အခန်း ( ၁၇)
သူရိန်က နေ့သစ်ကို ခဏစိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။ နေ့သစ်မှာ သူရိန့်နောက်ကို ပြေးလိုက်ရတော့သည်။
"ဖိုးလပြည့် ငါ သွားနှင့်တော့မယ် ။ မနက်ဖြန်မှ တွေ့မယ် "
"အေး...နေ့သစ်"
သူရိန့်နောက်ကို ပြေးလိုက်သွားသည့် နေ့သစ်ကို ကြည့်ရင်း ဖိုးလပြည့် သက်ပြင်းချမိသည် ။ သူနှင့်တောင် သဝန်တိုတတ်သည့် သူရိန့်ကို နေ့သစ်တော့ အသည်းအသန် လိုက်ချော့ရတော့မှာပါလား ။
****
နေ့သစ် စကားလိုက်ပြောပေမယ့် သူရိန်က ခပ်တည်တည်နှင့် နေတာကြောင့် နေ့သစ် ဘယ်လိုချော့ရမှန်းပင် စဉ်းစားမရ ။
အိမ်ရောက်တော့လည်း အဝတ်လဲပြီး သတင်းစာထိုင်ဖတ်နေသည်။ နေ့သစ်သည် သူ့ရိန်ဘေးကပ်ထိုင်ပြီး မဝံ့မရဲ ကြည့်လိုက်သည်။
"သူရိန်....သူရိန်လို့ "
နေ့သစ်ကို တစ်ချက်မှ အဖက်မလုပ်သည့် သူရိန်ကြောင့် စိတ်တိုလာရသည်။
"သူရိန် မင်း စကားမပြောလည်း နေတော့"
နေ့သစ် စိတ်တိုပြီး လှည့်ထွက်ဖို့ ပြင်တော့ သူရိန်က နေ့သစ်လက်ကို လမ်းဆွဲတာကြောင့် သူရိန့်ပေါင်ပေါ် ထိုင်ရက်သား ကျသွားသည်။
"မင်း အမှားလုပ်ပြီး ဒီလို ထားသွားလို့ရမလား....နေ့သစ်"
"ဘာကိုလဲ....ငါ ဘာလုပ်လို့လဲ"
"မင်း လုပ်တာမင်းမသိဘူးပေါ့ ဟုတ်လား...နေ့သစ် "
နေ့သစ် ခဏစဉ်းစားနေပြီးနောက်။
"ထက်မြတ်ကို ပြောတာလား ၊ သူက အတန်းထဲကပါကွာ ၊ ဒီနေ့ပဲ သိကြတာ "
"ဒီနေ့မှ သိတာကို လက်တွေဘာတွေ ကိုင်လို့ပါလား"
"မင်း ဘာတွေပြောနေတာလဲ သူရိန် ။ ငါတို့က ရိုးရိုးသားသား ပေါက်ကရ တွေးမနေနဲ့ ။ ငါ့ကို မင်းကလွဲပြီး ကြိုက်မယ့်သူ မရှိဘူး..."
သူရိန် စိတ်လိုလက်ရ ရယ်မိသည်။ ဒီလောက်ချစ်စရာကောင်းတဲ့ သူလေးကို ။ အင်း... နေ့သစ် မသိတာပဲ ကောင်းပါတယ်လေ ။
YOU ARE READING
ကျွန်တော့် ချစ်ရသူ { Completed }
Romanceမှားယွင်းခဲ့တာတွေ အတွက် ကံတရားကို အပြစ်တင်မိတယ် ။ အဲ့ဒီအမှားတွေထဲမှာ မင်းကို ချစ်ဖို့ဖြစ်လာပြန်တော့လည်း ကံတရားကို ကျေးဇူးတင်မိပြန်တယ်။ နေ့သစ်