👑 8. 👑 Warning

6.8K 548 84
                                    

ချန်း​ယောလ်​တစ်​​ယောက်​ အိပ်​​ဆောင်​အတွင်းတွင်
ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​​နေမိသည်​.......
အခုန်​လွန်​​နေ​သော ရင်​ဘတ်​ကိုလည်း
ဖိထားရ​သေးသည်​......

ဒီ​နေ့က သူနဲ့ဟွန်းရဲ့ မင်္ဂလာဦးည........
နန်းတွင်းဓ​လေ့အတိုင်း အိပ်​​ဆောင်​၀င်​ရသည်​.....
သူတို့ အခန်းကိုလည်းညတွင်းချင်းပင်
ကြင်​စဦးအခန်းပြင်​ဆင်​မည်​ဖြစ်​သည်​......
အား......ချန်း​ယောလ်​လီ​လေး ရင်​အခုန်​လွန်​ပြီး
တစ်​ခုခုဖြစ်​မည်​ကို​ကြောက်​​နေရပါသည်​......

" ကြင်​​ယာ​တော်​​လေး ​ရောက်​ရှိလာပါပြီမင်းသား "

လာပြီ.....သူ့ရဲ့ဟွန်းလာပြီ.......
ဘယ်​လိုလုပ်​ရမလဲ.....ဘယ်​လိုလုပ်​ရမလဲ.....
အိမ်​​ရှေ့စံတစ်​​ယောက်​ပြာယာခပ်​​နေပြန်​သည်​.....

စိတ်​ကိုအတည်​ငြိမ်​ဆုံးထားကာ
ဝတ်​ရုံကိုလက်​ဖြင့်​ခါကာ အတည်​ငြိမ်​ဆုံး
ထိုင်​​နေလိုက်​သည်​.......

တံခါးဖွင့်​စဉ်​တွင်​ ​တွေ့လိုက်​ရ​သော
အဖြူ​ရောင်​၀တ်​ရုံနှင့်​ဟွန်း​လေးသည်
သူ့အတွက်​​တော့ပန်းချီတစ်​ချပ်​လိုလှပသည်​....

အနားသို့မလာရဲပဲ မတ်​တပ်​ရပ်​​နေ​သောသူ​လေးကို
ကြည့်​ရင်း အသည်းယားလာရသည်​......

" လာပါဟွန်းရဲ့......ကိုကိုကကိုက်​မစားပါဘူး "

ကိုယ်​တိုင်​ထကာ လက်​ဆွဲ၍မျက်​နှာချင်းဆိုင်
နေရာတွင်​ထိုင်​ခိုင်းလိုက်​ရသည်​..........

ဆယ်​​ဟွန်း​လေး ရှက်​​နေရပါပြီ​နော်​......
အ​ဆောင်​ထဲတွင်​နှစ်​​ယောက်​တည်းရှိသည်​က
အ​နေခက်​ရသည်​......ပြီး​တော့......
သူတို့ကလက်​ထပ်​ထားတာဆို​တော့......
ဟာ.......မသိ​တော့ဘူးဟာ.......

မင်းသားအ​နောက်​ဖက်​နားတွင်​ပြင်​ဆင်​ထား​သော
အနီ​ရောင်​ပိုးဖဲအိပ်​ရာကိုကြည့်​ရင်း
ဆယ်​ဟွန်း​လေးရင်​ထဲက​ဗြောင်းကပြန်​​တွေ
ဖြစ်​​နေရပါပြီ.........

" မင်းသား​လေးရှင့်​ ၀င်​ခွင့်​ပြုပါ..... "

မျက်​နှာချင်းဆိုင်​ဘာစကားမှမ​ပြောမိကြပဲ
ထိုင်​​နေသည်​တွင်​ အပြင်​ဘက်​ကအသံ​ကြောင့်
အနည်းငယ်​အသက်​ရှူ​ချောင်​ရသည်​.......

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now