Ep - 14
"ဆူးခက် "
အနောက်ကနေ ပြေးလိုက်လာသော ကောင်လေး ။
"ပြော "
"ဟို ... "
"ဘာပြောမလို့လဲ "
"အိမ်လိုက်ပို့ပေးမယ် "
မဝံ့မရဲ ပြောလိုက်သည့် ကောင်လေး ပုံစံက နည်းနည်းတော့ ချစ်ဖို့ ကောင်းသည် ။ သို့ပေမယ့် ဦးရဲစစ်ပိုင် ၏ သား ဆိုတာကို တွေးမိလိုက်တော့ ချက်ချင်း သတ်ဖြတ်ချင်စိတ်က ပေါ်လာသည် ။
"မလိုဘူး ကားပါတယ် "
ဒါမှမဟုတ် ခေါ်သွားပြီး အပိုင်းပိုင်း ခုတ်ထစ် သတ်လိုက်ကာ ကြွပ်ကြွပ်အိတ် အမည်းထဲ အလောင်းကို ထည့်၍ ဦးရဲစစ်ပိုင် ထံသို့ ပေးပို့လိုက်ရင်ရော ?
"တစ်ယောက်တည်း မပြန်ပါနဲ့ ကိုယ် ဘေးကနေ အဖော်လိုက်ပေးမယ်လေ "
ငါ တစ်ယောက်တည်း ဖြတ်သန်းခဲ့တာ ပြီးခဲ့သည့် တစ်ဘဝလုံးပဲ ။ ငါ့ အလုပ်က ညဖက်တွေဆို ပို အဆင်ပြေတော့ ညဖက် သွားရလာရသည်က များသည် ။ တစ်ဦး တစ်ယောက်မှက စိတ်မချ မဖြစ်ခဲ့သလို စိတ်ပူ ပေးမည့်သူလည်း မရှိခဲ့ ။
"သဘောလေ "
ခြံရှေ့ရောက်တော့ ကားရပ် ထားသည့် နေရာတွင် ရပ်ပြီး ထပ်ပြောလိုက်သည် ။ ငါ့ကို လိုက်ပို့မည်ဆိုတော့ သူက အပြန် ဘယ်လိုလုပ်မလဲ ?
"နေခဲ့တော့ "
"ကိုယ် လိုက်ပို့ပေးမယ် မိန်းကလေး တစ်ယောက်တည်း ဒီအချိန်ကြီး စိတ်မချဘူး "
"နင် ဘယ်လို ပြန်မလဲ "
"ကိုယ် ... "
ပြန်ဖြေတာကို မစောင့်ပဲ ကားပေါ် တက်သွားလို့ အမြန် ကားတံခါးဖွင့်ပြီး ထိုင်လိုက်ရသည် ။
နေပါဦး .... Candy က ကား မမောင်းတတ်ပါဘူး ။
"ဆူးခက် .... "
"လိုက်ချင်ရင် ပါးစပ်ပိတ်ပြီး တိတ်တိတ်လေး လိုက်ခဲ့ ငါနားငြီးတယ် "
ကျွန်တော့် ကို တစ်ချက်လေးတောင် မကြည့် ။ ကားစက်နှိုးပြီး ဝူးကနဲ မောင်းထွက်သွားသည် ။ ကားမောင်း ပုံက ကျွမ်းကျင်သည် ။ လက်တစ်ဖက် တည်းနှင့် အေးအေးလူလူ မောင်းနေပြီး မျက်လုံးတွေက စူးရဲသည် ။
YOU ARE READING
Heartless killer !
FantasyCover by _ nong_thelea ❤ ဆူးခက်နွယ် (Candy) မေရီ စစ်မင်းနိုင် ရှားမြတ်သွင်