ပါတယ်။
"မင်းက ဘယ်အချိန်ဖြစ်ဖြစ် မပြောင်းလဲတဲ့ ကို့ရင်ထဲ က တစ်ဦးတည်းသောသူ ကိုအရမ်းချစ်ရတဲ့ ညီလေး ပါ ကောင်းရယ်"
ရှားပါးလှတဲ့ ကောင်းအတွက် တစ်ဦးတည်းသော မိတ်ဆွေ ရင်ဖွင့်ဖော် တစ်ယောက် အနားမှာ မရှိတော့ တာကောင်းအတွက်တော့ ကြီးမားတဲ့ နစ်နာမှု တစ်ခုပဲ မဟုတ်လား။ ကောင်း ငိုနေမိပါတယ်။ ဝမ်းနည်းစွာ .... နှမြောတသစွာ ..... နဲ့ပေါ့။
မင်းသန့် နိုင်ငံခြားကို ထွက်သွားပြီး နောက် ၂ နှစ်ကျော်လောက် အကြာမှာတော့။
မြို့လည်ခေါင်မှာ အသစ်ဖွင့်ထားတဲ့ Junction City ကြီးရဲ့ City Mart စာအုပ်ကောင်တာမှာ ကောင်လေး တစ်ချို့ စာအုပ်တွေ အသည်းအသန် ရှာနေကြတယ်။ တစ်ယောက်က
"ဒီက ဝန်ထမ်းကို မေးကြည့်လိုက်ပါကွာ တွေ့မှ မတွေ့ပဲ ဟာကို မင်းကလဲ"
"အေးကွာ မထူးဘူး မေးကြည့်လိုက်မယ်"
ခပ်လှမ်းလှမ်းမှာ အလုပ်လုပ်နေတဲ့ အရောင်းဝန်ထမ်း ကောင်မလေးကို လှမ်းခေါ် လိုက်ခါ
"အစ်မ အသစ်ထွက်တဲ့ စာရေးဆရာ #ကောင်းထက်ကျော် ရဲ့ #ယောက်ျားပျက် ဆိုတဲ့ စာအုပ် မရှိဘူးလားဗျ မတင်တာလား"
ကောင်မလေးက ပြုံးလိုက်ပြီး
"အဲဒိစာအုပ်က ပြီးခဲ့တဲ့အပတ်ကမှ ထွက်တာ Best Seller ထဲ တန်းဝင်သွားတာ အကိုရေ ဒီမှာမရှိတော့ဘူး မှာလို့ကို မရတော့တာ အပြင်က စာအုပ်ဆိုင်တွေ မှာသာ လိုက်ရှာတော့ ညီမတောင် ဟိုနေ့ကမှ နောက်ဆုံး ကျန်တာလေး ဝယ်ပစ်လိုတာ မရမှာစိုးလို့"
"ဟူး ရှာပြီးပြီ မောနေတာပဲ မရလို့ စိတ်ညစ်လိုက်တာဗျာ ဖတ်တာက လိုင်းပေါ်ကနေ ဖတ်ပြီးပြီ သိမ်းထားချင်တာ ဒုက္ခပါပဲ"
စာအုပ်တန်းရဲ့ ထိပ်မှာ ရပ်နေတဲ့ ကောင်းကို သူတို့ မသိကြပါဘူး။ ကောင်းသူတို့ ပြောတာကို နားထောင်နေရင်းက စိမ့်ကျလာတဲ့ မျက်ဝန်းက မျက်ရည်တို့ကို မျက်တောင်လေးနဲ့ ပုတ်ခတ်ခါ ဖယ်ရှား လိုက်ပါတယ်။ ပြီးမှ ကောင်လေး ၂ ယောက်နား သွားခါ
"စာအုပ် လိုချင်ရင် အကို လက်ဆောင်ပေး လို့ရမလား အကို့မှာ တစ်အုပ်တော့ ပါတယ်"
ကောင်းလေးတွေကော ကောင်မလေးပါ သူ့ကိုကြည့် လိုက်ကြပြီး ကောင်လေး တစ်ယောက်က
"အကိုက ဆရာကောင်းထက်ကျော် လားဟင်"
ကောင်း ဝမ်းနည်းဝမ်းသာနဲ့ စို့တက်လာတဲ့ မျက်ရည် တို့ကို မျက်တောင်ပုတ်ခတ်ခါ ဖယ်ရှားရင်း အားယူခါ ခေါင်းငြိမ့်ပြုံးပြလိုက် ပါတယ်။
"ဟာဗျာ ဝမ်းသာလိုက်တာ အကိုရာ အဲဆရာရာ ကျနော် ရှာရတာ တန်သွားပြီ ဟားးး ပျော်လိုက်တာ ဟေ့ကောင် ငါဖတ်ချင်နေတဲ့ စာအုပ်ရေးတဲ့ ဆရာကွ ပျော်လိုက်တာကွာ"
ကောင်း စာအုပ်ကို ထုပ်ခါ
"ညီလေး နာမည်ပြောပြလို့ ရမလား"
"မင်းသန့်မောင်မောင် ပါအကို"
စာအုပ်မှာ လက်မှတ်ထိုးပေးဖို့ နာမည်ရေးမလို့ကို ကြားလိုက်ရတဲ့ နာမည်ကြောင့် လက်တို့က တွန့်လို့ သွားရပါတော့တယ်။ ဒါပေမယ့် ကောင်း ရေးလိုက်ပါတယ်။ " မင်းသန့်မောင်မောင်အတွက် အမှတ်တမဲ့မှ အမှတ်တရသို့" လို့ရေးပြီး လက်မှတ်ထိုးခါ ပေးခဲ့ လိုက်ပါတော့တယ်။ ရင်ထဲမှာလဲ ကိုမင်းသန့်ကို နင့်နင့်နဲနဲ သတိရလို့ နေမိပါတော့တယ်။

ယောက်ျားပျက်။Where stories live. Discover now