22.

883 72 0
                                    

Ep _ 22

အင်္ကျီလဲပြီး စားလက်စ ဒူးရင်းမုန့်ကို ကိုင်ပြီး တိုက်ခန်းပေါ်က ဆင်းလာခဲ့သည် ။ အောက်ရောက်တော့ ကြက်သွေးရောင် ကားတစ်စီး ရပ်ထားပြီး စစ်မင်းက ကားကို မှီကာ ရပ်နေလေသည် ။

"နင် ဘာလို့ ဒီရောက်နေတာလဲ "

ပြန်မဖြေသေးဘဲ ဆူးခက် လက်ထဲမှ ဒူးရင်းမုန့်ကို ကြည့်ပြီး အံ့သြသွားသည် ။ ဝိုင် ပြောထားတာတော့ Candy က ဒူးရင်းသီး အရမ်း မုန်းသည် ဆိုလား ။
အင်းလေ အခု ဒူးရင်းမုန့် စားနေတာ ဆူးခက်ပဲ ။ Candy မှ မဟုတ်တာ ။

"ပိတ်ရက်လေ ကိုယ်တို့ date ရမှာပေါ့ "

စစ်မင်းက တီရှပ် ကြက်သွေးရောင်ကို ဘောင်းဘီ နက်ပြာရောင်နှင့် တွဲဝတ် ထားသော်လည်း ခန့်ညားခြင်းထက် ပိုပြီး ချစ်ဖို့ကောင်းနေသည် ။

ခေါင်းပေါ်က အဖြူရောင် အမွှေးများကတော့ အရင်အတိုင်း ဆက်လက် တည်ရှိနေသည် ။  အားကစား ဖိနပ် အနီရဲလေးကြောင့် ဖြူဥနေသည့် ခြေထောက်က ပိုပြီး ပေါ်လွင်နေသည် ။

"ကော်ဖီဆိုင် သွားမလို့ "

"အတော်ပဲ ကိုယ်လည်း  ဗိုက်ဆာနေ .. "

"နင် အပြင်မှာပဲ နေခဲ့ ! ငါ ပြသနာ သွားရှာမလို့ "

စစ်မင်းက မျက်မှောင့်ကြုံ့ပြီး ကြည့်ကာ ဘာမှ ဆက်မပြော ။ ဘေးနားက အဖြူလုံးကို ပွေ့ချီပြီး ကားထဲ ဝင်သွားလေသည် ။

"လိပ်စာပြော "

"ငါ ပြသနာ သွားရှာမှာကို စိတ်မဆိုးဘူးလား "

"မင်း ပျော်ရင် ပြီးတာပဲ ကိုယ်က မင်း ဆိုးလည်း ချစ်တယ် "

စစ်မင်း အဲ့လိုတွေ ပြောလိုက်တိုင်း လူက နေလို့ထိုင်လို့ မကောင်းချင်တော့ ။ ကြက်သီးပါထသည် ။

"ရင်ခုန်သွားလား "

"ရင်တုန်သွားတာပါ ငါ ရင်မခုန်တတ်ဘူး "

"ရင်တုန်သွားတယ် ဆိုရုံနဲ့တင် ကိုယ် ကျေနပ်တယ် "

"အရူးကောင် ! "

ငါ စိတ်ပျက်လိုက်တာ ။

>>>>>>>>>>>

Heartless killer !Wo Geschichten leben. Entdecke jetzt