👑 4. 👑

6K 627 98
                                    

နောက်​ထပ်​​နေ့သစ်​တစ်​ခုတွင်​နိုးထလာခဲ့ပြန်​သည်​.....
မ​နေ့ညက​တော်​​တော်​ပင်​အိပ်​မရခဲ့......
ပါးကိုအနမ်းခံလိုက်​ရသည်​ကို
တနုတ်​နုတ်​နှင့်​​ဒေါသထွက်​​နေခဲ့သည်​.....
နောက်​တစ်​ခါဆိုလို့က​တော့ အိမ်​​ရှေ့စံ​တွေ
အိမ်​​နောက်​စံ​တွေ မသိဘူး.....
ဆော်​ပြီဘဲ.......

ဖုန်းမြည့်​သံ​ကြောင့်​ကြည့်​မိ​တော့ ဂျုံဒယ်​....
စော​စောစီးစီး ဖုန်း​တွေဘာ​တွေဆက်​လို့ပါလား....

" ​ပြောပါ သား​လေး​ရေ!!! ဘာကိစ္စလဲ "

" ငါအခုမှ​မင်းဓာတ်​ပုံကို​သေချာကြည့်​မိတယ်​....
ငါ့သူငယ်​ချင်းကအ​ချောပဲ..... "

" ငါ​ချောတာကို ​စော​စောစီးစီးဖုန်းဆက်
ပြောပြတဲ့အတွက်​ ​ကျေးဇူးပါလဒ​ရေ.....
မင်းအသိ​နောက်​ကျတဲ့အတွက်​​တော့
စိတ်​မ​ကောင်းဘူးကွာ!!! "

ငါဟဲ့ အိုဆယ်​ဟွန်း.....ရတုန်းကို
ဂုဏ်​ဆာပလိုက်​မှာ....ငွင်း ငွင်း....

" ရှက်​​နေတဲ့ပုံ​လေးကလည်း
ချစ်​စရာ​လေးကွာ.....ဟားဟား!!! "

" လဒ ရူးများရူး​နေသလားပဲ.....
ဘယ်​​နေရာမှာရှက်​​နေတဲ့ပုံပါလို့လဲဟ... "

" သတင်းစာထဲမှာ​လေ.....ခုလုံးဝကို
ဟော့​နေတဲ့သတင်း​ပေါ့.....ငါတို့အိမ်​​ရှေ့စံကလည်း
မထင်​ရဘူး လက်​သွက်​သား.....ဟားဟား!! "

" သတင်းစာထဲမှာငါကဘာဆိုင်​လို့ပါ......ဘာ!!!
သတင်းစာထဲမှာ ဘာပါလာလို့လဲ "

ဆယ်​ဟွန်း​လေး ​ခေါင်းနပန်း​တွေကြီးကုန်​ပါပြီ​နော်​....

" မင်း​လေ.....အိမ်​​ရှေ့စံကမင်းပါး​လေးကိုနမ်း....
မင်းကရှက်​​သွေး​တွေဖြာ....အိ.....အသည်း​တွေ
ယားလိုက်​တာကွာ!!! "

ကင်​ဂျုံဒယ်​​လေး လက်​သီးဆုပ်​ကြီးကိုက်​ကာ
ပြော​နေသည်​ကို ဖုန်းထဲမှာမို့ဆယ်​ဟွန်းနီ​လေး
မမြင်​နိုင်​တာ ကံ​ကောင်းလွန်းသည်​.....

" ဘာ!!! အဲ့ပုံကြီးသတင်းစာထဲပါလာတာလား!!! "

" ​အေး​လေကွာ.....အိမ်​​ရှေ့စံကမင်းကို
ချစ်​ရည်​ရွှန်းတဲ့မျက်​၀န်း​တွေနဲ့ကြည့်​​နေလိုက်​တာများ
FA ​လေးမိမိအား​တွေကျ​နေပါတယ်​​နော်​... "

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now