L

2.8K 131 9
                                    

အလင်း​ရောင်​သဲ့သဲ့သာရှိတဲ့အခန်းငယ်​တစ်​ခု...

မီးခိုး အ​ငွေ့တို့ လွင့်​လူး​နေတဲ့ အခန်းငယ်​တစ်​ခု.

အခန်းက ​မှောင်​တယ်​..အလင်း​ရောင်​​ကောင်း​ကောင်း မရနိုင်​ဘူး...ဒါအပြင့်​..အခန်းရဲ့​ထောင့်​တစ်​​နေရာကနေ...ရဲခနဲ..ရဲခနဲ..မီးစနဲ့အတူ..အလုံးအရင်း...လွင့်​ပျံ့ လာတဲ့ ​ဆေးလိပ်​​ငွေ့ ​ကြောင့်​....ဒီအခန်းသည်​ စိတ်​ပျက်​ဖို့​ကောင်းလှသည်​။

Taemin သည်​ ​ခေါင်းကို ခါယမ်းလိုက်​ရင်း..ထိုအခန်းထဲသို့ဝင်​ကာ...​ဆေးလိပ်​မီးရဲ​နေတဲ့ ​ထောင့်​ဆီသို့သွား​လေသည်​။

အနားတွင်​ဝင်​ထိုင်​လိုက်​၍...

.အပြင်​ထွက်​ဖို့စိတ်​ကူးမရှိဘူးလား Kai..

အ​ဖြေပြန်​မလာပဲ ​ဆေးလိပ်​​ငွေ့တို့သာ အထက်​သို့တက်​သွားသည်​။

.ဒီ​လောက်​ အသည်းကွဲ ရင်​ ​တော်​​ရော​ပေါ့ကွာ

Taemin စိတ်​ပျက်​လက်​ပျက်​​ပြောလိုက်​​တော့..

Kaiသည်​ ​ဆေးလိပ်​တိုကို မီး​ချေလိုက်​ပြီး..​လေပူတို့မှုတ်​ထုတ်​ကာ......

.ငါ အသည်းမကွဲပါဘူး..

.မင်း လိမ်​​နေတာ

.ဟား.ငါက ကာယကံရှင်​ပါကွာ...

Kaiသည်​ ​ခေါင်းကို ဘယ်​ညာခါယမ်း၍ ရယ်​​မော​လေသည်​။

.Taeminသည်​ Kai ရဲ့ပခုံးကိုဆုပ်​ကိုင်​လိုက်​ရင်း

.Kai တခါတ​လေမှာ ကာယကံရှင်​​တွေမသိနိုင်​တဲ့အရာကို ​ဘေးလူ​တွေကသိကြတယ်

.ဟုတ်​လား..ဒါဆို မင်း​ပြောစမ်း..Oh Sehun ငါ့ကိုချစ်​ခဲ့သလား

ခပ်​ညစ်​ညစ်​အပြုံးဖြင့်​ ​ထေ့​ငေါ့စွာ​မေးလာ​လေသည်​။

.သူ မင်းကိုချစ်​ပါတယ်

.မင်းမှားတယ်​ Taemin...သူငါ့ကို မချစ်​ဘူး..
မင်း​ပြော​တော့ ကာယကံရှင်​​တွေ မသိတာကို​ဘေးလူက သိနိုင်​တယ်​ဆို...အဟတ်​..Sehun ငါ့ကိုမချစ်​တာ ငါ​တောင်​သိတယ်​..မင်းက ဘာလို့မသိရတာလဲ...

Love Scenario {KaiHun}Where stories live. Discover now