👑 1. 👑

12.3K 716 79
                                    

မနက်​ခင်းတစ်​ခုရဲ့အစ......
အခန်းငယ်​တစ်​ခုရဲ့ကုတင်​​ပေါ်မှာ
နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေတဲ့ 
ကောင်​​လေးတစ်​​ယောက်​......

အဖြူ​ရောင်​​စောင်​ပုံကြားထဲ
နက်​​မှောင်​​ဖြောင့်​တန်း​သောမျက်​ခုံးများသည်
နေ​ရောင်​ခ​နေသည်​​ကြောင့်​ တွန့်​ချိုးလျက်​.....
သေသပ်​လှပ​သော နှုတ်​ခမ်းပါးတစ်​စုံသည်
အပြုံးတစ်​ပွင့်​​ကြောင့်​ ပို၍လှပ​နေသည်​.....

ဒုန်း!!!

" Yah!!! အိုဆယ်​ဟွန်း!!!
ကျောင်းစတက်​ရမယ့်​​နေ့ကို ခုချိန်​ထိ
မထ​သေးဘူးလား!! "

အို​ကေပါ ​မားမား မင်​ဒါ​ယောင်း​ရေ......
အိပ်​မက်​​တွေ​ကောင်းပြီဆိုလျှင်​ 
ယောင်းမတစ်​​ချောင်းကိုင်​လျက်
အိပ်​မက်​ထဲ​ရောက်​​ရောက်​လာတတ်​​သော
မွေးသမိခင်​​ကျေးဇူးရှင်​......

" ဟာ.....​မားမား ကလဲ ၅မိနစ်​.....
၅မိနစ်​​လောက်​ထပ်​အိပ်​ပါရ​စေ.... "

ဒေါက်​!!!

ဘာသံထင်​လဲ.....​ယောင်းမနဲ့​ခေါက်​ခံရပြီ​လေ.....

" အ.....​မားမားကလည်း ​ခေါင်းကိုမရိုက်​ပါနဲ့လို့
ဒီ​လောက်​​ပြောထားတာကို.....
သား​က ပညာတတ်​ဖြစ်​မှာမို့ ​ခေါင်း​လေးက
အဖိုးတန်​ပါတယ်​ဆို!!! "

" အပို​တွေမ​ပြောနဲ့....ခုချက်​ချင်းထ!!! "

" ထပြီဗျာ......ထပြီ....ထပြီ "

" ​နောက်​နာရီဝက်​အတွင်းဆင်းမလာရင်
ငါ့အ​ကြောင်းသိတယ်​​နော်​...... "

သိပါတယ်​ ​မားမားရေ.....
ပထမဆုံး တက္ကသိုလ်​စတက်​ရမယ့်​​နေ့မှာ​တော့
ရှိုးမပဲ့ချင်​ပါ​နော်​.....

နံရံမှာကပ်​ထားတဲ့ ပိုစတာနား​ကပ်​သွားလိုက်​သည်​....

" Morning ပါ Baek Baek ​လေး!!
ဒီ​နေ့လည်းအစစ အရာရာအဆင်​​ပြေပါ​စေ... "

ကျွန်​​တော်​အိုဆယ်​ဟွန်းရဲ့ အချစ်​ဆုံးidol
Byun Baekhyun......
ကျွန်​​တော်​သည်​ သူ့ရဲ့အနည်းငယ်​​သော
Fanboyများထဲမှ တစ်​​ယောက်​.....
Fangirl ​တွေက​တော့မနည်းမ​နော​ပေါ့....

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now