N

779 79 6
                                    


ချစ်​သူ​တွေကြား က​တောက်​ကဆ ဖြစ်​လို့ ​ပြောဆိုကြတဲ့ အခါမှာ ချက်​ချင်း အ​ခေါ်အ​ဝေါ်​တွေ​ပြောင်းပြီး မင်း ​တွေ ငါ​တွေ သုံးလိုက်​တာက ပိုပြီး လမ်းခွဲ ​စေနိုင်​တဲ့ တိုက်​တွန်းချက်​​တွေမို့...

Kai sehunကို ဘယ်​​လောက်​ပဲ စိတ်​တို​နေပါ​စေ ဟန်​နီ လို့အ​ခေါ်မပျက်​ပါ....

ကိုယ့်​ဘက်​သာ ကြည့်​တတ်​​သော sehunက​တော့ ဒီတစ်​ချက်​ ကိုနားလည်​သည်​ထင်​...​မောင်​လို့ အ​ခေါ်မပျက်​...

.......

လေယာဉ်​ ဆိုက်​တာနဲ့ kai အိမ်​သို့ sehun အ​ပြေးလာခဲ့သည်​။

.​မောင်​....

Kaiရဲ့ အိမ်​တွင်​  မည်​သူမှ ရှိမ​နေပါ....

.အထဲဝင်​ ဟန်​နီ....

Sehun sofa​ပေါ်ဝင်​ထိုင်​လိုက်​​တော့ kai က မျက်​နှာချင်းဆိုင်​တွင်​ဝင်​ထိုင်​ကာ...

.live လွှင့်​တဲ့ ကိစ္စကို ​ပြောပါဦး..ဟန်​နီ..

.ဟင်​..ဘာဖြစ်​လို့လဲ​မောင်​..

Kaiသည်​ ​ဆေးလိပ်​ကို မီးညှိကာ တစ်​ချက်​ဖွာလိုက်​ပြီး..

.​မောင်​တို့အ​ကြောင်း ဘာလို့ ​ကြေငြာတာလဲ...

.​မောင်​.​ဆေးလိပ်​​တွေ​သောက်​တတ်​​နေပြီလား..

.​မေးတာသာ ​ဖြေစမ်းပါ...

.ဟန်​နီ ဘာမှားသွားလို့လဲ...ကိုယ့်​ချစ်​သူကို ကိုယ်​​ကြေငြာတာ​လေ

.​မောင့်​ဆီက ခွင့်​ပြုချက်​ ​တောင်းသလား..

.ဒီမှာ ​မောင်​ ဘာလဲ မင်း မ​ကျေနပ်​ဘူးလား..ငါ့မှာ အဲ့​လောက်​​တောင်​လုပ်​ပိုင်​ခွင့်​မရှိဘူးလား ငါက မင်းရဲ့ချစ်​သူ​လေ ​မောင်​..

.ချစ်​သူ ဆိုတာနဲ့ အရာရာ လုပ်​ပိုင်​ခွင့်​ရှိ​ရောတဲ့လား..သူ့စည်းကိုယ့်​စည်းထားရတယ်​ အပြန်​လှန်​​လေးစားမှုရှိရတယ်​ အခု ဟန်​နီ..မင်းက ​မောင့်​ကို မတိုင်​ပင်​ပဲ စိတ်​ထင်​ရာ လုပ်​တာ​လေ...

ဆေးလိပ်​​ငွေ့​တွေမှုတ်​ထုတ်​လိုက်​​သော kai ကို sehun စိတ်​ပျက်​စွာကြည့်​လိုက်​သည်​။

Love Scenario {KaiHun}Where stories live. Discover now