I can't live without you-20

1.1K 130 4
                                    

"ငါမင်းကိုလက်​ထပ်​ပါ့မယ်​ဂျုံအင်း"

"တစ်​...တစ်​ကယ်​​ပြောတာလား​ဂျောင်​ဆူး"

"အင်း"

ကျွန်​​တော်​​မြေပြင်​​ပေါ်တွင်​လှဲ​နေ​သော​ဂျောင်​ဆူးကို
ဆွဲထူပြီးတင်းကြပ်​စွာဖက်​ထားလိုက်​​တော့
ကျွန်​​တော်​ရင်​ခွင်​ထဲတိုးဝင်​လာသည်​။

"ကိုယ်​မင်းကိုအရမ်းချစ်​တယ်​"

"ငါ​ရောပဲ....ငါကိုလက်​စွပ်​​ဝတ်​​ပေး​တော့​လေ"

ရင်​ခွင်​ထဲမှာတွန်းထွက်​ရင်း...
လက်​​ထောင်ပြသည့်​​ဂျောင်​ဆူးလက်​ကို
ကျွန်​​တော်​လက်​စွပ်​​လေးစွပ်​​ပေးလိုက်​​တော့
သ​ဘောကျစွာကြည့်​​နေသည်​။

"ဂျုံအင်းငါတို့ဘယ်​​တော့မှမခွဲဘူး​နော်​"

"ထာဝရမခွဲဘူး​ဂျောင်​ဆူး....မင်း​ဘေးမှာကိုယ်​အမြဲရှိမှာ"

"ဟီး....ဒါနဲ့ည​တောင်​မိုးချုပ်​​တော့မယ်​!
ပြန်​ရ​အောင်​​လေဂျုံအင်း"

"အင်း...သွားစို့"

လက်​ဖြူ ဖြူ နုနု​လေးကိုကိုင်​ကာ​တောထဲက​နေ
ထွက်​​တော့မျက်​ဝန်းမှာအချစ်​ရိပ်​​တွေနဲ့
ဲ့ကြည့်​​နေသည့်​​ဂျောင်​ဆူး...

"အဟမ်း...ဘာလို့အဲ့​လောက်​​တောင်​ကြည့်​​နေရတာလဲ"

"​ချောလို့...ဂျုံအင်းကအရမ်း​ချောလို့​လေ"

"ဟားဟား....ကိုယ့်​ကို​မြှောက်​​နေပြန်​ပြီ"

"တစ်​ကယ်​​ပြောတာ"

ဘေးနားက​နေတတွတ်​တွတ်​ဖြင့်​​ပြော​နေသူကို
အသည်းယားလာတာမို့၊​ပွေ့ချီကာ
မွှေ့ရမ်းလိုက်​သည်​။

ချစ်​ရတဲ့လူသား​လေးက​တော့​ကြောက်​လို့ထင်​၊
မျက်​လုံး​လေးတွေမှိတ်​ပြီးနှုတ်​ခမ်းကိုကိုက်​ထားကာ
ကျွန်​​တော့်​ကိုအတင်းဖက်​တွယ်​ထားသည်​။

မှိတ်​ထား​သောမျက်​ခွံမို့မို့​အ​ပေါ်~~~
အနမ်း​ပေးပြီးကိုက်​ထားတဲ့နှုတ်​ခမ်းကိုလဲ...
လက်​နှင့်​​ဖြေ​လျော့​ပေး​တော့မျက်​လုံးဖွင့်​ကြည့်​လာသည်​။

I can't live without you(Kaisoo Yaoi)Where stories live. Discover now