I can't live without you-15

1.1K 145 18
                                    

"ကိုယ်​ကVampireတစ်​​ယောက်​ဆိုရင်​​ရော ကိုယ့်​ကိုချစ်​ရဲ​သေးလား ​ဂျောင်​ဆူး..."

ကြောက်​ရွံပြီးကြည့်​​နေမည့်​ ​ဂျောင်​ဆူးမျက်​နှာကို
မမြင်​ချင်​တာ​ကြောင့်​ ​ကျော​ပေးလိုက်​သည်​။

ကင်​ဂျုံအင်း...မင်းတာဝန်​​ကျေပြီ။အခု​ဂျောင်​ဆူး​ဘေးကထွက်​လာ​တော့~~

နောက်​ဆုံးတစ်​ချက်​ အသက်​ကိုပြင်းပြင်းချလိုက်ပြီး
ထွက်​သွားရန်​ပြင်​​တော့ အ​နောက်​မှကြားလိုက်​ရသည့်​ တိုးညှင်း​သောအသံ​လေးတစ်​သံ

"မ...မဖြစ်​နိုင်​ဘူး..."

"ယုံရမယ်​ဒို​ဂျောင်​ဆူး!!ကိုယ်​က....ကိုယ်​ကလူ​တွေရဲ့​သွေးကိုသတ်​ဖြတ်​ပြီး​သောက်​​နေတဲ့မ​ကောင်း​ဆိုးဝါးတစ်​​ကောင်​ မင်းကိုလဲသတ်​ပစ်​နိုင်​တယ်​!အဲဒါ​ကြောင့်​ ကိုယ့်​ကို....."

ပုခုံးကိုခပ်​ကြမ်းကြမ်းလှုပ်​ပြီး​ပြော​နေ​တော့
ဂျောင်​ဆူးမျက်​နှာမျက်​ရည်​​တွေအဆက်​မပြတ်​ကျလာသည်​။

မင်း​ကောင်းဖို့အတွက်​ကိုယ်​ဒီလိုလုပ်​ရတာပါ​ဂျောင်​ဆူးရယ်​~~

သူရဲ့မျက်​ရည်​ရွဲ​နေသည့်​မျက်​နှာကို
နာကျင်​စွာတစ်​ချက်​စိုက်​ကြည့်​ရင်း အ​ဝေးကိုတွန်းထုတ်​လိုက်​သည်​။

"ကိုယ်​သွား​တော့မယ်​ "

ပြောလိုက်​​တော့ အ​နောက်​မှာလဲကျ​နေသည့်
ဂျောင်​ဆူးက​ပြေးထပြီး ကျွန်​​တော့်​အ​ရှေ့တွင်​ပိတ်​ရပ်​သည်​။

"မသွားပါနဲ့...မသွားပါနဲ့​နော်​ဂျုံအင်း..."

"ဒို​ဂျောင်​ဆူး မင်းရဲ့အသက်​ကိုမဆုံးရှုံး​စေချင်​ရင်​ ဒီမှာတင်​ရပ်​လိုက်​​တော့!"

"ဟင့်​အင်း....​သေချင်​​သေပါ​စေ!ငါ...ငါရိပ်​မိ​နေတယ်​....မဟုတ်​ဘူး...သိ​နေတယ်​ဆိုတာပိုမှန်​မယ်​ "

သိ​နေတယ်~~

ဂျောင်​ဆူးကဘာကိုသိ​နေခဲ့တာလဲ?

ကျွန်​​တော်​Vampireဆိုတာကိုသိ​နေခဲ့တာလား?

ဒါ​တောင်​ကျွန်​​တော့်​လိုမ​ကောင်းဆိုးဝါးကိုမ​ကြောက်​မရွံပဲချစ်​နိုင်​တယ်~~

I can't live without you(Kaisoo Yaoi)Where stories live. Discover now