အခန်း ( ၁၆ )
ထက်မြတ် စာသင်ခန်းထဲမှာ ထိုင်နေတုန်း ညီမဖြစ်သူ ယွန်းမြတ်ချယ်တစ်ယောက် အရေးကြီးလို့ မြန်မြန်လာရန် ဖုန်းဆက်ခေါ်တာကြောင့် ပြေးသွားရာ လှေကားအကွေ့အရောက် ကောင်လေးတစ်ယောက်နှင့် မတော်တဆ တိုက်မိလေသည်။ ထိုကောင်လေး ပြုတ်ကျသွားတာာကြောင့် လှမ်းပွေ့ထားရင်း မိန်းကလေးတွေထက် ချစ်ဖို့ကောင်းလွန်းသည့် ကောင်လေးကို ငေးစိုက်ကြည့်မိသွားသည်။ ကောင်လေးက သူ့ဆီက ရုန်းပြီးနောက် ထပ်ပြုတ်ကျမလို ဖြစ်သွားတာကြောင့် နောက်ထပ်တစ်ခါ ထပ်ပြီး ဖက်ထားမိပြန်သည်။ တစ်ခါမှမဖြစ်ခဲ့ဘူးသော ခပ်မြန်မြန် ခုန်နေတဲ့ သူ့ ရင်ခုန်သံတွေကြောင့် ကိုယ်တိုင်အံ့သြမိရသည်။
နေ့သစ် သတိဝင်လာပြီး ထိုလူ့ဆီမှ ရုန်းထွက်ပြီးနောက် လှေကားကြမ်းပြင်မှာ ကျနေသည့် ဖုန်းလေးဆီအကြည့်အရောက် လှေကားထစ်တွေမှ အမြန်ဆင်းပြီး ကောက်ယူလိုက်သည်။
"သွားပါပြီ..ငါ့ ဖုန်းလေး ။ သူရိန် မွေးနေ့လက်ဆောင်ပေးထားတာ ၊ ဘယ်လောက်မှ မကြာသေးတာကို ဟင့် "
နေ့သစ်သည် ကွဲကြေနေသည့်ဖုန်းလေးကို နှမြောတသစွာကြည့်ရင်း ခပ်တိုးတိုးရေရွတ်မိသည် ။ ထို့နောက် တရားခံကို ဒေါသတကြီး ကြည့်လိုက်သည်။ သူ့ကို စိုက်ကြည့်နေသည့် သူနှင့် အကြည့်ချင်းဆုံလေသည်။
"ဒီမှာ...ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ ။ ကျွန်တော့်ဖုန်းကို ကြည့်ဦး ၊ ကွဲသွားပြီ ။ ဘယ်လို ပြန်လုပ်ပေးမှာလဲ "
ကွဲသွားသည့်ဖုန်းလေးကိုကောက်ယူပြီး ရန်တွေ့သည့်ပုံလေးကြောင့် အသည်းယားသွားရသည်။ ညီမဖြစ်သူခေါ်ထားတာ ယခုမှ ပြန်သတိရသွားပြီး ။
"ဆောရီးပါ ၊ ကိုယ် နည်းနည်း အလျင်လိုနေလို့ ။ ဒီမှာ ခဏစောင့်နေ ။ ပြန်လာရင် ဖြေရှင်းပေးမယ် "
ထိုလူ အလျင်စလို နှုတ်ဆက်ပြီး ခပ်မြန်မြန် ဆင်းသွားတော့ နေ့သစ် တအံ့တသြနှင့်ကျန်ခဲ့သည် ။
YOU ARE READING
ကျွန်တော့် ချစ်ရသူ { Completed }
Romanceမှားယွင်းခဲ့တာတွေ အတွက် ကံတရားကို အပြစ်တင်မိတယ် ။ အဲ့ဒီအမှားတွေထဲမှာ မင်းကို ချစ်ဖို့ဖြစ်လာပြန်တော့လည်း ကံတရားကို ကျေးဇူးတင်မိပြန်တယ်။ နေ့သစ်