To Min Yoongi 🌟 (14)

45 8 0
                                    

-14-

တ​နေ့ အကို့ရှေ့သာ ညီမ​ရောက်​ခဲ့ရင်

အကိုဖန်​တီးခဲ့တဲ့ music အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ​ပြောမယ်
ခက်​ခဲ​နေတဲ့အချိန်​​တွေ ​ကျော်​လွှား​ပေးခဲ့လို့ ​ကျေးဇူးတင်​ပါတယ်​ ​​ပြောမယ်
ကိုယ်​မြတ်​နိုးတဲ့အရာကို လက်​​လျော့မှုမရှိပဲ ရယူနိုင်​​အောင်​ သင်​ကြား​ပေးခဲ့လို့ ​ကျေးဇူးတင်​ပါတယ်​ ​​ပြောမယ်
ဘယ်​လိုအရာ​တွေကို အ​လေးထားပြီး ဘယ်​လိုအရာ​တွေကို ဦး​နှောက်​ထဲမထည့်​​ဖို့ လမ်းပြ​ပေးခဲ့တဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ​​​ပြောမယ်
Min Yoongi ဆိုတဲ့ ကိုယ်​သိပ်​ချစ်​ရတဲ့ လူသား​လေးတစ်​​ယောက်​ဖြစ်​လာ​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ ​ပြောမယ်

နောက်​ပြီး
အကို့ရဲ့ လက်​​လေး​တွေ တစ်​ခါ​လောက်​ ဆုပ်​ကိုင်​ခွင့်​​တောင်းမယ်
သွားဖုံး​လေး​တွေ​ပေါ်​အောင်​ ရီပြဖို့ ​တောင်းဆိုမယ်

ကိုယ်​​ပြောတဲ့ စကား​လေးတိုင်း ​စိတ်ဝင်​တစား​ခေါင်းတငြိမ့်​ငြိမ့်​နား​ထောင်​​ပေးတဲ့ ပုံစံကို နှလုံးသားထဲ စွဲ​နေ​အောင်​မှတ်​မယ်

နောက်​ဆုံး

အကိုဟာ ညီမရဲ့ တန်​ဖိုးအထားရဆုံး အမြတ်​နိုးဆုံး လူသားတစ်​​ယောက်​ပါလို့ ​ပြောမယ်
ချစ်​တယ်​ လို့​ပြောရင်း အကို့ကို တခါ​လောက်​ ​ပွေ့ဖက်​ခွင့်​​တောင်းမယ်

ဒီ​လောက်​ဆို လုံ​လောက်​ပါပြီ
ဘာမှ တပ်​မက်​မှု​မရှိပဲ ရိုးရိုး​လေး ​တွေ့ဆုံချင်​ပါ​တယ်​ အကို ~~~~~♡

-ESSJU

* ကဗျာ​လေး​တွေ ပြန်​​ရေးဖို့ ကြိုးစားပါဦးမယ်​​နော်

To Min YoonGi🌟Where stories live. Discover now