Ep - 12

1.2K 123 17
                                    

Ep - 12

ပါတီ ထဲ ဝင်လိုက်သည်နှင့် လူ တော်တော်များ၏ အကြည့်က ငါ့ ဆီ ရောက်လာကြသည် ။ ငါ အရမ်း ချောလွန်းနေတာက တစ်ကြောင်း ဆိုပေမယ့် ငါ အရင်က စီးပွားရေး လောကမှာ တစ်ခါမှ ကိုယ်ယောင် မပြဖူး တာလည်း ပါလိမ့်မည် ။

နောက်တစ်ချက်က ငါ့ဘေးက ခပ်တည်တည်နှင့် လမ်းလျှောက်နေသော အဖြူလုံးကြောင့် ဖြစ်လိမ့်မည် ။ ငါက ဒင်းကို ခွေးတွေလို ကြိုးတပ်မထား ။ အဖြူလုံးက ငါ့စကား နားလည်တော့ အဆင်ပြေသည်လေ ။ ဘယ်မှ လျှောက်မပြေး ။

ပါတီက ရိုးရိုးရှင်းရှင်းပင် .... ။ အိမ်ခြံဝန်းထဲက မျက်ခင်းပြင်ပေါ်တွင် ပြုလုပ်ခြင်း ။ လူကတော့ နည်းနည်းများသည် ။ လူငယ်တွေက မရှိသလောက် ရှားသည် ။ အကုန်လုံးက လုပ်ငန်းရှင်တွေ ဖြစ်သည်လေ ။

ငါတို့ ဘေးနားကို ချက်ချင်း ဆိုသလို S.I.T ရဲ့ ပိုင်ရှင် လူယုတ်မာကြီး ရောက်လာလေသည် ။ ဒင်း နာမည်က ဦးရဲစစ်ပိုင် ။

"ဒါက ကျွန်တော့် သမီး ဆူးခက်နွယ်လေ China က ပြန်ရောက်နေတာနဲ့ ခေါ်ခဲ့တာ "
ဒယ်ဒီက ဒင်းနဲ့ ငါ့ကို မိတ်ဆက်ပေးသည် ။ ငါ ဘိုးတော်ကို ငါ့ ဒယ်ဒီ အဖြစ် အသိအမှတ် ပြုလိုက်ပြီ ။ ဟို လူယုတ်မာကတော့ ပြုံးလျက်ပင် ။

"တွေ့ချင်နေတာ ကြာပြီ ခုမှပဲ လူချင်းစုံတော့တယ် "

"ခက် လည်း အန်ကယ့်ကို မြင်ဖူးချင်နေတာ "

"ဆူးခက်က အန်ကယ် သိထားတဲ့ ပုံစံနဲ့ ခြားနားတာပဲ "

"သြော် "

မိတ်ဆက်တာကို နည်းနည်းလေးမှ မပြုံးသော ဒီကလေးမ ပုံစံက ထူးခြားသည် ။ အချစ်ကို သိပ်ယုံကြည်သည့် ဒီကောင်မလေးကို မြင်ဖူးချင်နေတာ ကြာခဲ့ပြီ ။

W.N ဆိုတာ ပေါ့သေးသေး company မဟုတ် ။ စီးပွားရေးသာ နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်ရရင် သိပ်ကို အောင်မြင်သွားနိုင်သည် ။ ဒါကြောင့် အိမ်က သားနှင့် စေ့စပ်ဖို့ တောင်းဆိုခဲ့သည်ကို ဒီကလေးမက ငြင်းခဲ့သည်လေ ။

'အချစ်မပါတဲ့ အိမ်ထောင်ရေးကို လုံးဝ မကြိုက်ဘူး ' ဟု ပြောလာသည် ။

"ဒါဆို ဆူးခက် အေးဆေး ပျော်နေခဲ့နော် သမီး ဒယ်ဒီနဲ့ လုပ်ငန်းအကြောင်း ဆွေးနွေးချင်လို့ "

Heartless killer !Where stories live. Discover now