Part - 25

8.9K 708 135
                                    

[ Zawgyi ]
----------------

သော်စစ်ရောင် pov :
****************

လူခေါ်ဘဲလ်တီးရန်လက်အလှမ်း သူ့ရဲ့လက်တွေတန့်သွား ၏ ။ ဒီအိမ် ဒီခြံ ဒီနေရာကိုသူမရောက်ဖြစ်တာကြာညောင်းခဲ့လေပြီ ။ မလာဖြစ်တာထက် မလာရန်အတင်းစိတ်ကိုချိုးနှိမ်ထားခဲ့ရသည့် ဤနေရာ ။ စစ်ရောင်ရဲ့တစ်ခုတည်းသောပျော်ရွှင်ခြင်းရှိတဲ့နေရာ ။ အတိအကျပြောရလျှင်သူ့ဘဝရဲ့ပျော်ရွှင်မှုလေးရှိသောနေရာ ။

ခြံရှေ့မှာပဲရပ်ကာ တစ်အိမ်လုံးကိုတစ်ခနမျှခြုံငုံကြည့်လိုက်သည် ။ သူနေသွားခဲ့သည့်အတိုင်း ဘာဆိုဘာမှပြောင်းလဲခြင်းမရှိ ။ ပထမဆုံးရန်ကုန်စရောက်တုန်းက ထိုအိမ်လေးထဲကိုဝင်ရန်ဖြစ်ခဲ့တဲ့ခံစားမှုမျိုး ယခုချိန်တွင်စစ်ရောင်ပြန်လည်ခံစားနေရသည် ။ ခြံတွင်းထဲသို့ဝေ့ကြည့်မိတော့ ဗန်ဒါပင်ထီးထီးကြီးကိုလှမ်းတွေ့၏ ။ ငိုနေသောကောင်ငယ်လေးရဲ့ပုံရိပ်တွေကိုမြင်ယောင်လာပြန်တော့ အလွမ်းဓာတ်ခံကကြွလာခဲ့သည် ။ ဘယ်အရာကိုကြည့်ကြည့် ဒီနေရာလေးကလွမ်းစရာတွေချည်းသာ ......... ။

သူ ဒီအိမ်လေးကိုခြေဦးမလှည့်ဖြစ်တော့သည်မှာ လွန်ခဲ့တဲ့ ၃ နှစ်အချိန် ဇေရှားရဲ့၁၈ နှစ်ပြည့်မွေးနေ့ကပေါ့ ။ အတွေးတွေက အတိတ်ကာလဆီသို့ကွန့်မြူးသွားလေတော့ ရင်ထဲ၌ခံစားချက်မျိုးစုံမှာနိုးကြွလာသည် ။ စကားသံတစ်ချို့ကိုတိုးတိုးရွတ်မိတော့ နူတ်ခမ်းကအလိုလိုပြုံးလျှက် ။

" ငါ ... မင်းကိုလွမ်းနေခဲ့တာဇေရှား "

•••••••••••••••••••••••••••••••••••••••••••••••••

ဇေရှားဆီကနေ သူအပြီးအပိုင်ထွက်လာခဲ့ပါသည် ။ ဇေရှားရဲ့ဘဝထဲကကော ဇေရှားရဲ့နှလုံးသားထဲကပါ ငဲ့ညာခြင်းမရှိပဲနှင့်သူရက်စက်ခဲ့ရသည် ။ သို့သော် ဇေရှားကတော့သူ့ဆီသို့တစ်ခါတစ်ရံဖုန်းဆက်တတ်သလို massage အတိုလေးများကိုလည်းပို့တတ်ပြန်သေးတာ ။ ဖွင့်ကြည့်ချင်မိတဲ့ massage လေးများကိုအတင်းပဲလျစ်လျူရူခဲ့ရတာဟာ စစ်ရောင်အတွက်တော့ ပြင်ပအလုပ်များထဲမှအပင်ပန်းဆုံးအရာပင် ။ ထိုနောက်ပိုင်း ဇေရှားသူ့ဆီကိုဆက်သွယ်မလာတော့ပါ ... ။

To  Love  District ( Complete ) [ ZG & Uni ]Where stories live. Discover now