To Min Yoongi 🌟 (17)

49 8 0
                                    

-17-

၁၉၉၃ ခုနှစ်​ရဲ့ ​ကြယ်​​တွေစုံတဲ့
နွေဦးရက်​တစ်​​နေ့မှာ
ကိုယ်​ သိပ်​ချစ်​ရမဲ့လူသား​လေး
တစ်​​ယောက်​​မွေးဖွားခဲ့တယ်

မေတ္တာ​တွေ လွှမ်းခြုံရင်
အဆိပ်​​တောင်​ ​ဆေးဖြစ်​တယ်​ဆိုမှ
သန်း​ပေါင်းများစွာရဲ့ ချစ်​ခြင်း
လွှမ်းမိုးခြင်းခံ​နေရတဲ့ မင်းအတွက်​​တော့
ဒီ​နေ့ဟာ ပန်း​ပေါင်းတစ်​ရာ
ဖူးပွင့်​စုံတာထက်​ လှပ​နေလိ​မ့်​မယ်

၂၆ နှစ်​ဆိုတဲ့ ကိန်းဂဏန်း​အောက်​မှာ
ကိုယ့်​ရဲ့ ချစ်​ခြင်း​မေတ္တာ​တွေကို
ဆက်​လက်​ခံယူနိုင်​ပါ​စေ
ကျန်းမာ​ပျော်​ရွှင်​စွာနဲ့
နောက်​နှစ်​တိုင်းမှာ
ကိုယ်​သိပ်​ချစ်​ရတဲ့သူ ​နေရာက​နေ
ကိုယ်​​ပေးမဲ့ ​မွေး​နေ့ဆု​တောင်း​တွေကို
ဆက်​လက်​ လက်​ခံ​ပေးနိုင်​ပါ​စေ
နှုတ်​ဖျားက​နေ တိုးတိုး​လေး
ရွတ်​ဆို​ပေးမဲ့ ဆုမွန်​​ကောင်း​တွေ​ရော
အကျယ်​ကြီး ဖွင့်​​ပြောဖြစ်​မဲ့
ဆု​တောင်းစကား​တွေ​ရော
မင်းထံ​ရောက်​ပါ​စေ

မင်းရဲ့ ​မွေး​နေ့ဟာ
ကိုယ့်​ရဲ့ ချစ်​ခြင်း​မေတ္တာ​တွေနဲ့
သင်းရနံ့ထုံပါ​စေ.....။

-ESSJU 💜

To Min YoonGi🌟Où les histoires vivent. Découvrez maintenant