ယောက်ျားပျက် (၉)

2.9K 184 3
                                    

Taxi သမားစကားကြောင့် ကောင်းမျက်နှာပျက်သွား တော့မှ ဇင်ထက်လဲ သတိထားမိသွားကာ
"ခများကလဲဗျာ ဒါသမာအာဇီဝ လုပ်စားတာပဲ ပြီးရင် ယောက်ျားပဲ လာလာ မိန်းမပဲ လာလာ နှိုပ်တာပဲဟာ လူရွေးနေစရာ မလိုပါဘူး"
"အော် ဆရာရယ် ကျနော်က ခင်လို့စတာပါဗျာ့"
"ထားလိုက်ပါ ကောင်း နေကောင်းရဲ့လား အမေ့ကို ဘာမှာ ဦးမလဲ အန်တီကတော့ နေကောင်းတယ် ဒီ လာခါနီး ကတောင် အကို ဝင်ကြည့်ခဲ့သေးတယ်"
ကိုဇင်ထက်ပြောလိုက်တာမို့ ကားသမားက ဘာမှ ဆက်မပြောပဲ ငြိမ်သွားပါတယ်။ ကောင်းလဲ ဂရုစိုက် မနေတော့ဘူး။ ကိုဇင်ထက်ကိုပဲ
"ညီကကောင်းတယ် ကိုဇင်ထက် အမေ့ကိုသာ ကြည့် ပေးပါနော် နောက်ပြီး ညီဒီအပတ်ပိတ်ရက်ကို ကျောင်း သွားအပ်ရမာမို့ အိမ်ပြန်မလာတော့ဘူး လို့စဉ်းစား နေတာ သွားတာပြန်တာနဲ့ဆို အချိန်မလောက်မှာ စိုးလို့ အဲဒါအမေ့ကို ပြောပေးပါဦးနော်"
"အင်း အကိုပြောလိုက်မယ် ကောင်းက ဘာမေဂျာတက် ရမှာလဲ အဝေးသင်ပဲ တက်မှာလား"
"ကျနော် Philosophy ယူထားတယ် အကို စိတ်ဝင်စား လို့ ပါ ကျောင်းကတော့ အဝေးသင်ပဲပေါ့ဗျာ"
"ကောင်းတယ် Day ပဲတက်တက် အဝေးသင်ပဲတက် တက်အဓိက ကတော့ ကိုစိတ်ဝင်စားဖို့ပဲ လိုတာ"
"ဟုတ်ကဲ့ အကို အော် ဒါလေး ယူသွားပေးပါဦး အမေ့ အတွက်ကျနော်ဝယ်ထားတာ မုန့်နဲ့ ကွေကာလေး"
"ဟားးးး အကိုလဲ အန်တီ့ အတွက် မုန့်နဲ့နို့မှုန့်တွေ ဝယ်လာသေးတယ်ကွ လိမ္မာလိုက်တဲ့ ငါ့ညီ မင်းတစ်နေ့ အောင်မြင်မှာသေချာတယ် ကျိုးစားကွာ အကို သွားတော့မယ် နော်"
"ဟုတ်ကဲ့ အကို ကျေးဇူးပါနော်"
"မလိုပါဘူးကွာ မင်းကို့ဖာသာကိုယ်ပဲ ဂရုစိုက်"
"ဟုတ်ကဲ့"
ကိုဇင်ထက်တို့ ကားလေး ထွက်သွားတော့မှကောင်းလဲ သက်ပြင်းကို အသာချမိတယ်။ ဘယ်တော့များမှ လူတွေရဲ့ မပြော အဆိုခံ ဘဝက လွတ်ပါ့မလဲနော်။
ကောင်း ကျောင်းအပ်ပြီးတာနဲ့ စာအုပ်တွေ အတော် များများဝယ်ဖတ်ဖြစ်တယ်။ စာအုပ်တွေကပဲ ကောင်း အတွက် အကောင်းဆုံးအဖော် မဟုတ်လား။ နောက်ပြီး ကောင်း ကိုယ်တိုင်ကလဲ စာဖတ်တာ ဝါသနာ ပါတာကိုး။ ကောင်း အလုပ်ကိုလဲ တန်ဖိုးထားပြီးတော့ လုပ်တယ်။ လာနှိုပ်တဲ့သူတွေကို အကောင်းဆုံး ဖြစ် အောင် စေတနာ အပြည့်နဲ့နှိုပ်ပေး သလို ဆက်ဆံရေး ပိုင်းမှာလဲ ပြောစရာ မလိုအောင် ကောင်း နေတက် လာပါပြီ။ ကို့ကို အမျိုးမျိုး ရလိုရငြား ကျိုးစားကြ ပေမယ့် နေတက်အောင်နေခါ ရှောင်တက်အောင် ရှောင်တက်လာတယ်။ ဘယ်သူနဲ့မှ ပြသနာ အဖြစ်မခံ ဘူး။ ကောင်းရဲ့ စေတနာထားမှု အလုပ်ကို ဂရုစိုက်မှု တွေကြောင့် ကောင်းကို သဘောကျတဲ့သူများလာပြီးမုန့်ဖိုးလဲ အရင်ကထက် ပိုပြီးရလာတယ်။ ပင်ပန်းတာ လဲ သူများထက်ပိုပြီး ပင်ပန်းတယ်လေ။
ပြီးခဲ့တဲ့ အပတ်က ကောင်း အိမ်မပြန်ဖြစ် တာမို့ ဒီအပတ် နားရက်မှာတော့ အိမ်ကို စောစောစီးစီးပဲ ပြန်ခဲ့ ပါတယ်။ အိမ်ရောက်တာနဲ့ အမေက
"မောလာပြီလား သားလေး ထိုင်ဦး နားဦး အမေ့မှာ တစ်ယောက်ထဲ ချက်လိုက်ပြုတ်လိုက် စားလိုက်သောက်လိုက်နဲ့ အားရင် ဘုရားစာထိုင်ရွတ် ပုတီးစိတ် ဒါမှမလုပ်ရင် အမေ့သားကိုပဲ မျှော်နေရတာ"
အမေပြောလာတော့ ကောင်းလဲ စိတ်မကောင်းပေ။
"သားလဲ အမေ့နားမှာပဲ နေချင်တာပေါ့ အမေရယ် ဒါပေမယ့် အလုပ်က အခုအလုပ်က အဆင်ပြေနေ တော့လဲ"
အမေက ကောင်းစကား မဆုံးခင် လက်ကာပြရင်း
"အမေ သိပါတယ်သားရယ် အမေက မနေနိုင်လွန်းလို့ ပြောပြတာပါ သားကိုလဲ ဒီနားမှာ မနေစေချင်ဘူး အခုက အလုပ်လဲ အဆင်ပြေနေတာ ဆိုတော့အမေ စိတ်ချမ်းသာပါတယ်"
"ဟုတ်ကဲ့ပါ အမေရယ် သားနားလည်ပါတယ်ဗျာ"
"အော် ဒါနဲ့ သားလေး အခုလုပ်တဲ့ အလုပ်ကို အမေ့ ကိုသေချာ ပြောပြပါလား သားလေး ဘာအလုပ်ပဲ လုပ်လုပ် အမေ့သားက အမေ့သားပဲ ဒါပေမယ့် အမေ့ကို တော့ ပြောပြထားစေချင်တယ်"
ကောင်း သက်ပြင်းချ မိလိုက်ပါတယ်။ ထင်တဲ့အတိုင်း ရပ်ကွက်ထဲမှာ သတင်းကပြန့်နေ ပြီနေမှာပေါ့။
"အမေ့ကို သားပြောပြပါ့မယ် သားတို့ အလုပ်က အနှိုပ်ခန်း ဖွင့်ထားတာပါ နှိုပ်တဲ့သူကလဲ ယောက်ျား တွေပဲ အနှိုပ်ခံတဲ့သူကလဲ ယောက်ျားတွေပဲ တစ်ခါ တစ်လေတော့လဲ အခြောက်တွေလဲ လာတက်တယ် သားတို့က သူတို့ကို နှိုပ်ပေးရတာ အမေ အဲဒါကို တစ်ချို့သူတွေကတော့ တစ်မျိုးထင်ကြတယ်"
အမေ့မျက်နှာလေး ညှိုးခါ ခေါင်းကို တဖြေးဖြေးချင်း ညိမ့်ပြပါတယ်။ ပြီးမှ
"အမေကတော့ ဘာပဲဖြစ်ဖြစ် အမေ့သားကို ယုံတယ် ဘာလို့လဲ ဆိုတော့ အမြဲတမ်း သားတို့ကို အမေက ကိုယ်ကျင့်တရား ကောင်းဖို့ ဆုံးမခဲ့လို့ပဲ ပတ်ဝန်းကျင် ကပြောတာတွေကတော့ နားနဲ့တောင် မဆံ့ဘူး သားရယ် သားတို့အလုပ် သဘောတရား တွေကို အမေ နားမလည်ပေမယ့် အမေ့သားလေးကို ဒီလိုတွေ ပြောကြတော့ ရင်ထဲမကောင်းဘူး တစ်ခါတစ်လေ ကြတော့လဲ လှပတဲ့ ရုပ်ရည်က ကို့အတွက် လက်နက် ဖြစ်တက်သလို ဒဏ်ရာဒဏ်ချက်တွေလဲ ဖြစ်လာ တက်တယ် သားလေး ကို့ကိုယ်ကို ဂရုစိုက်နော် အလုပ်က တအားပင်ပန်းလား ဟင်"
"စိုက်ပါတယ် အမေရ ပင်ပန်းတယ်လဲ မဟုတ်ပါဘူး အဲကွန်းခန်းထဲမှာ လုပ်ရတာ ဆိုတော့ အမေ့သားက ပိုတောင်ချောလာသေးတယ် တွေ့တယ် မလား ဟဲ ဟဲ"
အမေ စိတ်ညစ်စရာတွေ မတွေးစေချင်လို့ ကောင်း မျင်နှာလေး စပ်ဖြဲဖြဲလုပ်ခါ ပြောင်ပြလိုက်တော့
"အမလေး အမေက မွေးထဲက ဒီလိုချောအောင် မွေး ပေးခဲ့တာပါနော်"
"ဟုတ်ပါတယ်ဗျာ အမေတော်လို့ပါ အဲဒါကြောင့် အမေ့ကို ချစ်နေရတာ သိလား"
ကောင်း အမေ့ကို ဖက်လိုက်ရင်း ခြွဲလိုက်မိတယ်။ အော် မိဘပဲလေ သားသမီးကို ကောင်းတာပြောတာပဲ ကြားချင်ကြမှာပေါ့။ ခနလေး သည်းခံပေးပါ အမေ။ သားဒီနေရာက ရုံးထွက်ဖို့ ကျိုးစားပါ့မယ်။
"ကဲပါ မအေကို ချွဲမနေနဲ့ သားလာမှာသိလို့ သားကြိုက်တဲ့ ငါးငပိချက်လေးရယ် ဒညင်းဝက်လေးကိုလဲ ဆီနဲ့ကြော်ထားတယ် ရုံးပတီသီးကိုလဲ ပုဇွန်ခြောက်မှုန့် လေးတွေနဲ့ နှုပ်ထားတယ် ထမင်းအများကြီး စားရမယ်နော် အမေလဲ စားမယ်"
"အားပါးပါး ဒါမျိုး စားချင်နေတာ ကြာပြီ ပျော်လိုက်တာ စိတ်ချ တဝတပြဲစားမှာ အော် ဒါနဲ့ သားမရှိလဲ အမေ ထမင်းကို မှန်မှန်စားနော် သေချာလဲ ချက်စား ပြောစကားနား မထောင်လို့ကတော့ တွေ့မယ်"
ကောင်း အမေ့ကို ချစ်စနိုးနဲ့ စလိုက်ပါတယ်။ အမေကလဲ ပြုံးနေလိုက်တာမှ အားရပါးရ။ အမေရယ် ဒီလိုပဲ အမြဲတမ်းပြုံးနေ နိုင်အောင်သား ကျိုးစားပါ့မယ်။
ကောင်း ကျောင်းစအပ်ပြီးထဲက ရတဲ့ ပိုက်ဆံလေး တွေကို ခြစ်ချုပ်ခါ စုထားပါတယ်။ စာအုပ်လဲ ဝယ်ဖတ် တယ်။ မရှိမဖြစ် လိုအပ်တာမို့ ဖုန်းအဟောင်းလေး တစ်လုံးလဲ ဝယ်ကိုင်တယ်။ ပြီးတော့ ကောင်းရဲ့ ဝါသနာ အရ စာလေးတွေ ကောင်းရေးဖြစ်တယ်။ ဘာရယ် မဟုတ်ပေမယ့် ခံစားမှု စာစုလေးတွေပေါ့။ အဲဒါလေးတွေကို facebook မှာ တင်တော့ တစ်ချို့ ဂရုတစိုက် ဖတ်ပေးလာကြပါတယ်။
အခုဆို ဆိုင်မှာလဲ ကောင်းက ကောင်တာ ထိုင်ပေး ရတယ်။ ဧည့်သည်လာရင်လဲ ဝင်ရတယ်။ အကိုလရောင်ကလဲ ကောင်းကို ညီအရင်းလေးကို ဂရုစိုက်ရဲ့။
ဘာပဲဖြစ်ဖြစ် ကောင်း ဘဝလေး အနည်းငယ် တညိငြိမ်လို့ လာတယ်လို့ပြော ရမလား ထင်မိတယ်။ အခု ဆို အလုပ်မှာလဲ ပြသနာ မတက်တော့ဘူး အမေကလဲ သူ့ကိုယ်သူ ဂရုစိုက်ပြီး ကျန်းကျန်းမာမာ ပဲမို့ ကောင်း အနည်းငယ် စိတ်ချမ်းသာ နေရပါတယ်။
ကောင်း ပထမနှစ် အဝေးသင် စတက်တော့ အကိုလရောင် က ဆိုင်ကနေပဲ တက်ဖို့ ခွင့်ပြုပေမယ့် အမေနဲ့ အတူနေရင်း ပြန်တက်ဖြစ်တယ်။ အမေကလဲ အတူတူ နေရတော့ အရမ်းကိုပျော်နေတာလေ။
အခု ကောင်းဟာ တက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်ပြီ။ ကောင်းရဲ့ နဂိုချောမောတဲ့ ရုပ်ရည်က ကျောင်းတက်တော့လဲ ရက်ပိုင်းအတွင်းမှာ Popular ဖြစ်ခဲ့ရပြန်ပါတယ်။ တစ်ချို့က အတင်းလာခေါ်ကြ ပေမယ့် ကောင်းက ကောင်းမွန်စွာ ပြန်ဆက်ဆံပေမယ့် ဘယ်သူနဲ့မှတော့ ရင်းနှီးစွာ မနေခဲ့ပေ။ အဲဒါကလဲ ကိုကသူများလို မသုံးစွဲ အကုန်အကျ မခံနိုင်လို့ လဲပါတယ်။ နောက်ပြီး သင်တဲ့စာတွေကို သေချာလေ့လာ ချင်တာလဲ ပါတယ်လေ။ သူများတွေလို ကျူရှင်လဲ မယူဖြစ်ဘူး။ အတက်နိုင်ဆုံး ကျိုးစားဖြေဖို့ပဲ တွေးထားတယ်လေ။ ဒါကို တစ်ချို့ကျောင်းသားတွေက ကောင်းကို ရုပ်ချောလို့ ဘဝင်မြင့် မာနကြီးနေ တယ်လို့ ထင်ကြတယ်။ ထင်ပေ့စေလေ ကိုမှ မဟုတ်တာ အဒိတော့ လိုက်ရှင်းပြနေစရာလဲ မလိုသလို ဂရုစိုက်ဖို့လဲ မလိုဘူး မဟုတ်လား။
တစ်နေ့ ကောင်း စာသင်ချိန်ပြီးလို့ အခန်းထဲမှာ စာ ထိုင်ဖတ်နေတုန်း
"အမလေးဗျာ အချောအလှဆိုလို့ အခုမှ မြင်ဖူးတော့တယ် တစ်ထောင်ဖိုး ၃ ထည်ကြီး ပါလား ဒါတောင်သူက ချေနေသေးတာ ဟုတ်လား ရီတောင်ရီချင်တယ် လူတစ်ကာခြေထောက်ကိုင်မှ ပိုက်ဆံ ရတဲ့ အကောင်ကများ ဟားဟား"
ပထမပြောနေတာ ကို့ကိုယ်ပြောတယ်လို့ မထင်တာမို့ ကောင်း ဒီတိုင်းနေလိုက်ပေမယ့် လူတကာ ခြေထောက်ကိုင်မှ ပိုက်ဆံရတယ် ဆိုတဲ့ နေရာမှာတော့ ကောင်း ဆတ်ခနဲ လှည့်ကြည့်လိုက်မိပါတယ်။ သေချာတာပေါ့ သူတို့ ကောင်းကို ပြောနေတယ် ဆိုတာ။ ရပ်နေတဲ့သူ ၃ ယောက်မှာ အလည်က အရပ်မြင့်မြင့် အသားဖြူဖြူ ဖြောင့်ဖြောင့်နဲ့တစ်ယောက်က ပြောနေတာပါ ကောင်းလှည့်ကြည့်လိုက်တော့ ပမာမခန့်နဲ့ လှောင်ပြီးတောင် ရီပြသွား လိုက်သေးတယ်။ ကျောင်းထဲမှာလဲဖြစ် ပြသနာလဲ မတက်ချင်တာနဲ့ ကောင်း ဒီတိုင်းပဲ စာပြန်ဖတ်နေလိုက်တယ်။ အဲဒိချိန်မှာပဲ ခုနက တစ်ယောက် အနားကို လာရပ်ခါ
"ဟျောင့် မင်း တောင်ဥက္ကလာ ဗြဟ္မစိုရ်လမ်းထဲက Men Spa မှာ နှိုပ်တဲ့သူမဟုတ်လား နံပါတ်တောင် မှတ်မိသေးတယ်"
ပြောပုံက အပိုင်ပုံစံနဲ့ ကောင်းကို ဟန်ဆောင်ပြီး ငြင်းမယ့်သူ ထင်လို့လား မသိပေ။ ကောင်း ဒေါသတွေကို ထိန်းချုပ်ထားပေမယ့် မျက်လုံးအစုံကတော့ စူးရှခါ မျက်နှာတစ်ပြင်လုံး နီရဲနေပါတယ်။
"ဟုတ်တယ် အဲဒါဘာဖြစ်လဲ"
"အံမယ် ကောင်းကောင်းမေးတာ ကောင်းကောင်း ဖြေလေ ယဉ်ကျေးမှု မရှိဘူးလား ဆိုင်မှာကော ဧည့်သည်ကိ အဲဒိလို အချိုးနဲ့ ဆက်ဆံလို့ရလား"
ကောင်းစားပွဲကို လက်နဲ့ထောက်ခါ မတ်တပ်ရပ်လိုက် တော့ သူနဲ့ အရပ်ချင်းက မတိမ်းမယိမ်းမို့ မျက်နှာခြင်း နီးကပ်စွာ စိုက်ကြည့်လိုက်ရင်း
"ဒါက အလုပ်မှာ မဟုတ်ဘူး ဆိုတာ မင်းကော နားမလည် ဘူးလား အေး မင်းဒိ့ထက် ထက်ပြီး ရင့်လာရင် ငါလဲဆက်ပြီး သည်းခံမှာ မဟုတ်တော့ဘူး ဟုတ်ပြီလား"
"အားဟားဟား ဖြစ်သွားလိုက်တာ ဖြစ်သွားလိုက်တာ အေး မင်းစကားတွေ မင်းမှတ်ထား ဟုတ်ပီလား တစ်နေ့မင်း ငါနဲ့တွေ့မယ်"
"ရတယ် ဘယ်အချိန်မဆို တွေ့လို့ရတယ် ငါ့အလုပ် ငါလုပ်တာ ဘယ်သူ့စီကမှ တောင်းစားနေတာ ခိုးစား နေတာ မဟုတ်ဘူး နောက်တစ်ခါ လာစော်ကားကြည့် စောက်ခွက်တွေ အကုန်ရာသီလာသွားမယ် ထွီ"
ကောင်း ပြောလဲပြော အခန်းထဲကနေလဲ ထွက်ခဲ့ လိုက်ပါတော့တယ်။ လူတွေက ဘာလို့ အလကာယနေ သူများကို လိုက်ပြီး ပြသနာရှာချင်ကြတာလဲ ဆိုတာ ကောင်း မစဉ်းစားတက်တော့ပါ။
အဲဒိပြသနာ တက်ပြီးတဲ့ အချိန်မှာ ကောင်းကို ဘယ်သူမှ စကားလာ မပြောကြတော့ပေ။ ကောင်း ပိုပြီး တော့တောင် သဘောကြသေးတယ်။ အေးတာပဲ။
စာမေးပွဲဖြေပြီးလို့ အလုပ်ပြန်ဝင်တော့ ထင်တဲ့အတိုင်းပဲ ကောင်းရဲ့ ဆိုင်ကို ကောင်းနဲ ပြသနာတက်တဲ့ တစ်ယောက် ရောက်လာပါတယ်။ ဆိုင်ထဲကို ဝင်လာ တာနဲ့ ကောင်တာမှာ ထိုင်နေတဲ့ ကောင်းကို လက်ညှိုးထိုးခါ
"မင်းနဲ့ နှိုပ်မယ် ၃ ဆက်ရှင်ယူမယ်"
ဧည့်သည်စကားကြောင့် အနားမှာ ထိုင်နေတဲ့ သူတွေရော အကိုလရောင်ပါ အံ့အားသင့်သွားခါ ကောင်း ကို ဘာဖြစ်တာလဲ ဆိုတဲ့ အကြည့်နဲ့ ဝိုင်းကြည့်လာကြပါတယ်။ ကောင်းက ဧည့်သည်ကို ချိုသာစွာပဲ ပြုံးခါ
"ဟုတ်ကဲ့ ရပါတယ် ခမျ ဧည့်ခန်းမှာ ခနလေး ထိုင်ပြီး စောင့်ပေးပါ နော် ဘာများသုံးဆောင်မလဲ ခမျ အပူလား အအေးလားခမျာ့"
"ရေပဲသောက်မယ်"
"ဟုတ္ကဲ့ ခမ် ခနေလး ထိုင္ပါဦး"
ကောင်း ရေလာချ ပေးပြီး အခန်းကို ပြင်ခါ ဧည့်သည်ကို လာခေါ်မလို့ လုပ်တုန်း ကိုလရောင် ရောက်လာပြီး
"ကောင်း နဲ့အသိတွေလား အဆင်ပြေပါ့မလား"
"အသိတော့ မဟုတ်ဘူး ရတယ် ကိုလရောင် အဆင်ပြေပါတယ်"
"အင်းအင်း ပြေရင်ပြီးတာပဲ"
ကိုလရောင် မေးပြီး ပြန်လှည့်သွားပါတယ်။ စိတ်အူတာလဲ မပြောနဲ့လေ။ 3 section ဆိုရင် ၄ နာရီခွဲ ကြာမှာ မဟုတ်လား။ မတက်နိုင်ဘူး အလုပ်ပဲလေ လုပ်ရမှာပေါ့။ ဧည့်သည်ကို သွာ့းပီးခေါ်လိုက်ပါတယ်။
"အကို အခန်း အဆင်သင့်ဖြစ်ပါပြီခမျ"
အခန်းထဲရောက်တော့ အဝတ်အစားတွေ ချွတ်ပြီး ကုတင်ပေါ် တက်ခါ မှောက်ပေးပါတယ်။ ကောင်းကလဲ နှိုပ်နေကြအတိုင်း ခြေဖျားကို စပြီး သန့်ရှင့်ပေးခါ စနှိုပ်ပေးလိုက်ပါတယ်။
"ဖြေးဖြေးနှိုပ်နော် ငါခြေထောက်တွေက မင်းလက်ထက်နုတယ်"
စပြီလေ။ သူ့ကို စပြီး နှိုပ်ကွက်တော့မှာ ကောင်း သိတာမို့ အသာအယာပဲ ပြုံးရင်း
"ဟုတ်ကဲ့ပါ ခမျာ့ နာရင်ပြောနော် အစ်ကို"
ဧည့်သည်က ဘာမှပြန်မပြောပဲ ငြိမ်နေတာမို့ ကောင်းလဲ ဆက်ပြီး နှိုပ်ပေးနေ လိုက်ပါတယ်။ ကောင်း နှိုပ်နေရင်းက အချိန်တစ်နာရီခွဲ ပြည့်သွားချိန်မှာ နှိုပ်ပေးရမယ့်ပုံစံက ကုန်သွားပြီမို့ ခြေဖျားကနေ ပြန်စခါ တကျော့ပြန် နှိုပ်ပေးလိုက် ပြန်ပါတယ်။ အဲကွန်းဖွင့် ထားပေမယ့် ကောင်း ခန္ဓာကိုယ်က ခြွေးစက်တွေ တပေါက်ပေါက်နဲ့ ကျအောင် နှိုပ်ပေး နေရပါတယ်။ လက်တွေကလဲ လက်အံပင် သေမတက် ငြောင်းလို့ နေပါပြီ။ နားပြီးမှ ပြန်နှိုပ်ပေးရတာမျိုး မဟုတ်ပဲ တောက်လျှောက် နှိုပ်ရတာ ဆိုတော့ ကောင်း အရမ်းကို ပင်ပန်းတာ အမှန်ပါပဲ။
"တော်တော့"
သူ့စကားကြောင့် ကောင်း နှိုပ်နေတာကို ရပ်လိုက်ရင်း နှဖူးက ခြွေးစတွေကို လက်ဖြန်နဲ့ သုတ်လိုက်ပါတယ်။ ပြီးမှ
"အချိန်က လိုသေးတယ် အကို အခုမှ ၂ နာရီကျော်ပဲ ရှိသေးတာဗျ နောက်ထပ် ၂ နာရီလောက်တောင် လိုသေးတာ"
"သိတယ် ငါရေချိုးတော့မယ် အနှိုပ်မခံနိုင်တော့ဘူး"
"အော် ဟုတ်ကဲ့ ရပါတယ် ဒီမှာ ချိုးလိုက်နော် ကျနော် ပစ္စည်းလေးတွေ သိမ်းလိုက်ဦးမယ်"
ဧည့်သည် ရေချိုး အဝတ်အစား ဝတ်ပြီးတော့ ကော်ဖီ သောက်မယ် ဆိုလို့ ကောင်း ကော်ဖီဖျော်ခါ ယူလာ ပေးလိုက်တယ်။ ပြီးတော့ ဧည့်သည်က ထိုင်ခုံမှာ ထိုင်သလို ကောင်းကလဲ နှိုပ်တဲ့ ကုတင်ပေါ်မှာ ထိုင်ရင်း ငြိမ်သက်နေမိကြတယ်။ နှစ်ယောက်လုံး ဘာတစ်ခွန်း မှ မပြောမိပေ။ တိတ်ဆိတ်ငြိမ်သက်မှုကလဲ အချို့ အရာတွေကို နိုးထစေ တက်သလားမသိ ရင်ထဲမှာ အနည်းငယ်တော့ လှုတ်ခတ်လို့ လာရပါတယ်။
"ငါတောင်းပန်ပါတယ် ကောင်းထက်ကျော် စောတီး"
"ဘာကိုလဲ အကို"
"ကျောင်းမှာတုန်းက ပြောမိတာရယ် အခု တစ်လဲမင်း ကို အကြာကြီး နှိုပ်ခိုင်းမိတာရယ် ကြောင့်ပါ"
ကောင်း သဘောကျစွာ ပြုံးလိုက်ရင်းက
"ရပါတယ်ဗျာ ကျနော်က အတော်နေသားကျ နေပါပြီ နှိုပ်တာလဲ အချိန်တဆက်ထဲမို့ နဲနဲပင်ပန်းတာပဲ ရှိတာပါ"
"ငါတစ်ကယ် စိတ်မကောင်းဘူး ကောင်းထက်ကျော် ငါတကယ် ကိုယ်ချင်းမစာမိခဲ့ဘူး ဒိလောက်အေးနေ တဲ့ အဲကွန်းခန်းထဲမှာ ငါ့ကျောပေါ် တစ်စက်စက်ကျ နေတဲ့ မင်းရဲ့ခြွေးတွေက ငါ့အတ္တတွေကို အရည် ဖျော်ချပေး ခဲ့သလိုပဲ"
ကောင်း ထပ်ပြီး ပြုံးမိခါ
"ကျနော်တို့ ရတဲ့ အခကြေးငွေတွေ မုန့်ဖိုးတွေက ကျနော်တို့ခြွေးတွေ အတွက် သန့်ရှင်းစွာ ရတယ်ဆိုတာ နားလည်ပေးရင်ပဲ ကျနော်ကျေနပ်ပါတယ် အကို"
"ဘာလို့ မင်း ဒီအလုပ်လုပ်ရလဲ ဆိုတာ ငါသိခွင့်ရှိမလား ကောင်းထက်ကျော်"
"ရှိပါတယ် ဒါပေမယ့် သောကတွေမို့ အပူမပေးချင် ပါဘူး အဆင်မပြေမှုတွေ ကြောင့်လို့ပဲ မှတ်ထားပေးပါဗျာ"
"မင်းနဲ့ငါ သူငယ်ချင်း ဖြစ်ခွင့်ရှိမလား ငါ့နာမည် မင်းသန့်မောင် ပါ"
ကောင်း ကျေနပ်စွာ ပြုံးလိုက်ရင်းက
"ဒါက အလုပ်ထဲမှာမို့ အလုပ်စည်းကမ်း ကိုနားလည် ပေးပါ အကို ကျေးဇူးတင်ပါတယ်"
"ကောင်းပြီလေ ဒါဆို မင်းအပြင်ထွက်တဲ့ အချိန်ထိ ငါ ဆိုင်ရှေ့မှာ ထိုင်စောင့်နေမယ်"

ယောက်ျားပျက်။Where stories live. Discover now