Part - 1

43.6K 1.7K 49
                                    

[ Zawgyi ]
----------------

ရထားဥသြဆွဲသံကြားလိုက်ရသည့်အချိန် ခပ်မတ်မတ်ဖြစ် သွားတဲ့ခါးနှင့်အတူ game ဆော့နေသောလက်ချောင်းများကအလိုလိုရပ်တန့်သွားကာ ကျွန်တော်ရဲ့မျက်နှာသည်လည်းအပြင်ဘက်သို့အငေးသား ။ တရွေ့ရွေ့စတင်ခုတ်မောင်းနေပြီဖြစ်သောရထားတွဲကြီး၏ စက်တွဲတစ်တွဲထဲမှာရှိနေတဲ့ကျွန်တော်ဟာလည်း ရန်ကုန်ဘူတာကြီးဆိုသည့်ဆိုင်းဘုတ်ကိုကျော်လွန်ကာ အဝေးတစ်နေရာဆီသို့ပါသွားလေပြီ ။ gameဆော့နေခြင်းအလုပ်ကိုရပ်လိုက်ကာ ဖုန်းပါပိတ်လိုက်ပြီး ထိုင်နေရာထိုင်ခုံနောက်မှီသို့ခပ်လျောလျောမှီချလိုက်သည် ။

ညနေစောင်းအချိန် နေမဝင်သေးတဲ့နေရောင်ခပ်ဖျော့ဖျော့ ဟာ တိုက်တာအဆောက်အဦးများကိုကျော်လွန်လာပြီးမျက်နှာထက်ဆီသို့ကျရောက်လာတာကြောင့် ခေါင်းကိုအနောက်သို့ပိုတိုးကပ်လိုက်ရင်း ကျွန်တော့်ရဲ့ရှေ့မှထိုင်ခုံပေါ်ဖင်တကြွကြွဖြင့် ရထားတွဲပြတင်းပေါက်ကိုခေါင်းပြူကာ လေညှင်းခံနေသလိုမျက်စိပါမှိတ်ထားလျှက် over လုပ်နေတဲ့သူငယ်ချင်းမကိုခပ်ချဉ်ချဉ်ကြည့်နေလိုက်သည် ။ သူမကတော့ ဒီခရီးထွက်လာရတာကိုပျော်နေပုံပါပဲ ။

" သားသား ... ဗိုက်ဆာနေပြီလား ? "

ဘေးခုံကနေလှမ်းမေးလာသည့်မေ့မေ့ရဲ့စကားကြောင့်ခေါ င်းခါရင်းခပ်ဖွဖွပြုံးပြမိသည်က ကျွန်တော်စိတ်မဆိုးတော့ေ ကြာင်းကိုမေ့မေ့အားသိစေလို၍ပင် ။ မေမေသည်လည်းစိတ်အေးသွားပုံဖြင့် ခေါင်းဆတ်ပြရင်းပြန်ပြုံးပြလာသည် ။ ကျွန်တော်သိတာပေါ့ ။ ကျွန်တော်စိတ်ဆိုးနေမလားဆိုတာအိမ်ကနေရထားပေါ်တက်တဲ့အထိ အရိပ်အခြေလိုက်ကြ ည့်နေသောမေ့မေ့ရဲ့မျက်ဝန်းတွေကို တမင်ရှောင်လွှဲနေမိသည်က မေ့မေ့အားပို၍ခိုးလုခိုးလုဖြစ်စေမှန်း ။

ဆယ်တန်းဖြေပြီးခါစဖြစ်သော ဇေရှားထက်မြတ်ဆိုတဲ့ကျွန်တော်ဟာအမေချစ်သားဆိုတော့ကာ မေ့မေ့မျက်နှာစိတ် မကောင်းမဖြစ်စေဖို့မှာ သူ့ရဲ့တာဝန်ကြီးတစ်ရပ်လို ။ အခုခရီးစဉ်ကိစ္စကိုတော့ ကျွန်တော်စိတ်လျှော့လိုက်ရပေမဲ့ မေ မေစိတ်တိုစေဖို့ စိတ်မကောင်းဖြစ်စေဖို့ ကိစ္စတစ်ခုကြီးကိုကျူးလွန်ထားတာသာ မေမေအချိန်တန်လို့သိလာခဲ့လျှင် ။

To  Love  District ( Complete ) [ ZG & Uni ]Where stories live. Discover now