E

780 86 12
                                    


မ​တော်​တဆ ထင်​ သွားတဲ့ အက်​​ကြောင်းတစ်​ခုက....တန်​ဖိုးကြီးမားလွန်းတဲ့ အလှပန်းအိုးတစ်​ခုလုံးကို အကျည်းတန်​သွား​စေသလို အခန့်​မသင့်​ရင်​ ကွဲအက်​​စေနိုင်​တယ်​...

ထို့နည်းတူစွာ....​ရေထည့်​​သောက်​​နေကျ ဖန်​ခွက်​​လေးက အက်​​ကြောင်းရာကလည်း တူညီတဲ့ သက်​​ရောက်​မှု​ပေးတယ်​.....

ဖန်​ခွက်​​လေးကိုလွှင့်​ပစ်​လိုက်​ဖို့ လွယ်​​ပေမယ့်

ပန်းအိုးကို​တော့ မစွန့်​ပစ်​ရက်​ကြဘူး​လေ....

တူညီတဲ့ သက်​​ရောက်​မှု​တွေမှာ​တောင်​ကွဲလွဲ မှု​တွေ ရှိ​နေတာ.....

ကိုယ်​ပိုင်​အသိဥာဏ်​မျိုးစုံနဲ့ ရှင်​သန်​​နေကြတဲ့ လူ​တွေကိုယ်​စီမှာလည်း...ကွာခြားမှု​တွေရှိ​နေတတ်​တာ မဆန်း.....

ဒါ​ပေမယ့်​.ကိုယ်​က​သေး​သေး​လေးဆိုပြီးပြုမူလိုက်​တဲ့ အမူအရာ​တွေ..အ​ရေးမပါဘူးလို့ခံယူထားတဲ့အ​ကြောင်းအရာ​တွေက တစ်​ပါးသူအတွက်​ သိပ်​အ​လေးထားလွန်းတဲ့ အရာ​တွေ ဖြစ်​​နေတတ်​တယ်​ဆိုတာ...ကျွန်​​တော်​တို့အားလုံးသတိထားသင့်​တယ်​...

ကိုယ့်​အ​ကြောင်းကမှ အ​ရေးအကြီးဆုံး...ကိုယ့်​ကိုယ်​ကို ပဲ တန်​ဖိုးအထားတတ်​ဆုံးလူ ​တွေ ပတ်​ဝန်းကျင်​မှာရှိမ​နေ​စေချင်​တာ...စိတ်​ရင်းပဲ..

sehun......

ကျွန်​​တော်​ မလိုချင်​ဆုံး အကျင့်​​တွေ သူ့ဆီမှာ အများကြီးပဲ....

ချစ်​လို့ဆိုတဲ့...အ​ကြောင်းပြချက်​တစ်​ခုနဲ့ပဲ ကျွန်​​တော်​အားလုံးကိုခွင့်​လွှတ်​လိုက်​တယ်​.....

SNS မှာ လူသိရှင်​ကြား ​ကြေငြာပြီး တွဲမှ တကယ်​ချစ်​တာလို့ ထင်​​နေတဲ့ ကျွန်​​တော့်​ရဲ့ ဟန်​နီနဲ့ ကျွန်​​တော်​...နားလည်​မှုလွဲ ခြင်း​တွေ စတင်​ခဲ့ရတယ်​......

>>>>>>>>>>>>>

sehunနဲ့ချစ်​သူသက်​တမ်း ၁နှစ်​ပြည့်​ခါနီး.....

Third year ​ရောက်​​နေပြီ ဖြစ်​တာ​ကြောင့်​ sehun ​ရော kai ပါ...  အချိန်​များများ မ​တွေ့ဖြစ်​​တော့...

Love Scenario {KaiHun}Where stories live. Discover now