To Min Yoongi 🌟 (16)

52 8 0
                                    

-16-

ဓူဝံကြယ်​ဟာ 
မြောက်​အရပ်​မှာ တည်​သလို
မင်းက​တော့
ကိုယ့်​ဘယ်​ဖက်​ခြမ်း
နှလုံးအိမ်​မှာ တည်​တယ်

သံလိုက်​အိမ်​​မြှောင်​က
မြောက်​အရပ်​ပဲ ညွှန်းတယ်​ဆိုရင်
ကိုယ့်​အချစ်​​တွေဟာ
မင်းရှိရာ အရပ်​ပဲ လားတယ်

တရက်​တရက်​တိုးလာသလို
တစ်​စ​တစ်​စ ပိုလာတဲ့
ကိုယ့်​အချစ်​​တွေဟာ
မင်းအပြုံး​အောက်​မှာ ယ​နေ့တိုင်
မြေခတယ်

ရှစ်​ဆယ်​ ​ဆိုတဲ့
အကွာအ​ဝေး ​ကျော်​လွန်​ပြီး​နောက်
နာရီအပိုင်းအခြားတစ်​ခုမှာ
မင်းနဲ့အတူ တစ်​မိုး​အောက်
တစ်​​လေထဲရှူ ရှိုက်​ရ​တော့မယ်​လို့်
တွေးမိတိုင်း အိပ်​မက်​လားထင်​မိတယ်

ကတိ​တွေ​ပေးခဲ့တယ်
တည်​နိုင်​​အောင်​လည်း
ကြိုးစားခဲ့တာမို့ မင်း​ကျေနပ်​မယ်​ထင်​ရဲ့

သူများတကာလို
မင်းအတွက်​ ​ခေါင်းစဉ်​တပ်​ပြီး
Supporting ​တွေမလုပ်​နိုင်​​ပေမဲ့
ကောင်းကင်​ကို​မော့ကြည့်​ပြီး
စိတ်​ကူး​တွေယဉ်​ခဲ့ဖူးတဲ့ 
မိန်းက​လေးတစ်​​ယောက်
သူမရဲ့ အိပ်​မက်​ကို
ဆုပ်​ကိုင်​ခွင့်​တစ်​ကြိမ်​ ရခဲ့တာမို့
မင်း​ပျော်​​နေမှာပါ

သိပ်​ချစ်​တယ်

ESSJU💜

To Min YoonGi🌟जहाँ कहानियाँ रहती हैं। अभी खोजें