Part - 23

7.6K 646 95
                                    

[ Zawgyi ]
----------------

အစ်ကိုတကယ်ပဲကျွန်တော့်ကိုလာမတွေ့တော့ဘူး ။ ဖုန်းဆက်ရင်လည်းမကိုင်တော့သလို ဖုန်းပါစက်ပိတ်သွားပုံထောက်ရင် ဖုန်းနံပါတ်ပင်ပြောင်းသွားလောက်ပြီပေါ့ ။ အဟက် ... အစ်ကိုကပြောတဲ့အတိုင်းကိုတကယ်ကြီးလုပ်သွားခဲ့တာပဲ ။ အစ်ကိုခုလိုလုပ်ရမှဖြစ်မယ်ဆိုလည်း ကျွန်တော်အစ်ကို့ရဲ့စကားကိုနာခံရမှာပေါ့ဗျာ ။ ကျွန်တော်ကအစ်ကို့ကိုစိတ်မှမဆင်းရဲစေချင်ပဲ ။ ကျွန်တော်အစ်ကို့ကိုသိပ်ချစ်တယ်လေ ... ။

ကံဆိုးတာက ကျွန်တော့်ရဲ့အချစ်တွေကိုအစ်ကိုသိမသွားခဲ့ဘူး ။ ကျွန်တော့်ရဲ့အချစ်တွေကို အစ်ကို့ရင်ထဲကနေခံစားပြီး အနည်းငယ်သာသိသွားခဲ့ရင်ပဲကျွန်တော်ကျေနပ်ပါတယ် ။ လုံးဝသိမသွားတာထက်စာရင်ပေါ့ ...... ။

စက္ကန့်ကနေ မိနစ် ၊ မိနစ်ကနေ နာရီ ၊ နာရီပေါင်းများစွာဖြတ်ကျော်ပြီးချိန်မှာတော့ရက်အလီလီ လအလီလီမှနှစ်ချီပင်ကြာသွားတဲ့အထိ ကျွန်တော့်ရဲ့အချစ်တွေကတော့လတ်ဆတ်နေတုန်းပါပဲအစ်ကို ။ နေ့ရက်တိုင်းအစ်ကို့ကိုသတိမရသောရက်ဆိုတာမရှိပဲ အိပ်ခဲ့ရတဲ့ညများစွာဟာလည်း များခဲ့လေပြီ ။

ကျွန်တော်အစ်ကို့ကိုလွမ်းတယ် ...... ။

အစ်ကို့ကိုသတိရတယ် ...... ။

ပြီးတော့ ... အစ်ကို့ကိုလည်းချစ်နေဆဲပဲ ... ။

•••••••••••••••••••••••••••••••••••••••••••••••••

" ထက်မြတ်ရေ ... ထက်မြတ် "

" အော်ကျယ်အော်ကျယ်နဲ့ မနက်စောစောစီးစီကျက်သရေမရှိလိုက်တာအငုံရာ ! နင့်အသံဆိုးက "

မနက်စာစားရန်ပြင်နေတုန်းရှိသေး ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအသံဖြင့်ကျွန်တော့်အားအော်ခေါ်နေ၍ ကော်ဖီခွက်ကိုကိုင်ရင်း ဧည့်ခန်းထဲသို့ထွက်ခဲ့လိုက်သည် ။ အပြင်သွားဖို့ထင် သေချာပြင်ဆင်ထားတဲ့အငုံရဲ့ပုံစံကြောင့်ထက်မြတ်မျက်မှောင်ကုတ်လိုက်၏ ။

ပုံမှန်ဆိုမိတ်ကပ်မလိမ်းတတ်တဲ့သူငယ်ချင်းမက ခုတော့ဖြင့်မော်ဒယ်တစ်ယောက်အလားပြင်ထားဆင်ထား၍ ထက်မြတ်အံ့သြမိတာမဆန်း ။ ပြောရရင်တော့ အငုံကတဖြည်းဖြည်းနှင့်လှလာပါသည် ။ ပိုရှည်လာသောအရပ်ရယ် အဆီအပိုအလိုမရှိတဲ့ခန္ဓာကိုယ်ရယ်ကြောင့်မြန်မာမိန်းကလေးအများစုထဲမှာတော့ တရုတ်အနွယ်စပ်တဲ့အငုံကထင်ရှားစမြဲပင် ။ နဂိုရုပ်အခံလေးကိုကချစ်ဖို့ကောင်းနေ၍ မျက်နှာပြောင်နှင့်တောင်အများကြားထဲပေါ်လွှင်နေမြဲဆိုတာ ထက်မြတ်မငြင်းမိပါ ။

To  Love  District ( Complete ) [ ZG & Uni ]Where stories live. Discover now