I can't live without you-6

1.5K 167 4
                                    

ကျွန်​​တော်​မျက်​နှာ​ပေါ်ကိုလာထိ​တွေ့​သောပူ​နွေး​နွေးလက်​တစ်​စုံ​ကြောင့်​မျက်​လုံးကိုဖွင့်​ကြည့်​လိုက်​​တော့...........

ညအိပ်​ဝတ်​စုံအဝါ​လေးနဲ့ဂျောင်​ဆူး......

"ဂျုံအင်းသက်​သာရဲ့လား?"

"အင်း.....ဒါနဲ့ကိုယ်​အခုဘယ်​​ရောက်​​နေတာလဲ..."

"ဂျုံအင်းသတိ​မေ့သွားလို့ငါအိမ်​​ခေါ်လာတာ.."

"ဪ....."

လို့​ပြောရင်း​ကျွန်​​တော်​လဲ​ဂျောင်​ဆူးအခန်းကိုတစ်​ချက်​ကြည့်​လိုက်​သည်​။

အခန်း​လေးက​ဂျောင်​ဆူးလိုပဲချစ်​ဖို့​ကောင်းတယ်​~~

"ဘာ​တွေကြည့်​​နေတာလဲဂျုံအင်း..."

"ဒီတိုင်း​လျှောက်​ကြည့်​​နေတာ..."

"​အေးတာ​ရောသက်​သွားပြီလား..."

ဂျောင်​ဆူးကထိုင်​ခုံ​ပေါ်မှထပြီးကျွန်​​တော့်​နဖူးလာစမ်းသဖြင့်​ကျွန်​​တော်​လဲ​ဂျောင်​ဆူးခါး​သေး​သေး​လေးကိုဆွဲဖက်​လိုက်​သည်​။

"ဘာ....ဘာလို့ဖက်​တာလဲ...လွှတ်​..."

"​ဂျောင်​ဆူးက​နွေးလို့ခဏ​လောက်​ဖက်​ပါရ​စေ..."

ကျွန်​​တော်​​တောင်းဆိုသလို​ပြောလိုက်​​တော့​ဂျောင်​ဆူးကမရုန်းပဲငြိမ်​ငြိမ်​​လေး​နေ​ပေးသည်​။

ခဏကြာမှကျွန်​​တော်​ဖက်​ထားတာခွာလိုက်​ပြီး​ဂျောင်​ဆူးကိုကြည့်​လိုက်​​တော့မျက်​နှာကနီနီရဲ​ရဲ​လေးဖြစ်​​နေတယ်​~~~~

"​ဂျောင်​ဆူးပူ​နေတာလား...."

"ဟင်​....ဘာလို့လဲ?"

"​ဂျောင်​ဆူးရဲ့မျက်​နှာကနီ​နေတယ်​..."

"ဟုတ်​လား?...."

"အင်း...."

"ဟို....ငါအပြင်​မှာ​ရေ​နွေးအိတ်​သွားယူလိုက်​​ဦးမယ်​....ဒီမှာခဏ​စောင့်​​နေ​နော်​!!"

"အင်း...."

ဂျောင်​ဆူးအခန်းထဲကထွက်​သွား​တော့မှကျွန်​​တော်​လဲကုတင်​​ပေါ်မှထလာပြီး​ဂျောင်​ဆူးအခန်းကို​လျှောက်​ပတ်​ကြည့်​​နေလိုက်​တယ်​~~~~

I can't live without you(Kaisoo Yaoi)Where stories live. Discover now