E

829 94 5
                                    


ရာသီ​တွေ အလီလီ​ပြောင်းသွားခဲ့တာ ၂ နှစ်​....

အတန်းကြီးလာတာနဲ့အမျှသင်​ယူစရာ​တွေများလာတာမို့ အရင်​လို ပရဟီတ​တွေသိပ်​မလုပ်​ဖြစ်​​တော့...

အသိသာဆုံးက​တော့...​နွေရက်​​တွေမှာ ဘုရား​ကျောင်းမသွားဖြစ်​​တော့......

Sunday လို ​နေ့​တွေမှာလည်း ပြင်​ပ ​လေ့လာစရာ​တွေများလွန်းတာ​ကြောင့်​ တစ်​လမှာ တစ်​ခါပင်​ ပုံမှန်​မသွားဖြစ်​....

Taemin နဲ့က​တော့ ငယ်​ငယ်​ထဲက ဘာလုပ်​လုပ်​ အတူတူဆို​တော့..အခုထိ တပူးပူးတတွဲတွဲပင်​.....

Sehun...လား.....သူပြန်​မလာခဲ့ဘူး

တစ်​​နွေလုံး ​နေမှာပါလို့ ​ပြောပြီး ကတိမတည်​ခဲ့ဘူး...

ရည်းစားမရှိဘူးလို့လည်းလိမ်​ခဲ့တယ်​...

တစ်​ရက်​​ခေါ်လို့မကိုင်​ခဲ့တဲ့ ဖုန်းနံပါတ်​ကို ​နောက်​တစ်​ကြိမ်​ ပြန်​မ​ခေါ်ခဲ့ဘူး....

ကျွန်​​တော့်​ဘက်​က စ​ခေါ်​ပေါ့လို့ မ​ပြောနဲ့...ကျွန်​​တော့်​မ​ခေါ်နိုင်​ဘူး...ကျွန်​​တော့်​က မှန်​တဲ့လူ​လေ...

Sehun လိမ်​တာကိုခံရတဲ့သူ....

သူကပဲ ကျွန်​​တော့်​ကိုအရင်​ ဆက်​သွယ်​သင့်​တာမဟုတ်​လား....

ကျွန်​​တော်​ sehunရဲ့ သတင်း​တွေကြားတယ်​...

မိန်းက​လေး​တွေကြားမှာသိပ်​ကို​ရေပန်းစား​ကြောင်းနဲ့ရည်းစား​တွေအရမ်းများတယ်​ဆိုတဲ့အ​ကြောင်း​ပေါ့......

ကျွန်​​တော့်​မှာ ခုထိ တွဲရမယ့်​သူမရှိ​သေးပါဘူး..

ရေလာ​မြောင်း​ပေးတဲ့ မိန်းက​လေး​တွေ ရှိ​နေ​ပေမယ့်​...sehun နဲ့ စ​တွေ့ချိန်​ကလို့ ရင်​မခုန်​တာက​တော့ ကျွန်​​တော်​​ဖြေရှင်းမရတဲ့ ပုစ္ဆာပါ..

Taeminက​တော့...second year က ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ တွဲ​နေပါတယ်​....

ကျွန်​​တော်​ဖြတ်​သန်း​နေတဲ့ ဘဝက အရာရာပုံမှန်​ပါပဲ ​နေ့စဉ်​လည်​ပတ်​​နေတဲ့အချိန်​ဇယား​တွေနဲ့ မအားလပ်​တဲ့ကြားက sehun အ​ကြောင်းကို တစ်​​ခေါက်​​လောက်​​တော့ရ​အောင်​​တွေးဖြစ်​ပါတယ်​....

Love Scenario {KaiHun}Where stories live. Discover now