အလင်းရောင်သဲ့သဲ့သာရှိတဲ့အခန်းငယ်တစ်ခု...
မီးခိုး အငွေ့တို့ လွင့်လူးနေတဲ့ အခန်းငယ်တစ်ခု.
အခန်းက မှောင်တယ်..အလင်းရောင်ကောင်းကောင်း မရနိုင်ဘူး...ဒါအပြင့်..အခန်းရဲ့ထောင့်တစ်နေရာကနေ...ရဲခနဲ..ရဲခနဲ..မီးစနဲ့အတူ..အလုံးအရင်း...လွင့်ပျံ့ လာတဲ့ ဆေးလိပ်ငွေ့ ကြောင့်....ဒီအခန်းသည် စိတ်ပျက်ဖို့ကောင်းလှသည်။
Taemin သည် ခေါင်းကို ခါယမ်းလိုက်ရင်း..ထိုအခန်းထဲသို့ဝင်ကာ...ဆေးလိပ်မီးရဲနေတဲ့ ထောင့်ဆီသို့သွားလေသည်။
အနားတွင်ဝင်ထိုင်လိုက်၍...
.အပြင်ထွက်ဖို့စိတ်ကူးမရှိဘူးလား Kai..
အဖြေပြန်မလာပဲ ဆေးလိပ်ငွေ့တို့သာ အထက်သို့တက်သွားသည်။
.ဒီလောက် အသည်းကွဲ ရင် တော်ရောပေါ့ကွာ
Taemin စိတ်ပျက်လက်ပျက်ပြောလိုက်တော့..
Kaiသည် ဆေးလိပ်တိုကို မီးချေလိုက်ပြီး..လေပူတို့မှုတ်ထုတ်ကာ......
.ငါ အသည်းမကွဲပါဘူး..
.မင်း လိမ်နေတာ
.ဟား.ငါက ကာယကံရှင်ပါကွာ...
Kaiသည် ခေါင်းကို ဘယ်ညာခါယမ်း၍ ရယ်မောလေသည်။
.Taeminသည် Kai ရဲ့ပခုံးကိုဆုပ်ကိုင်လိုက်ရင်း
.Kai တခါတလေမှာ ကာယကံရှင်တွေမသိနိုင်တဲ့အရာကို ဘေးလူတွေကသိကြတယ်
.ဟုတ်လား..ဒါဆို မင်းပြောစမ်း..Oh Sehun ငါ့ကိုချစ်ခဲ့သလား
ခပ်ညစ်ညစ်အပြုံးဖြင့် ထေ့ငေါ့စွာမေးလာလေသည်။
.သူ မင်းကိုချစ်ပါတယ်
.မင်းမှားတယ် Taemin...သူငါ့ကို မချစ်ဘူး..
မင်းပြောတော့ ကာယကံရှင်တွေ မသိတာကိုဘေးလူက သိနိုင်တယ်ဆို...အဟတ်..Sehun ငါ့ကိုမချစ်တာ ငါတောင်သိတယ်..မင်းက ဘာလို့မသိရတာလဲ...
आप पढ़ रहे हैं
Love Scenario {KaiHun}
फैनफिक्शनမချစ်ခဲ့ကြရင်လည်း အကောင်းသားပေါ့ ဟန်နီ မင်းကကျောခိုင်းခဲ့တာလား ငါကနေရစ်ခဲ့တာလား.... ဒီလိုနဲ့....မျက်စိတစ်မှိတ်အတွင်းမှာ.. ငါတို့ဝေးသွားခဲ့ကြတယ်...ဟန်နီ.....