အခန်း ( ၁၈ )
"ခင်ဗျား ပြောစရာရှိတာမြန်မြန်ပြော ။ ကျွန်တော် ဘောလုံးကန်ဖို့ ချိန်းထားတာ ရှိတယ် ။ နောက်ကျလို့ မဖြစ်ဘူး "
ထက်မြတ်သည် မိမိအရှေ့မှာ ထိုင်နေသည့် ဖိုးလပြည့် ဆိုသည့် ကောင်လေးကို ကြည့်မိသည်။ မုန့်သွားစားရအောင် ခေါ်လာခဲ့ပြီး ဆိုင်ထဲရောက်သည်နှင့် သူစိတ်ကြိုက်မှာစားနေပြီး ခုအိမ်ပြန်မယ်သာပြောနေတာ ပါးစပ်က အစားနှင့်မပြတ်။ အအေးသောက်လိုက် ၊ မုန့်တွေ စားလိုက်နှင့် ။ ထက်မြက် သူစားနေတာ စောင့်နေရင်းနှင့်သာ အချိန်ကုန်တာပဲ အဖတ်တင်မည်။
"ဒါဆို ပြောတာပေါ့....."
"နေ့သစ်အကြောင်းတော့ လာမမေးနဲ့နော် ကိုထက်မြတ်"
ထက်မြတ် ပြောဖို့ပြင်နေတာ ဖိုးလပြည့်စကားကြောင့် ဆွံ့အသွားရသည်။
"ဘာလို့လဲကွာ.....မင်းကလည်း..."
"ဘာလို့ရမှာလဲ....နေ့သစ်မှာ ချစ်သူရှိတယ် ။ သူ့ရည်းစားကလွဲရင် တခြားဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူး ။ ခင်ဗျား နေ့သစ်ကို မနှောင့်ယှက်စမ်းပါနဲ့ဗျာ..."
"မင်းကလည်းကွာ....ငါ ပြောတောင်မပြောရသေးဘူး ။ မင်းပဲ ပြောနေတာပဲ..."
"ကျွန်တော် ခင်ဗျားပြောချင်တာကို သိနေတာကိုး....."
"ကဲထားပါ....နေ့သစ် ချစ်သူက ချောလား.....ဖိုးလပြည့် "
"အင်း အရမ်းချောတယ် ။ ခင်ဗျားထက်တောင် ချောတယ်...."
"ဘာ!မင်း မိန်းကလေးတစ်ယောက်ကို ငါနဲ့ နှိုင်းရလား....."
ဖိုးလပြည့်သည် ကိုထက်မြတ်၏ စကားကြောင့် ရယ်မိသည်။
"မင်း ဘာရယ်တာလဲ ဖိုးလပြည့်"
"ဘာမှမဟုတ်ပါဘူး ။ ခင်ဗျား ပြောလို့လည်း ပြီးပြီဆိုတော့ ကျွန်တော် ပြန်တော့မယ်...."
ဖိုးလပြည့် စားစရာလည်း ကုန် ၊ ဗိုက်လည်း ပြည့်ပြီမို့ ပြန်ဖို့ပြင်တော့သည်။
"နေပါဦးကွာ...."
"ဘာလဲဗျာ...."
ဖိုးလပြည့်သည် ကိုထက်မြတ်ကို မကျေမနပ်ပြန်ကြည့်လိုက်သည်။
YOU ARE READING
ကျွန်တော့် ချစ်ရသူ { Completed }
Romanceမှားယွင်းခဲ့တာတွေ အတွက် ကံတရားကို အပြစ်တင်မိတယ် ။ အဲ့ဒီအမှားတွေထဲမှာ မင်းကို ချစ်ဖို့ဖြစ်လာပြန်တော့လည်း ကံတရားကို ကျေးဇူးတင်မိပြန်တယ်။ နေ့သစ်