👑 13. 👑

5.2K 504 59
                                    

ရီရှင်းတစ်​​ယောက်​ ကား​နောက်​ခန်းမှ
ဒေါသထွက်​​နေ​သောကြင်​ယာ​တော်​​လေးကို
ကြည့်​ရင်းပြုံး​နေမိသည်​.....

ဘာ​တွေ​မွှေဦးမယ်​မသိ......
ကား​မောင်းသူ​ဘေးမှ ကိုယ်​ရံ​တော်​​လေး
ကျန်းရီရှင်းမှာ​တော့​ခေါင်းတခါခါနှင့်​သာ
ကြည့်​​နေရသည်​......
စီနီယာ​တော့အမှန်​အကန်​ကို
အရစ်​ခံရ​တော့မည်​ဖြစ်​သည်​.....

" ကိုယ်​ရံ​တော်​ကျန်း!!! ကားမှာပြဿနာရှိ​နေပြီ!! "

ယာဉ်​​မောင်းဆီမှကြားလိုက်​ရ​သော
စကားသံသည်​မိုးကြိုးအစင်း၁၀၀
ပစ်​ခံရသည်​ထက်​ပင်​ဆိုးရွားသည်​.....
ကြင်​ယာ​တော်​ကသူနှင့်​အတူပါလာသည်​မလား...

" ဘာဖြစ်​တာလဲ "

" ဘရိတ်​.....ဘရိတ်​မမိ​တော့လို့ပါ "

" မင်းအလုပ်​ကိုဘယ်​လိုလုပ်​တာလဲ....
ကားကို​သေချာမစစ်​ဘူးလား..... "

" စစ်​ပါတယ်​.....မနက်​က​သေချာစစ်​​ဆေးခဲ့ပါတယ်​ "

ကား​ရှေ့ခန်းမှ အသံများ​ကြောင့်
အိုဆယ်​ဟွန်း​လေးရူးချင်​လာပါပြီ​နော်​....

" အစ်​...အစ်​ကိုရှင်း....ကား.....
ကားကဘာဖြစ်​တာလဲ "

" ဘရိတ်​မှာပြဿနာရှိ​နေလို့ပါ.....
စိတ်​​အေး​အေးထားပါ​နော်​......
ကျွန်​​တော်​အိမ်​​ရှေ့စံကိုအ​ကြောင်းကြားလိုက်​ပါ့မယ်​... "

ကား​ရှေ့ခန်းမှ ကား​နောက်​ခန်းသို့ကူးလာ​သော
အစ်​ကိုရှင်း......

" တတ်​နိုင်​သမျှလူရှင်းတဲ့ဘက်​ကို​မောင်းပါ.....
ပြီး​တော့ အတတ်​နိုင်​ဆုံးအရှိန်​ကိုထိန်းထား "

" ဟုတ်​ကဲ့ "

ဆယ်​ဟွန်းအတတ်​နိုင်​ဆုံးsafe belt ကို
တင်းတင်းဆုပ်​ထားမိသည်​......

" ဟဲလို....အိမ်​​ရှေ့စံ....ကျွန်​​တော်​တို့
ပြန်​လာတဲ့လမ်းမှာပြဿနာအနည်းငယ်​ရှိပါတယ်​ "

" ဘာလဲ!!! ဘာဖြစ်​တာလဲ!!!
မြန်​မြန်​​ပြော ရီရှင်း!!! "

Speaker ဖွင့်​ထားသည်​​ကြောင့်
ကိုကို့အသံကိုကြား​နေရသည်​.....
ကြောက်​သည့်​စိတ်​​ကြောင့်​ရှိုက်​သံ
ထွက်​မိသွားသည်​.....

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now