To Min Yoongi 🌟 (18)

80 9 0
                                    
-18-

ဧပြီလ ၆ ရက်
ရာသီဥတုက ပူတယ်
မင်း အဆင်​​ပြေပါ့မလားလို့
ထပ်​ခါထပ်​ခါ​တွေးရင်း
ပတ်​ဝန်းကျင်​အပူကို
အန်​တုခဲ့တယ်

ဘယ်​သူက ယုံမှာလဲ
သာမာန်​ ဒီမိန်းက​လေးက
မင်းရှိ​ရာ ရပ်​ဝန်းဆီ 
လေယာဉ်​ပျံကြီးစီးပြီး
သတ္တိရှိရှိ လိုက်​လာခဲ့မယ်​လို့

အချစ်​ရဲ့ ခွန်​အားဆိုရမလား
ပင်​ပန်း​ဒဏ်​​တွေ ခံနိုင်​ခဲ့တာ
မင်းဆိုတဲ့ လူသား​လေး​ကြောင့်

၃ နာရီစာ အတူတူရှိခဲ့တယ်​တဲ့
တစ်​မိုး​အောက်​ တစ်​​လေထဲရှူရှိုက်​ရင်း
အပြင်​​လောက က
မင်းကို​တွေ့ခဲ့တယ်​ဆိုတာ
ခုထိ အိပ်​မက်​လို

လူ​ကောင်​​သေး​သေး
အသားဖြူ စွတ်​စွတ်
မင်းဟာကိုယ့်​​ရှေ့က
stage ​ပေါ်ရပ်​ရင်း
ကိုယ်​ရှိရာလက်​​တွေ​ဝှေ့ရမ်း​တော့
ကိုယ်​လာမယ်​ဆိုတာ
မင်းသိ​နေခဲ့သလားဆိုတဲ့
ခပ်​​ကြောင်​​ကြောင်​အ​တွေး​တွေဝင်​ရင်း
မင်းကို သိပ်​ချစ်​တယ်​ လို့ ​အော်​​ပြောခဲ့တယ်

အားလုံးထက်
မင်းကို အချစ်​ဆုံးလို့​တွေးထားတဲ့
ကိုယ့်​ဖြစ်​တည်​မှုဟာ
အဲ့ဒီ​နေ့မှ ကွင်းကွင်းကွက်​ကွက်​သိခဲ့တာ
တကယ်​​တော့ ကိုယ်​ဟာ အများနည်းတူ
မင်းရဲ့ fan girl သက်​သက်​သာ

မင်းကို ကိုယ်​က မြင်​တယ်
ကိုယ့်​ကိုယ်​ မင်းမမြင်​ဘူး
ဒီလိုပဲ နီးစပ်​ခြင်းဆိုတာ
ကိုယ်​တို့ကြားထဲမှာ
ထာဝရ မရှိနိုင်​တဲ့ သ​ဘော

မင်းက ​တောက်​ပ​လေ
ကိုယ်​က ​မှေးမှိန်​​လေ
သို့​ပေမဲ့ မင်းအတွက်​ဆို
ကိုယ့်​ရဲ့ အလင်း​တွေအကုန်​​ပေးပါ့မယ်
ကိုယ့်​ရဲ့ အချစ်​​တွေနဲ့
အသားကုန်​သာ ထွန်းလင်း​တောက်​ပပါ
ကြယ်​​လေး​ရေ....

ESSJU 💜

ESSJU 💜

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

BTS LYS Tour in Bkk (060419)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

BTS LYS Tour in Bkk (060419)

To Min YoonGi🌟Where stories live. Discover now